Pages

Wednesday, September 30, 2009

“ ရောက်လာပြန်ပေါ့ နောက်တစ်ခါ ”
















ဒီမနက်
နှစ်ပေါင်းများစွာ အိမ်လာခဲ့သလိုပဲ
ကျွန်တော် နိုးလာ
ကားတစ်စီး လမ်းမထက်မှာ မောင်းလာပြန်ပြီ
ဒါချည်း ဒါချည်းပဲလို့တော့ မထင်ပါ။

မနက်ခင်းတွေမှာ နိုးလာရတာချည်းပဲ
ကားကလည်း နေ့တိုင်း မောင်းနေတာပဲ
ဒါပေမယ့် ... ဒါချည်း ဒါချည်းလည်း မဟုတ်ဘူး။

သီတင်းကျွတ်က နှစ်တိုင်းရောက်လာစမြဲ
မနှစ်က သီတင်းကျွတ်နဲ့ ဒီနှစ်သီတင်းကျွတ် မတူပြန်ပါ။

လူအိုတွေ အဖို့ထက်
လူပျို၊ အပျိုတွေ အဖို့သာ....

ဆန္ဒမွန်ဖြင့်
yu ya

23 comments:

ရန်ကုန်သား said...

မအိုသေးပါဘူးလေ ...... ဓါတ်ပုံ လေး က တော်တော်လှတယ် ... အနုပညာမျက်စိ ရှိရှိ နဲ့  ရိုက်ထားပုံပဲ .... ကိုယုယ သတိထား မျက်နှာ ကြက်မှာ မီးဆွဲရှိတယ် :D.... သီတင်းကျွတ်ပြန်ပြီ ပေါ့ဗျာ .....
ခင်တဲ့
ရန်ကုန်သား :)))

kiki said...

ဪ .... ဘာလိုလို နဲ့
သီတင်းကျွတ်ရဦးတော့မှာပါလား ....
လူပျို အပျိုတွေ အဖို့ ဆိုတာက
ဘာကို ဆိုလိုတာလည်းဟင်....
ဗျောက်အိုးဖေါက်ကြမလို့လား..

ကိုယုယ နဲ့ မဟေသီ တို့ရော ဘာအစီအစဉ်လေးများရှိပါသလည်း လို့လေ..း)
ဒါချည်း ဒါချည်းပဲလား ...

ဝက်ဝံလေး said...

အယ် ဘာကိုဆိုလိုလဲ ဘာလဲ များ တို့ကို မစွံသေးဘူးလို့ပြောတာလား ဟွင်းးးးး နာမယ် နော် ကြပ်ကြပ်သတိထား ဟွန်းးးးးးးး ပြန်မယ် ဒုန်းးးးးးးးးးဒုန်းးးးးးးးးးးးးး

ကိုလူထွေး said...

ဖွားကိကို အတူတူ သွားကန်တော့ကြမယ်ကွာ...

းဝ)

jr.lwinoo said...

အပျိုကြီးစိတ်ညစ်ပြီး ပြန်သွားတယ် ကိုယုယ။
ဟားဟား။း)

kohan said...

သတင်းဝါလကျွတ်တဲ့အခါ ( ဘာလုပ်ကြရင်ကောင်းမလဲ ) ပေါ့

ခရေညို said...

ကိုယုရ ရေ
သီတင်းကျွတ်ပြီ မီးပုံပျံလွတ်ကြရအောင်
ဆိုတဲ့ကလေးဘဝက ကဗျာလေးကိုသွားသတိရမိတယ်

မေလေး said...

သီတင်းကျွတ်ပေမဲ့
ဒီမှာတော့ မထူးခြားတဲ့ နေ့စဉ်ဘဝကိုဘဲ ဖြတ်နေရတာဘဲ
ကိုယုယရေ

Angel Shaper said...

ကဲ ကိုကြီးယုရေ.... ကိုလူထွေးပြောသလို အဘွားကိကို သွားကန်တော့ပြီး ငွေစက္ကူကြီးကြီး တစ်ရွက်စီတောင်းကြမယ်။ ဟဲဟဲ။။။
စကားမစပ် ဓာတ်ပုံလေးက အသက်ဝင်လိုက်တာ။ ကိုယုရိုက်ထားတာလား။

တလနွန် said...

မိုးလေကင်းလွတ်တော့မည်
မီးပုံးပျံ လွှတ်ကြရအောင်။

ငယ်ငယ်တုန်းကလို ရွတ်ဆိုချင်ပေမဲ့ :((((

ခင်မင်ခြင်းနှင့်
တလနွန်

မင်းနေဝေး said...

များနေပြီ သတင်းကျွတ်တာ :P

သုခုမလေဒီ said...

ဒါချည်းဒါချည်းပါပဲ ခုထိလည်း ဒါချည်းပါပဲး)) ဒီနှစ်သီတင်းကျွတ်လည်း ဒီတိုင်းပါပဲ (ကြွားတာ)း)
ဦးလူထွေးအစီအစဉ်ကောင်းတယ်။ ဖွားကိကိုဘာနဲ့  ကန်တော့မှာလဲ။
ယုယနဲ့ မဟေသီတို့ လည်း အဆင်ပြေပျော်ရွှင်ကြပါစေ။

မြစ်ကျိုးအင်း said...

အဲဒါကြောင့် အသက်မကြီးချင်တာ

အရွယ်ရောက်ပြီဆို ဒီလို လ နားနီးတိုင်း ဒါချည်းဒါချည်း ပဲ ကြားနေရတယ်။

လသာည said...

ဘာလဲ ဒါက။ ကိုယ်စွံပြီးသား ဖြစ်နေလို့ မစွံရသေးသူတွေကို သတိပေးနေတာလား။ :D

Anonymous said...

ကဗျာအဖွဲ့လေး ကြိုက်တယ်၊
ရောက်လာပြန်ပေမယ့် ဒါချည်း ဒါချည်းမဟုတ်တာ သေချာတယ်လေ၊
အချိန်က စကားပြောသွားတာကိုး။

စည်သူ said...

ဟုတ်ပါတယ်ဗျာ..

ကျွန်တော်တို့ကို ပြောတာလားဗျ..းP

သတိရတယ်ဗျာ.. လွမ်းသွားတယ်..
ရွာက လယ်တဲလေးကိုပါ..

အရင်က ဒီလိုချိန်ခါမျိုးမှာ ဘယ်မှမသွားပဲ အဖိုးအိုနဲ့ လယ်ထဲလိုက်သွားပြီး..

သစ်ပင်ပေါ်တက်မှာထိုင်ကာ တစ်ကိုယ်တည်း နေခဲ့တဲ့ အချိန်ကို အမှတ်ရသွားတယ်..

ပျော်ရွှင်တဲ့ သူတွေလည်း ပျော်လို့လေ..
ကိုက လယ်တဲဘေးက သစ်ပင်ပေါ်မှာပေါ့..

ခင်မင်စွာဖြင့်
စည်သူ။

လင်းဒီပ said...

:P...
ပစ္စည်းမဲ့ဒေါသ ပြင်းထန်လိုက်မှာနော်..
:)

rose of sharon said...

အော်...ဒီလိုလား.... လူပျိုအပျိုတွေ စွံကြပါစေ

ကာရံဆူး said...

ကိုယုယရေ.. သီတင်းကျွတ်တာကို မမေ့အောင် လှမ်းသတိပေးလိုက်သလိုပါပဲ.. ကာရံတို့ တော့ မုန့် ဖိုးတောင်းရမှာပဲ သိတယ်..ဟိဟိ.. နှစ်တိုင်း ဒါချည်းပဲ မပေးရအောင် ဒီနှစ်တော့ ငါးထောင်တန် တစ်အုပ်လောက်တော့ ရရင်ကောင်းမယ်... :P

မေ့သမီး said...

သီတင်းကျွတ်ပြီဆိုတာတောင် မေ့နေတယ်။ ဘယ်ရက်လဲဆိုတာတောင် မသိတော့ဘူး။

ဒီဇင်ဘာနှင်း said...

သီတင်းကျွတ်က နှစ်တိုင်းရောက်လာစမြဲ
မနှစ်က သီတင်းကျွတ်နဲ့ ဒီနှစ်သီတင်းကျွတ် အတူတူပါပဲ။

နှစ်တိုင်းနှစ်တိုင်းလဲ ဒါချည်းဒါချည်းပါပဲ
ဒီလိုပဲ တစ်ကိုယ်တည်း တစ်ကိုယ်တည်းပါပဲ

သီတင်းကျွတ်မှာ ကိုယုယတို့ ဇနီးမောင်နှံ ပျော်ရွှင်ချမ်းမြေ့ကြပါစေ

Shinlay said...

Happy thadingyut!
ဒီနေ့  အနားမှာ ဘယ်သူမှ မရှိတာနဲ့ အိမ်ဦးနတ် ကိုပဲ
ကန်တော့လိုက်တယ်။

Talkii said...

သားတို့က မီးထွန်းတဲ့ အရုပ်ကလေးတွေ၊ ဗျောက်တွေ၊ မီးပုံးပျံတွေပဲ သဘောကျတာ။ အဲရာတွေ သိဘူး။ :D