Jurong West Stadium မှာ ကိုမင်းအိမ်ဖြူနဲ့အတူ ရေသွားကူးရင်း ဒီနေ့ Chinese Garden မှာ လပွဲတော် အထိမ်းအမှတ်အနေဖြင့် မီးပုံးများ၊ မီးတိုင်များ လှပစွာ ထွန်းညှိထားတယ်လို့ ကိုမင်းအိမ်ဖြူက သတင်း ပေးလာပါတယ်။ ကျွန်တော်သူငယ်ချင်းက ကျွန်တော် လက်ဆော့တတ်တာကို လွန်စွာမှ နောကျေနေပါသဖြင့် သတင်းပေးလာခြင်း ဖြစ်ပါတယ် :P...။ ရေကူးပြီးအပြန် ည ၉ နာရီလောက်မှာ Stadium မှ နှစ်ယောက်သား စကားတပြောပြောနဲ့ ထွက်ခွာလာခဲ့ပါသည်။ ဒါနဲ့ ကျွန်တော်လည်း မဟေသီကို ဖုန်းဆက်ပြီး ဓာတ်ပုံ သွားရိုက်ရင်ကောင်းမယ်လို့ စကားလမ်းကြောင်းတယ်ဆိုရင်ပဲ သူက ကျွန်တော် Camera အိတ်နဲ့ Tripod အိတ်ကို ယူပြီး ထွက်လာခဲ့ပါတော့တယ်။ ကျွန်တော်လည်း မဟေသီကို Chinese Garden MRT ကနေစောင့်ပြီး မုန့်တွေဝယ်ထားပါတော့တယ်။ မဟေသီလာရင် မုန့်နဲ့ ဖားရအောင်လေ။ သူက အိတ်အလေးကြီးတွေ သယ်လာရတာကိုး။ ၉း၅၀ လောက်မှာ ရောက်လာပြီး အောက်ပါအတိုင်း လက်ဆော့ခြင်းကို ည ၁၂ နာရီ ထိုးခါနီးအထိ စဉ်ဆက်မပြတ် ကြိုးစားခဲ့ပါတော့သည်။ ကိုမင်းအိမ်ကတော့ ကျွန်တော်လက်ဆော့ခြင်းကို မစောင့်နိုင်တော့လို့ ၁၁း၀၀ လောက်မှာ ပြန်သွားပါတော့သည်။











အကြိုက်ဆုံးပုံလေးက CG-10 ပုံလေးပါ။ ဒီပုံလေးကို အောက်ပါအတိုင်း Setting ချိန်ပြီး လက်ဆော့ထားပါတယ်။
Camera : Nikon D90
Lens : AF-S DX NIKKOR 18-105mm f/3.5-5.6G ED VR
Exposure : 30 sec (30)
Aperture : f/13
ISO Speed: 320
Exposure Program: Manual
Flash : Flash did not fire
မှတ်ချက်။ ။ အပြန် ၁၂း၀၀ ထိုးခါနီးမှာ Chinese Garden MRT ဘက်က အပေါက်က ပိတ်သွားပြီမို့ Lake Side ဖက်က နေပြီး ပြန်ထွက်လာခဲ့ရပါတယ်။
ဆန္ဒမွန်ဖြင့်
yu ya
Camera : Nikon D90
Lens : AF-S DX NIKKOR 18-105mm f/3.5-5.6G ED VR
Exposure : 30 sec (30)
Aperture : f/13
ISO Speed: 320
Exposure Program: Manual
Flash : Flash did not fire
မှတ်ချက်။ ။ အပြန် ၁၂း၀၀ ထိုးခါနီးမှာ Chinese Garden MRT ဘက်က အပေါက်က ပိတ်သွားပြီမို့ Lake Side ဖက်က နေပြီး ပြန်ထွက်လာခဲ့ရပါတယ်။
ဆန္ဒမွန်ဖြင့်
yu ya
22 comments:
မဟေသီက ကိုယုယကိုသိပ်ချစ်တာပဲနော် ဘာလုပ်မယ်ပဲ ပါးစပ်ဟ လိုက်တာရှိသေးတယ် ကင်မရာ အိတ်ယူလာပေးတယ် ဟိဟိ ကောင်းပါတယ်နော် ကိုယုယကတော့ ကျွတ်စရာမလိုတော့ဘူးမလား သီတင်းပြောပါတယ် ဟိဟိ
လက်ဆော့ထားတဲ့ ဓာတ်ပုံလှလှလေးတွေ ကြည့်သွားတယ်သိလား ဘိုင် နော်တာ့တာ
ပုံလေးတွေကောင်းတယ်..
ကျွန်တော်တော့ ၄ ပုံမြောက်ကို
ကြိုက်တယ်..........
ပုံလေးတွေ လှလိုက်တာ။ ကိုယုယရဲ့ ချစ်ဇနီးလေးကလည်း သိပ်ချစ်ဖို့ကောင်းတာပဲ။ ကိုယ့်ခင်ပွန်းကို အလိုက်သိကူညီတတ်လိုက်တာ။
ချစ်သောဇနီးလေးနဲ့ သီတင်းကျွတ်မှာ ပျော်ရွှင်ပါစေရှုင်။
ပုံတွေ တော်တော် မိုက်တယ်နော်။
အဲ့ဒီကိုတော့ ရောက်ဖူးတယ်။
နေ့လည်ပိုင်း ပဲရောက်ဖူးပြီး ပွဲတော်တော့
တစ်ခါမှမရောက်ဖူးဘူး။
သယ်ရင်းရေ ဓါတ်ပုံတွေကိုတော့ သဘောကျသွားတယ်။
ခင်တဲ့ ရီနို
စိတ်တူကိုယ်တူ ပါရမီဖြည့်ဖက်လေးရတဲ့အတွက် ကိုယုယကြီး ကံကောင်းပါတယ်... မလွတ်စေနဲ့ နော်...ပုံလှလှလေးတွေ ကြည့်ရှု ခံစားသွားပါတယ်...
ပုံလေးတွေ အကုန်လုံး တော်တော်လေးကောင်းတယ်နော်။ ဒီလောင်လှတဲ့ စင်ကာပူကို ရောက်ဖူးချင်လိုက်တာ..
ဟယ်... ဘယ်ဆိုးလို့လဲ .. အရိုက်တော်သား...
ဖွားကိလည်း လက်ဆော့ မလို့  စိတ်ကူးနေတယ်။
ခါတိုင်းက ရိုးရိုး digital ပဲ သုံးတာ ..
ဒီလို lens အကြီးကြီးတွေနဲ့ဟာ စမ်းကြည့်ချင်နေတာလေ။
Nikon E5000 တလုံး ကြည့်ထားတယ် ။ ..ဒါပေမဲ့ မရိုက်တတ်ဖူး အဲ့ လိုကြီးတွေ ..
အကြံဥာဏ်ပေးပါဦး ...
ဖွားကိရေ.. မရိုက်တတ်လည်း ၀ါသနာပါရင် ၀ယ်သာဝယ်ထားလိုက်ဗျို့ ။ ၀ယ်ပြီးမှ လေ့လာလည်း ရပါတယ်။ Nikon D5000 ကိုလည်း ကြိုက်ပါတယ်။ သူက Display လေးက အရှင်လေးလေ။ လှည့်လို့ရတယ်။
နောက်ဆုံး ဘယ်လိုမှ မရိုက်တတ်လည်း ဖြစ်ပါတယ်။ ဘလော့ပေါ်တင်ပြီး လေလံပြန်တင်လိုက်ပေါ့..အဟီး။
yu ya
ဓါတ်ပုံတွေ သိပ်လှတာပဲလို့ မပြောတော့ဗျို့ 
ချစ်သောဇနီးမောင်နှံ ပျော်ရွှင်ပါစေဗျာ
ခင်တဲ့
ရန်ကုန်သား :))
မောင်တထမ်းမယ်တရွက်ပေါ့... ဟုတ်ဘူးလား..း)
မောင်တထမ်း မယ်တရွက်ပေါ့...
ဟုတ်ဘူးလား...းP
ကိုယုယ ကံကောင်းလိုက်တာ။
အပေးအယူမျှလို့။
နှစ်ယောက်လုံး ပျော်ရွှင်ဖွယ် သီတင်းကျွတ်ပါရှင့်။
း)
ဓာတ်ပုံတွေရိုက်ထားတာ သဘောကျတယ်ဗျာ.လက်ရာက အဆင့်ရှိတယ်။
ဓါတ်ပုံလေးတွေကလဲ အရမ်းလှဆို လူတွေကလဲ အရမ်းတော်တာဗျ ...
ဒီနှစ်တော့ အဲ့ဒီဘက်မရောက်လိုက်ဘူး ကိုယုယရေ..
အကို ရိုက်ခဲ့တဲ့ပုံတွေပဲ အ၀ကြည့်သွားတယ် တရုတ်ပြည်ကို ရောက်သွားသလို ခံစားရပါတယ်။ ဓါတ်ပုံရိုက်ချက်တွေကတော့ လေးစားစရာပဲနော်။
မဟေသီးနဲ့ ထာဝရ ပျော်ရွှင်နိုင်ပါစေ
ခင်လျက်
ဝိုင်း
အစ်ကိုရေ....
တစ်ကယ်တော်တယ် ... လက်ရာကတော့
Chinese Garden ရေကူးကန် နားမှာ ၁ နှစ်လောက်နေခဲ့ဘူးတယ်
ပြီးခဲ့တဲ့နှစ်ကတော့ မီးပုံးပွဲရောက်ဖြစ်တယ်
အပြင်မှာထက် အများကြီးလှအောင် ရိုက်နိုင်တယ်.... အဲလိုမှန်းသိရင် မမဆီက မုန့်တွေလုစားရအောင် လာခဲ့ပါတယ်းp
ညီမလေး နှင်း
ဒါ့ပုံ လှလှလေးတွေ လာကြည့်သွားပါတယ် မောင်ယုယရေ.း)
ပုံတွေက တော်တော်ကောင်းတယ်ဗျာ ... ရိုက်ချက်ကောင်း
သလို view လည်းတော်တော် လှတယ် ဗျာ ...
လပွဲတော်တဲ့လား။ မီးတွေထွန်းထားတာလှလိုက်တာ။
မျှဝေပေးတာကျေးဇူးတယ်ပါတယ်။
ရေကန်ထဲမှာ အရိပ်ထင်နေတာလေးတွေကို သဘောကျတယ်ဗျ။
ပုံလေးတွေကောင်းတယ်နော်... တော်လိုက်တာ
လှလိုက်တဲ့ ရိုက်ချက်တွေဗျာ......
မဟေသီလေးကလဲ အလိုက်သိ။
ကိုယုကြီးတို့ ကံကောင်းချက်ဗျာ....
Post a Comment