Pages

Thursday, December 24, 2009

“ခေါင်းကောင်းသူ”

လောကမှာ အချို့က ဥာဏ်နုံတယ်။ အချို့က ဥာဏ်ထက်တယ်။ ဒါဟာ ဘ၀ဘ၀က ပြုခဲ့တဲ့ ကောင်းမှုဝယ် “ဥာဏ်ပညာ” ပါခဲ့လို့ ဖြစ်မယ်။ အဲဒီလို လူကို မြန်မာလို “လူတော်” လို့ခေါ်တယ်။ ဒီစကားနဲ့ တွဲလျက် နောက်တစ်လုံး ရှိသေးတယ်... “လူကောင်း”တဲ့..။ လူဟာ “တော်” ရုံနဲ့ မပြီးသေး။ ကိုယ်ကျင့်သီလ “ကောင်း”ဖို့လည်း လိုသေးသဗျ...။


ကျွန်တော်တို့ “လူတော်” ဟုခေါ်သော စကားကို သူတို့က Egghead လို့ ခေါ်ကြတယ်ဗျ.။ ဘာကြောင့်များ “လူတော်” ကို အဲဒီလို ခေါ်သည်မသိ။ အနီးစပ်ဆုံး မြန်မာလိုပြန်သော် “ခေါင်းကောင်းသူ” လို့ ရနိုင်ပါတယ်။

Yu Ya is an egghead.
ယုယက လူတော်ဗျ.... (အဟဲ... ဥပမာကောင်းလေးပေးထားတာပါ)

ဝန်ခံချက်။ လေ့လာခဲ့တဲ့ စကားလုံးလေးကို မျှဝေပေးတာပါ။

ဆန္ဒမွန်ဖြင့်
yu ya

Tuesday, December 15, 2009

“အကြို ကျီစယ်ခြင်း”

လူဝတ်ကြောင်တို့ စောင့်ထိန်းရမယ့် ကံငါးမျိုး (လုပ်ရပ် ငါးမျိုး) ရှိပါတယ်။ အဲဒီထဲမှာ “ကာမေသု မိစ္ဆာစာရ” ဆိုတဲ့ ကံသည်လည်း တစ်ခု ပါဝင်ပါတယ်။ အဆင့်မြင့် လူ့အဖွဲ့အစည်း တစ်ခု အဖြစ် ရပ်တည်ဖို့ ဆိုလျှင် ဒီကံဟာ အရေးပါလှပါတယ်။ သူ့နှမ၊ ကိုယ့်နှမ၊ သူ့အစ်မ၊ ကိုယ့်အစ်မ စသည်ကို အပြန်အလှန် စောင့်ရှောက်ဖို့ လိုအပ်ပါတယ်။ ဒီလို စောင့်ရှောက်လိုစိတ်၊ မိမိ ဂုဏ်သိက္ခာ၊ မိမိ မျိုးရိုး ဂုဏ်သိက္ခာ အစရှိတာတွေကို ထိန်းလိုသောစိတ်သည် “ဟီရိ သြတ္တပ္ပ” ဆိုတဲ့ တရား နှစ်မျိုးမှ လာတာပါ။ ထိုတရားနှစ်မျိုးရှိသော် လောကသည် သာယာ၏။ မရှိသော် လောက ပျက်၏။ ထို့ကြောင့်ပင် ထိုတရား နှစ်မျိုးကို လောကို စောင့်သော တရား (လောကပါလ တရား) ဟု ခေါ်ပါသည်။


သူ့နှစ်မ၊ ကိုယ့်နှမ စသည် မစာနာဘဲ မတော်မတရား ပြုကျင့်ခြင်းသည် ထိုတရားနှစ်ပါး ဆိတ်သုဉ်းခြင်းပင်ဖြစ်သည်။ မကောင်းမှု ကျူးလွန်ရမှာကို မရှက်ခြင်း၊ မကြောက်ခြင်း ပင်ဖြစ်သည်။ ထိုသို့သော လုပ်ရပ်မျိုးကို Eve-teasing ဟု သူတို့က ခေါ်သည်။ “အကြို ကျီစယ်ခြင်း” ဟု တိုက်ရိုက် အဓိပ္ပါယ် ထွက်သည်။ စင်စစ် နိုင်ထက်ကလူ ပြုကျင့်ခြင်းပင်ဖြစ်သည်။

ဝန်ခံချက်။ လေ့လာခဲ့တဲ့ စကားလုံးလေးကို မျှဝေပေးတာပါ။ မည်သူတစ်ဦး တစ်ယောက်ကိုမှ ထိခိုက်နစ်နာ စေလိုခြင်း အလျဉ်းမရှိပါ။

ဆန္ဒမွန်ဖြင့်
yu ya