East Coast Park Beach ဟာဆိုရင် စင်ကာပူကျွန်းရဲ့ အရှေ့ တောင်ဘက်ပိုင်းမှာတည်ရှိပြီး အကြီးဆုံးနဲ့ လူကြိုက်အများဆုံး Park ဖြစ်ပါတယ်။ ဒီကနေ့ နေ့ခင်းဘက် 3:45pm မှာ ကျွန်တော်နဲ့ မဟေသီတို့ အိမ်ကနေစထွက်သွားလိုက်တာ ညနေ ၅ နာရီကျော်လောက်မှ East Coast Park Beach ကို ရောက်သွားခဲ့ပါတော့တယ်။ အခြားနေရာများက သိပ်မထူးခြားပေမယ့် Area F1 နားက Bedok Jetty ဆိပ်ခံတံတားလေးဟာ တစ်မူထူးခြားပြီး အင်မတန် နှစ်သက်တာကြောင့် ရောက်တိုင်း အမြဲလိုလို အပန်းဖြေသွားထိုင်ဖြစ်ပါတယ်။








Best Wishes,
yu ya
28 comments:
သြော် .. D90 .. D90 ..
ကျနော်လဲ face book မှာ ရိုက်ပြီး တင်ထားတဲ့ ပရိုဖိုင်က အနီးကပ်ဆွဲ ပုံတွေက D90 လေ .. ခိခိ ..
ခုတော့ EOS 500D ဗျိုးးး။ ရေလည်ကြိုက် .. ရုံးကပုံတွေက အဲ့ဒါနဲ့ ဆွဲထားတာလေ .. ဟဲဟဲ .. ကြိုက်ဆို ဈေးကလဲ သေးဘူးကိုးဗျ .. ယူအက်စ်ဒေါ်လာ ၃၈၀၀ တဲ့။ အိ .. =(
ပုံလေးတွေ လှတယ်ဗျ
တော်တော်ပျော်ခဲ့တယ်ပေါ့ ၊ ကျွန်တော်ကတော့ ဗိုက်ကားပြီး ပြန်လာတယ် ဟာဟ
မင်းအိမ်ဖြူ
ကိုယုယရေ အတော်ပျော်စရာ ကောင်းတဲ့ နေရာလေးတွေ ပေါ့နော် ... အလည်သွားချင်လိုက်တာ ဗျာ ဘာပဲဖြစ်ဖြစ် ဓါတ်ပုံလေးတွေပဲ ကြည့်ရင်း ဖြေသိမ့် လိုက်ပါတယ်ဗျာ ...
သာယာလိုက်တာနော်...
ပုံလေးတွေကြည့်ရတာသွားလည်ချင်စရာလေး...
သာယာလိုက်တာဗျာ။ ပျော်စရာကောင်းတယ်နော်။
ရောက်ဖူးချင်တယ်။
မဟေသီနဲ့ဆို ဘယ်နေရာ ရောက်ရောက်
လောကကြီးဟာ သာယာလှပပြီး
ပျော်စရာ ချည်းပဲပေါ့နော် ....
အားကျမိပါ့......း)
(စကားမစပ် .. ဓါတ်ပုံတွေပေါ်မှာ ကိုယ့်ဘလောဂ် စာတမ်းလေးထိုးတာ ဘယ်လိုလုပ်ရသလဲ သိချင်ပါတယ် )
photoshop မလုပ်တတ်လို့
east coast ကတော့ ဘယ်အချိန် ဘယ်နှစ်ခေါက်ပဲ သွားသွား မရိုးနိုင်တဲ့ စိတ်ပန်းဖြေ နေရာလေးတစ်ခုပါ
seen all your images, really nice and thanks for sharing.
View လေးတွေလှတယ်ဗျာ ဓာတ်ပုံလည်းအရိုက်
ကောင်းတာပါဘဲလားဗျ ... :)
သွားနေကျနေရာလေးတစ်ခုကို အလွမ်းပြေ လာကြည့်သွားပါတယ်
bedok jetty ကို မနက်လင်းအားကြီးရော နေ့လယ်ရော ညနေခင်းရော ညမိုးချုပ်ရော .. သွားဖူးတယ်၊
ဓါတ်ပုံတွေထဲမှာ eastcoast ကပိုလှနေတယ်။ ဓါတ်ပုံတွေ သိပ်ကောင်းတာပဲ။ စက်ဘီးရောမစီးခဲ့ဘူးလား၊ နှစ်ယောက်စီးလေးလေ။
East Cost park တခါတော့ ရောက်ဘူးးရဲ့ ရေနက်တယ် သောင်မရှိဘူးးး ပိုက်ဆံရှိတော့ ပြင်ထားတာတော့ တော်တော်ကောင်းတယ် ..
လာလည်ချင်စိတ်ပေါက်သွားတယ်။ မရောက်တာ ၈ နှစ်
လောက် ရှိပြီ။
အော် ကိုမင်းအိမ်ဖြူ အိမ်မှာ သွားမယ် လို့ပြောခဲ့တာလား ဟုတ်လား ဟင်းးးး တော်တော်ပျော်ခဲ့လား နာလိုဘူးနော် ဟွင်းးးးး
ဘိုင် တာ့တာ ပြန်ပြီ လိုက်ထော်နဲ့တော့ ဟိဟိ
အဲဒီကို ၃ခါလောက်ပဲ ရောက်ဖူးတယ်။
လူတွေများလို့ သိပ်မကြိုက်ပါ။
ကိုယုယ ဓါတ်ပုံလေးတွေ ခံစားသွားပါတယ်။
း)
ပျော်ရွှင်ပါစေ ကိုယုယရေ.. :))
မြန်မာတွေ ဘာကြောင့် အောက်ကျနေရလဲ (၁)
ဓါတ်ပုံလေးတွေ မိုက်တယ် အစ်ကိုရေ....
ဒါပေမယ့် မင်းသားနဲ့ မင်းသမီးပုံ ပါမလာလို့ မကျေနပ်ဘူးဗျို့...........းp
ညီမလေး နှင်းဟေမာ
ကိုယ်တိုကကတော့ ငေးပဲငေးနိုင်တယ်...
ရိုက်ခဲ့တဲ့ ဓာတ်ပုံလေးတွေလှတယ်ကွ...
းဝ)
ဒါ့ပုံလေးတွေလာခံစားသွားပါတယ်ရှင့်
ဟုတ်တယ် အကိုရေ...East Coast သွားရင်အ၇မ်းပျော်တယ်
လှတယ်ဗျို့  :)
လိုက်ချင်တယ် လိုက်ချင်တယ်း) လိုက်တော့ပါဘူး သူများက မဟေသီနဲ့ အေးဆေးသွားတာပဲး)
ပျော်ရွှင်ဖွယ် အားလပ်ရက်လေး ဖြစ်ခဲ့ပါစေအကိုရေ
လေးစားလျက်
တောင်ပေါ်သား
ကမ်းခြေလေးက တော်တော်ကို လှတာပဲ။ ပျော်စရာကောင်းတယ်နော်။
ကိုယုယတို့ လက်စွမ်းပြချက်ကတော့. :) လှတယ်။
သာယာတဲ့နေရာတွေတော့ သွားဘူးချင်တယ်ဗျာ ...
တို့လဲ အဲ့နေရာ သဘောကျတယ်း)
ပုံတွေကိုကြည့်ပြီး စင်္ကာပူကို လာချင်နေပြီနော် အခုတော့ ပိုက်ဆံစုလိုက်ဦးမယ်
Post a Comment