*Emotional Contagion (ခံစားချက်ကူးစက်မှု)
ဒုက္ခရောက်သူ ခံစားရသလို ဘေးလူက ကူးစက်ခံစားရပြီး သူငါ နယ်ခြားေ၀၀ါးသွားခြင်း။
*Primal Empathy (ဗီဇ စာနာမှု)
ဒုက္ခရောက်သူ ခံစားရသလို ဘေးလူက ရေးတေးတေးခံစားလိုက်ရပြီး သူငါနယ်ခြားေ၀၀ါးမသွားခြင်း။
*Cognitive Empathy (တွေးကြံစာနာမှု)
တွေးကြံပြီးမှ ကိုယ်နဲ့ အဝေးကြီးမှာလိုထားထားတဲ့ ဒုက္ခရောက်သူအပေါ် စာနာစိတ်ဖြစ်ပေါ်ခြင်း။
*Sympathy (သာမန်စာနာမှု)
ဒုက္ခရောက်သူရဲ့ စိတ်အခြေကို စာနာခံစားမှု လုံးဝမပါဘဲ အခြေအနေကို အသိအမှတ်ပြုရုံသက်သက်။
လူတစ်ယောက်ကို တကယ်ကူညီဖြစ်ဖို့ဆိုတာဟာ ထပ်တူထပ်မျှ ခံစားရတဲ့ ဒီဂရီအပေါ် အများကြီး မူတည်နေပါတယ်။ သာမန်စာနာမှု Sympathy အဆင့်လောက်ပဲဆိုရင်တော့ စိတ်ချင်းဝေးနေတဲ့ သူတစ်ယောက်ကို ကျွန်တော်တို့ အသိအမှတ်ပြုမယ်။ တကယ်ကူညီဖြစ်ဖို့ အခွင့်အလမ်းကတော့ နည်းပါးနေဦးမှာပဲ ဖြစ်ပါတယ်။
စိတ်ချင်းဝေးနေမှုဆိုတဲ့ Removed Relationship ဟာ ဗီဇပါ ကူညီလိုစိတ် Innate Impulse to Help ကို အင်အားချိနဲ့စေပါတယ်။ နာလန်မထူနိုင်တဲ့အထိလည်း အသေသတ်ပစ်နိုင်ပါတယ်။ သူမပါဘဲလဲ ထိရောက်တဲ့ တကယ့်စာနာမှုက မဖြစ်၊ သူမဖြစ်ရင်လဲ....။
လူမှုကိစ္စများမြောင်လွန်းတာကြောင့် တစ်ဦးနဲ့ တစ်ဦး လမ်းပေါ်မှာ လှစ်ခနဲ တွေ့လိုက်တာတောင် စကားတစ်လုံး မပြောဖြစ်လိုက်။ လူလူချင်း နီးလျက်နဲ့ဝေး။ ဒီလို လူမှုဝေးကွာမှု Social Distance တွေဟာ လူမှုဘ၀ မူမမှန်ခြင်း Anomaly ကို ပြနေပါသည်။
သို့သော်လည်း မူမမှန်မှုဆိုတာကြီးဟာ ကြာလာတော့လည်း မူမှန်မှုတစ်ခုလို ဖြစ်လာနေတာဟာ ကျွန်တော်ပဲ ဘလော့တွေ ရေးပြီး အူကြောင်ကြောင်ဖြစ်နေပြီလားလို့ တစ်ခါတစ်ခါ စဉ်းစားမိတိုင်း ... ဟူး.. ရေသောက်ဦးမှပဲ!!
ှဆန္ဒမွန်ဖြင့်
yu ya

19 comments:
ဟုတ်တယ်ဗျာ၊တစ်ခါတစ်လေ တစ်ခန်းတည်းနေနေရတာတောင် စကား သုံးခွန်းပြည့်အောင်ပြောချင်မှပြောဖြစ်တာ သီးသန့်နေချင်တဲ့စိတ်ကြီးဖြစ်ပေါ်လာတာ ပုံမှန်မဟုတ်တော့ဘူးလို့တော့ထင်တာဘဲ
အရေးသားတွေကတော့ ထပ်ပြီးပြောဖို့မလိုတော့ပါဘူး
အားပေးခင်မင်လျက်ပါဗျာ..
မမှန်တာတွေချည်းလုပ်နေကြတဲ့သူတွေ ချည်းရှိနေကြတဲ့အသိုင်းအဝန်းမှာ မှန်တာတွေလုပ်တဲ့တယောက်ကို ဟိုမမှန်တဲ့သူတွေက မမှန်ဘူးထင်ပြိး မမှန်တာကိုဘဲ ဆက်လုပ်နေကြတော့ မှန်တဲ့သူကလည်းသူမမှန်ဘုးလို့ ထင်ယောင်ထင်ဝါးဖြစ်သွားသလိုပေါ့နော် ။။
Empathy မရှိတဲ့အထဲ Sympathy ပါမရှိတော့ ဟိုလူကြီးက သူများမှန်တာတွေလည်းသူမသိ တဲ့အပြင် သူမမှန်တာတွေလည်းသူမသိ ။။ ဟိဟိ
ရူးချင်လာပြီ....
တံတားလေးလဲ နေရာပြောင်းသွားတာ ..ခုဘယ်နေရာမှာလဲ ...ပြောထားဦး။။
အရေးအကြောင်းဆို ပြေးမလို့။။
အရမ်းရှင်းတယ်ဗျာ လေ့လာလို့ တအားကောင်းဗျ ...
ခုတလော ကိုယုယ တင်တဲ့စာတွေက
တွေးစရာတွေ မှတ်စရာတွေချည်း
ကောင်းပါ့ဗျာ
တဖက်သားရင်ထဲက ခံစားချက်ကို
ကိုယ်တိုင်စာနာ နားလည်နိုင်တဲ့လူတွေ
ရှားနေပါသေးတယ်
ဟုတ်တယ် အကိုယုယရေ
တစ်နေ့နေလိုမှ စကားတစ်ခွန်းမှ မပြောဖြစ်ကြဘူး
အားလုံးက ကိုယ့်အလုပ် ကိုယ်လုပ်နေဖြစ်ကြတာလေ
မျက်နှာချင်းဆိုင်ဆို ပြောစရာ စကားမရှိဘဲ
ဖုန်းဆက်တာတို့ ဂျီတော့က ပြောတာတို့ကျတော့လဲ
ပြောချင်စရာ စကားလုံးတွေက များနေပြန်ရော :(
မူမမှန်တဲ့ လူမှုဘဝတွေလို့ ပြောတာ သိပ်မှန်တယ်
ဖတ်ပြီး တွေးသွားတယ် သိလား ကိကိ တယောက်လဲ မနိုင်တော့ဘူး ရူးတော့မယ် ဟိဟိ
ဆောင်းပါးလေးတွေ ကြိုက်တယ် ကိုယုယရေ..
အင်း စာကနည်းပေမယ့် အတွေးအခေါ်အများကြီးပဲဗျ သမီး၂ခေါက်ဖတ်လိုက်ရတယ် ပြန်တွေးနေရလို့။ ဟုတ်တယ်နော် အဲ့ဒါအမှန်ပဲဗျ သမီးကိုယ်တိုင်လည်း တခါတလေ လုပ်နေတာတွေ လုပ်နေကျအလုပ်ကို တောင်မှားနေလား မှန်နေလား ဝေမခွဲတတ်တော့သလို အဓိပါယ်မဲ့နေလားဆိုတာလည်း ဖြစ်မိတယ်။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး
ကေင်းလိုက်တဲ့ အတွေးလေး...
ဆက်ဖတ်ပြီး ဆက်တွေးလိုက်ဥိးမယ်နော် :))
လူက မျက်နှာလိုက်တယ် ကိုယုယရေ ရိုးစွပ် ရရင်တော့ အတ္တပဲပေါ့ ... ခေတ်က ပျက်လာ လေလေ ဗြဟ္မစိုရ်တရားတွေ ခေါင်းပါးလာလေ လေ ပေါ့ ..... မြတ်စွာဘုရားဟောကြားထားသလို ....... မိမိရင်၌ဖြစ်သော တစ်ဦးတည်းသော သားကို ချစ်သော မိခင်၏ မေတ္တာမျိုး နဲ့ သာ ဆို လောကကြီး က ပန်းချီကားတစ်ချပ်လို လှပသာ ယာနေမှာပါ .... ဒါပေမယ့် ခေါင်းပါးနေပြီဖြစ်တဲ့ ဒီတရားအစုတွေနဲ့ အ တူ အတ္တ မာနတွေ က တထောင်ထောင် တလွှားဖြစ်လာတော့တာပဲလေ .... စာနာ မှုဆိုတာလည်း တစ်ခါတစ်ရံ မိသားစုဝင်ချင်း သွေးအချင်းချင်းတွေမှာတောင် ပေါ့ပျက် ကွယ်ပျောက်လုလု ဖြစ်သွားတတ်ကြပါတယ် တစ်ပါးတော့ ဆိုဖွယ်မရှိတော့ပါဘူး .... စာနာ ထောင်ထားမှုအားလုံးရဲ့ အခြေခံဟာ မေတ္တာသာ ဖြစ်တယ်လို့ ထင်မိပါတယ်
ခင်မင်လေးစားလျှက်
အတွေးတွေ အတွက်ကျေးဇူး အစ်ကို :)))
အေးမြသာယာရှိပါစေ
မောသွားပြီမောင်လေး ဟုတ်တယ် ရေသောက်လိုက်ဦး..:P..။ ကိုယုကရေးတာစာတွေအားလုံးက တော်တော်လေး တွေးစရာလေးတွေပါပဲ။ မှတ်သားစရာတွေးချည်းပါပဲ။
တကယ်တော့ စိတ်ဆိုတာ လေ့လာရမကုန်နိုင်တဲ့ အရမ်းကိုကျယ်ဝန်းတဲ့ ဘာသာရပ်တစ်ခုပါ၊ သူတပါးနဲ့ မဟုတ်ပဲ ကိုယ်တစ်ဦးတည်းတောင် အခုတမျိုး တော်ကြာတမျိုးအမျိုးမျိုး ပြောင်းလဲနေတာလေ။ ကိုယ့်ကိုယ့်ကိုတောင် အမျိုးမျိုး ပြောင်းလဲနေတာဆိုတော့ သူများအပေါ်မှာဆိုရင်လည်း ပြောဖွယ်မရှိပေါ့နော...။
အားပေးလျက်..
မူမမှန်မှုကြီးတွေက မူမှန်မှုကြီးတစ်ခု ဖြစ်လာနိုင်ခြေရှိတယ်။
ရေသောက်ပြီး ထပ်စဉ်းစားလိုက်ပါဦး ဘကြီးယုရေ....
ဟိဟိ
တကယ် မှတ်စရာ၊ တွေးစရာတွေပါပဲ။
တစ်ယောက်သေသူအပေါ်မှာ sympathy ပဲရှိသေးလို့ ခံစားချက်က ထူးခြားမလာသေးတာလားလို့ စဉ်းစားမိသွားတယ် အစ်ကိုရေ။
တွေးချင်ရာစွတ်တွေးသွားပါတယ်။ ကိုယ့်အပြစ်ကိုယ်သာသိပါ။
အဟီးးးးးးးး
စာတွေလာဖတ်သွားတယ်...သိပ်တော့နားမလည်ဘူးအကိုယုယရေ..စဉ်းစားသွားတယ်
စာအရမ်းဖတ်ထားတဲ့ ဦးနှောက် ပိုင်ရှင်ရေ......
ဗဟု နဲ့ သုတတွေ အရမ်းများလှပါလား
မလေးစားပဲ မနေနိုင်ဘူး .... အစ်ကို ပြောတဲ့ လူမှုဘ၀ မူမမှန်ခြင်း အချက်တွေအားလုံးနဲ့ ငြိနေပြီ ဆရာရေ.... ဘယ်လိုလုပ်ရပါ့......။ဖြေရှင်းသင့်တဲ့ အနီးစပ်ဆုံးလမ်းညွှန်မှုမှာ ပေးသင့်ပြီ..........။
“လူမှုကိစ္စများမြောင်လွန်းတာကြောင့် တစ်ဦးနဲ့ တစ်ဦး လမ်းပေါ်မှာ လှစ်ခနဲ တွေ့လိုက်တာတောင် စကားတစ်လုံး မပြောဖြစ်လိုက်။ လူလူချင်း
နီးလျက်နဲ့ဝေး။ ဒီလို လူမှုဝေးကွာမှု Social Distance တွေဟာ လူမှုဘ၀ မူမမှန်ခြင်း Anomaly ကို ပြနေပါသည်။”
ဒီစာပိုဒ်လေးအရဆိုရင် .... အကြီးအကျယ် ရောဂါကျွမ်းနေပြီလို့ ကိုယ့်ကိုယ်ကို သိလိုက်တယ်....းP
...... ခင်မင်လေးစားလျှက်ပါ
ညီမလေး နှင်းဟေမာ
ကိုယုယရေ..ကာရံရောက်ပါတယ်..ကိုယုယပြောသလိုပဲ..တစ်ယောက်နဲ့ တစ်ယောက် နီးနေပေမဲ့ ဝေးကွာနေကြတယ်နော်... တင်ပြတာ တိုပေမဲ့ ထိမိလှပါတယ်...တကယ့်ကို အဲ့လိုဖြစ်နေပြီ...နေ၀င်မိုးသောက်ရင် စက်ရုပ်တစ်ရုပ်လို ဖြစ်နေကြပြီလေ...
အဲဒီစကားကို ကိုယ်တိုင်လဲကျင့်သုံးတယ်..
ကိုယ့်ဘေးနားမှာ .. အပိုပြောတဲ့ စိတ်မပါပဲ သနားလိုက်တာဆိုတဲ့ သူတွေကို သရော်တော်တော် ပြောတတ်တော့
လူနေမူဘဝမှာ အံမ၀င်ဂွင်မကျ ဖြစ်လာတယ်
စိတ်မပါရင် ပြုံးတောင်မပြတဲ့ ကျနော်ဟာ..
လူတိုင်းကို မခင်တတ်တာတော့ ...ကိုယ့်ကိုကိုယ်လဲ သိနေပါတယ်..
ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်မိတဲ့အရာတိုင်းအတွက် အမြဲကျေနပ်ပါတယ်
ကို ယုယရေ..
စာသားလေးတွေက တန်ဘိုးရှိတယ်..
မရောက်တာ နည်းနည်းကြာသွားတယ်..
တန်ဘိုးရှိတဲ့ စာသားလေးတွေကို မှတ်သားသွးပါမယ်ဗျာ..
ခင်မင်စွာဖြင့်
စည်သူ။
Post a Comment