Singapore နိုင်ငံရဲ့ NDP 2009 Preview Parade ကို ပါဝင်ဆင်နွှဲဖို့ ညနေ ၄နာရီလောက်မှစ၍ ကျွန်တော်တို့ အိမ်မှနေ၍ City Hall သို့ စတင်ထွက်ခွာလာခဲ့ပါသည်။ City Hall သို့ ညနေ ၅နာရီ သာသာလောက် ရောက်ရှိသွားခဲ့ပြီး Marina Bay ရဲ့ Floating Platform ပေါ်မှတဆင့် တံတားပေါ်ကို ၅ နာရီ ကျော်ကျော်လောက်တွင် ရောက်ရှိ နေရာယူခဲ့ကြပါသည်။

စင်မြင့်ထက်တွင်နေရာယူထားကြသော ပရိတ်သတ်ကြီး

ဝါသနာတူသူများ တံတားထက်၌ ဓာတ်ပုံရိုက်ယူနေရာယူထားပုံ

လေထီးခုန်ပြီး အခန်းအနားကို ဂုဏ်ပြုခြင်း။

လေကြောင်းမှလည်း တစ်ဖုံ။

ရေကြောင်းကလည်း တသွယ်။

နိုင်ငံတော်အလံကို လေကြောင်းမှ သယ်ဆောင်ဂုဏ်ပြုပုံ။

တိုက်လေယာဉ်များကလည်း ရင်တုန်မတတ်။

ရေကြောင်းမှလည်း အားကျမခံ အမြောက်ပစ်ဖောက်။

မီးပုံးလေများကလည်း တက်ရောက်ဂုဏ်ပြု။

မီးရှုးများဖြင့် ဂုဏ်ပြုပုံ။

Firework များဖြင့် ဂုဏ်ပြုခြင်း။

Firework များ

Firework များ။

နောက်ဆုံး Firework ဖြင့် ဂုဏ်ပြုပြီး အခမ်းအနား ပြီးဆုံးခြင်း။
နိုင်ငံတစ်နိုင်ငံဟာ သူ့နိုင်ငံကို ဘယ်လောက်တန်ဖိုးထားတယ်၊ ဘယ်လောက် ချစ်မြတ်နိုးတယ်ဆိုတာတွေကို ပါးစပ်က အရေမရ အဖတ်မရ စကားလုံးတွေနဲ့ မပြောပဲနဲ့ ပြောင်မြောက်တဲ့ စွမ်းဆောင်မှုတွေနဲ့ သရုပ်ဖော်သွားတာဟာ စကားလုံးတွေထက် ပို၍ ကျယ်လောင်စွာ မြည်ဟီးပြသွားတာပါပဲ။
ခဏတာကြည့်ရပေမယ့် စိတ်ထဲမှာ အင်မတန်မှ ခံစားရပါတယ်။ သူတို့နိုင်ငံသားတွေ သူတို့တိုင်းပြည်အပေါ် ဘယ်လိုချစ်မြတ်နိုးလဲ၊ ဘယ်လောက်တောင် တန်ဖိုးထားလဲဆိုတာကို ရပ်ကြည့်နေတဲ့ ကျွန်တော်တို့လို နိုင်ငံခြားသားတွေက မျက်ဝါးထင်ထင် တွေ့မြင်ရတော့ ရင်ဘတ်ထဲမှာ ဘယ်လိုခံစားချက်လည်းမသိဘူးဗျာ လှိုက်ခနဲ လှိုက်ခနဲ ဖြစ်သွားမိတယ်။ ကျွန်တော်သူငယ်ချင်းတစ်ယောက်ဆိုရင် မနှစ်က မျက်ရည်တွေဝဲပြီး အသံတောင် တိမ်သွားတယ်။ ဘယ်လို ခံစားချက်လည်းဆိုတာ ထုတ်ပြောပြလို့ မရလောက်အောင်ပါပဲ။ စကားလုံးတွေနဲ့ ပုံဖော်လို့ ရနိုင်မယ် မထင်ပါဘူး။ ကိုယ်တိုင် ခံစားကြည့်မှ သိနိုင်မှာပါဗျာ။
ဒါကြောင့် ကိုယ်တိုင် သွားမကြည့်ဖူးသေးတဲ့ သူငယ်ချင်းများကိုလည်း လာမယ့် August 09, 2009 မှာ ကျင်းပမယ့် Singapore National Day Parade 2009 ကို သွားကြည့်ကြပါလို့ တိုက်တွန်းချင်ပါတယ်ဗျာ။ ကိုယ်တိုင် သွားမကြည့်နိုင်ရင်တောင် TV ကနေပြီး လွှင့်တဲ့ အစီအစဉ်ကို ကြည့်စေချင်ပါတယ်။
ကျွန်တော်တို့ကော ဘယ်အချိန်လောက် ဒီလို ဂုဏ်ယူဖွယ်ရာကောင်းတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံသူ နိုင်ငံသား တွေအဖြစ်နဲ့ တစ်ခြားနိုင်ငံခြားသားတွေရဲ့ ရှေ့ မှာ ရဲရဲဝံ့ဝံ့ ထည်ထည်ဝါ၀ါ ရပ်တည်နိုင်ကြမလဲဗျာ။
ကျေးဇူးတင်စွာဖြင့်
yu ya

8 comments:
ကျွန်တော်တို့က ပိုပြီးတော့တောင် နိင်ငံကို ချစ်တဲ့ လူမျိုးတွေပါဗျာ...။မြန်မာလူမျိုးကန်တဲ့ ဘော်လုံးပွဲတွေ ဆိုရင် အမျိုးချစ်စိတ်နဲ့ ဘယ်လောက်ပဲ အခက်အခဲရှိရှိ ရောက်အောင်သွားကြတာပါပဲ..။ကိုယ့်နိင်ငံကိုလည်း မြင့်မြင်မြားမား ဖြစ်စေချင်လွန်းပါတယ်...။
ကိုယ်က မက်ဒေါ်နယ်က ဟမ်ဘာဂါတလုံး
KFC ကကြက်ကြော်တတုံးစားနေချိန်မှာ ပြည်တွင်းက လူတွေအားလုံးကိုလည်း စားစေချင်တာပါပဲဗျာ..။
ပြည်သူတွေအားလုံး သနားဖို့ကောင်းပါတယ်...။
ဓါတ်ပုံလေးတွေကြည့်ခွင့်ရတာ ကျေးဇူးဗျာ..။
အားကျမိပါရဲ့ဗျာ .... ငယ်ငယ်တုန်းက အချိန်တွေကိုသတိရမိတယ် .. လွတ်လပ်ရေးနေ့ကို ရောက်ချင်နေမိတယ် ..... အခုတော့ ရော
လွတ်လပ်ရေးနေ့မှာ လွတ်လပ်မှုပျောက်ဆုံးနေတယ်ဗျာ ...
ကိုမြစ်ကျိုးအင်းပြောသွားသလိုပါပဲ
ကိုယ်တိုင် လွတ်လပ်ခြင်းရဲ့ အရသာ တန်ဖိုးကို သိနေချိန်မှာ ကိုယ့်မောင်နှမ သားချင်းတွေရဲ့ ဒုက္ခ သုတ်ခတွေ သိနေကြားနေရတာ ကိုယ်တိုင် အပြစ်ရှိသလို ခံစားရပါတယ်
ဟိုးငယ်ငယ်တုန်းကတော့ ကြည့်ခဲ့ဖူးပါတယ်
ကျွန်တော်တို့ဆီက Fire Work ကိုပြောတာပါ ၊၊
နိုင်ငံရပ်ခြားတိုင်းတစ်ပါးမှာ လာရောက်လုပ်ကိုင်နေကြ ရပေမယ့် အားလုံးရဲ့ ရင်ထဲမှာ ချစ်တဲ့ အမိမွေး၇ပ်မြေ ကတော့ ထာဝစဉ် လှပသာယာလျက်ပါပဲ
အခွင့်အရေးရလာတဲ့တစ်နေ့မှာ ပြန်ဆုံခွင့်ရမယ့် မောင်နှမ သားအမိ မိသားစုတွေရဲ့ ချစ်ခြင်းတွေကို စိတ်ကူးပုံဖေါ် ရင်းပဲ မကြာတော့တဲ့ အနာဂတ်ကို မျှော်လင့် ကြတာပေါ့.............
ဓါတ်ပုံလေးတွေလာကြည့်ပြီး စိတ်ကြည်နူးမိပါတယ်
ကိုယုယရေ.. ပို့စ်ဖတ်ပြီး မြန်မာပြည်ကြီးကိုလွမ်းသွား
တယ်.း))
Nice shots!
ဝါးးးးးးးး ဓာတ်ပုံလေးတွေ လှတယ် ကြည့်သွားတယ် ဟိဟိ ဟိုးးးးးဘေးနားက မဟေသီနဲ့ကျွန်တော်မှာ ဟဟ ကိုယုယကြီးက တယ် အရပ်ရှည်သကိုးးး ဟိဟိ မဟေသီကသေးသေးလေးပဲ အယ် ကိုယုယနဲ့ယှဉ်ရင် သေးတယ်လို့ပြောတာပါ တမျိုးထင်နေဦးမယ် ဟိဟိ အားကျတယ် ကွယ်
ဘိုင်
ပါးစပ်နဲ့ ချစ်ပြနေလို့ အလကားပဲ။ တကယ် ချစ်ရင် တကယ်လုပ်ပြရတယ် ဆိုတာ လက်ခံပါတယ်။
သူတို့နိုင်ငံကို သူတို့ ဘယ်လို လုပ်ပြသွားသလဲ ဆိုတာ မျက်ဝါးထင်ထင် မြင်ရပါပြီလေ။ ကိုယ့်နိုင်ငံမှာတော့ သတင်းစာထဲမှာ အတော်ချစ်ကြတယ်။ ဒါကြောင့် အပြောလေးတွေ လျှော့ပြီး အလုပ်နဲ့ သက်သေ ပြသင့်ပါပြီ။
Post a Comment