Pages

Wednesday, August 5, 2009

The Present Status...

ကျွန်တော်ရဲ့ Blog ကို မ၀င်ဖြစ်တာ တစ်ရက်ကျော်သွားပြီ။ ဒီနေ့ ရုံးက ပြန်ရောက်လို့ ထမင်းစားပြီး Blog လေးထဲဝင်လိုက်ရော.. မမသီရိက Tag ထားပါတယ်ဆိုတာနဲ့ ..

တွေးနေမိတာက
TOEFL အကြောင်းပါ။ ကျောင်းတွေလျှောက်ပေမယ့် ကျွန်တော်အမှတ်က အခုကလေးတွေအမှတ်ကို ဘယ်လိုမှ ယှဉ်မရဘူးဖြစ်နေတယ်လို့ထင်ပါတယ်။ ပြီးခဲ့ပြီဖြစ်တဲ့ တက္ကသိုလ်အမှတ်ကို ဘာမှ ပြုပြင်ပြောင်းလဲလို့ မရနိုင်တော့ Other Qualification တစ်ခုခုများ ထပ်ထည့်ပေးရင် ကောင်းမယ်ထင်လို့ပါ။ ဒါပေမယ့် ဖြေခဲ့ပြီးဖြစ်တဲ့ ၂၀၀၅ခုနှစ်က အမှတ်ကို မှီအောင် ပြန်ဖြေနိုင်ပါ့မလား ဆိုတာကို စာကြည့်တိုင်း တွေးနေမိတာပါပဲ။

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
ကိုယ့်စိတ်က ဖြစ်ချင်တာတွေ သိပ်များနေပြီး Schedule အတိုင်းဝင်ဖို့ အတင်းရုန်းကန်နေမိတယ်။ လိုချင်တဲ့ ပန်းတိုင်ကို ဘယ်နေ့ရောက်မလဲ၊ ရောက်ပြီးတော့ ဘာတွေ ဆက်လုပ်ရမလဲ။ ပြီးတော့ကော... ။

ကျန်းမာရေး
နေ့တိုင်း ရေအများကြီးသောက်တယ်။ ရုံးက တရုတ်မတွေနဲ့ အပြိုင်သောက်တာ။ တနေ့ကို ၅ လီတာလောက် ကုန်မယ်ထင်တယ်။ ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ပဲ။

ဖတ်ဖြစ်တဲ့စာအုပ်တွေက
1. Mastering Digital Wedding Photography (James Karney)
2. Digital Photography Guide 2009 (Ferfer)
စာမကြည့်တဲ့အချိန်တိုင်း ဓာတ်ပုံပညာလေ့လာနေမိတဲ့ ၀ါသနာအရ ဒီစာအုပ်တွေ အမြဲဖတ်နေဖြစ်တယ်။ တစ်ခါတစ်လေ မနက် ၃နာရီထိုးတတ်တယ်။

ရောက်နေဖြစ်တာက
Esplanade ကို အပတ်တိုင်းနီးပါးလို ရောက်ဖြစ်နေတယ်။ ရောက်လို့ National Day Parade 2009 အတွက် လေ့ကျင့်နေတာတွေ တွေ့တိုင်းလည်း ခန္ဓာကိုယ်ထဲက သွေးတွေ ပွက်ပွက်ဆူရတယ်။ "Words can not say louder than actions" ဆိုတဲ့ ၀ါကျလေးကိုပဲ နှလုံးသွင်းမိတယ်။

ရေးဖြစ်နေတာက
TOEFL Writing Section အတွက် ESSAY တွေပါ။ ဒါကြောင့် Blog မရေးနိုင်တာတောင် ကြာပါပြီ။

နားထောင်ဖြစ်နေတာက
R Zarni ရဲ့ ကြွေပါစေ ဆိုတဲ့ သီချင်းလေးပါ။ ကျွန်တော် Music Player လေးရဲ့ ဒုတိယ အပုဒ်လေးပါ။ အင်မတန်ကောင်းလွန်းလို့ ခဏခဏ နားထောင်ဖြစ်နေတာပါ။

ရွတ်နေမိတဲ့ကဗျာက
ကဗျာဆိုရင် ဘာတစ်လုံးမှကို ခံစားလို့မရတာ ငယ်ငယ်လေးကတည်းကပါ။ ဒါကြောင့် ကဗျာမရွတ်ပါဘူး။ သီချင်းပဲ ဆိုပါတယ်။

ဖြစ်ချင်နေတာက
S$ 2.2 Million ကို ၁၀ ကြိမ်လောက်ပဲ ပေါက်ချင်နေပါတယ်။ ဒါတောင် သူများ အမြင်ကတ်မှာဆိုးလို့ လျော့ပြောထားတာ အဟီး...။

စားဖြစ်နေတတ်တာက
ကျွန်တော် မဟေသီ အရမ်းကြိုက်တဲ့ ကော်ရည်ခေါက်ဆွဲနဲ့ ကျွန်တော် အရမ်းကြိုက်တဲ့ အုန်းနို့ခေါက်ဆွဲ။

သနားနေမိတာက
Blogger တွေအားလုံးကိုပါပဲ။ (မရှိမဲ့ ရှိမဲ့ အချိန်လေးတွေကို ကွန်ပျူတာလေးတစ်လုံးရှေ့ ထိုင်ပြီး တစ်တောက်တောက်နဲ့ စာတွေ ရိုက်နေရလို့ပါ)

လွမ်းနေမိတာက
အတိတ်က သူငယ်ချင်းတွေနဲ့ အပူအပင်ကင်းကင်း ပျော်ပါးနေခဲ့မိချိန်များ။

မေ့လျော့ပစ်နေမိတာက
အမျိုးသားရေးစိတ်ဓာတ်။ စိတ်ထဲမှာ ရှိပါတယ်လို့ ဘယ်လိုပင် အသံကောင်းဟစ်နေဟစ်နေ ကိုယ့်ကိုယ်ကို ညာနေကြတယ်ဆိုတာ အသိသာကြီးပါ။ မိမိကိုယ်ကို အားမနာတမ်းပြောရရင် ရုံးသွားတိုင်း ယူနေကြ ရုံးအိတ်တစ်လုံးလောက်တောင် သတိမရမိပါဘူး။ အကြောင်းတိုက်ဆိုင်သွားမှ တစ်ချက်လောက် သတိရသွားလိုက်၊ အကြောင်းမတိုက်ဆိုင်လို့ကတော့ ဘယ်ချောင် သွားကပ်နေလဲမသိအောင်ကို မေ့လျော့နေတာပါ။ ဒါကြောင့် အမျိုးသားစိတ်ဓာတ်တွေ ဆူပွက်လာအောင် သူများနိုင်ငံတွေမှာ အမျိုးသားရေးစိတ်ဓာတ် အဓွန့်ရှည် တည်တံ့ ခိုင်မြဲအောင် ဘာတွေလုပ်နေကြသလဲဆိုတာ သွားရောက် စူးစမ်းမိရင် ကိုယ့်ကိုယ်ကို ပြန်သတိပေးနေမိတာပါ။ သူများတွေ လုပ်နေတာကို ကြည့်လိုက်တဲ့ တစ်ခဏတာဟာ ကိုယ့်အတွက် တစ်နှစ်လောက် လုံလောက်တဲ့ အမျိုးသားရေးစိတ်ဓာတ်တွေကို ဖြစ်ပေါ်စေရင် သိပ်ကောင်းမှာပဲလို့ လဲ တစ်ခါတစ်လေ ရူးရူးမိုက်မိုက် တွေးမိပါတယ်။

ခါးသက်နေမိတာက
ဖောက်ပြန်တတ်တဲ့ လူတွေရဲ့ အကျင့်ကိုပါ။ ကွယ်ရာမှာတစ်မျိုး၊ မကွယ်ရာမှာတစ်မျိုး၊ အဲဒီနှစ်မျိုးကို တစ်မျိုးထဲဖြစ်အောင် သရုပ်ဆောင်ထားတဲ့ လူတွေကိုပါ။

တမ်းတနေမိတာက
ငယ်ရွယ်နုပျိုမှု

ကြိတ်ပြီးချီးကျူးနေမိတာက
ကျွန်တော်ရဲ့ မဟေသီကိုပါ။ ကျွန်တော်ဘယ်သွားသွား မအားလပ်တဲ့ကြားက ကျွန်တော်ဓာတ်ပုံ ရိုက်ရာနောက် ပါရမီ ဖြည့်ဖက်ဆိုပြီး တကောက်ကောက် မငြီးမငြူ အဖေါ်လိုက်ပေးနေလို့ပါ။ ကြိတ်ပြီးချီးကျူး နေမိသလို အင်မတန်လည်း ၀မ်းသာမိပါတယ်။ ဘ၀လက်တွဲဖော်ဆိုတာ တစ်ယောက်ကို တစ်ယောက် နားလည်မှု ရှိရေးသည် နံပါတ် ၁ အရေးအကြီးဆုံးပါပဲ။ နားလည်မှု ရှိတဲ့နောက်မှာ အရာရာဟာ ပုံဖော်လို့ လွယ်ကူသွားပါတယ်။

ကြိတ်ပြီးအထင်သေးနေမိတာက
ရုံးက တရုတ်မတွေပါ။ Singlish အရမ်းနဲ့ ပြောကြလို့။

ဆန္ဒမရှိတဲ့နေရာ
ကမ္ဘာမြေပုံမှာ အဲဒီနေရာ ရှာမတွေ့ဘူးဖြစ်နေတယ်။

ဆန္ဒရှိနေတဲ့ကိစ္စ
Camera Lens နောက်တစ်လုံး ၀ယ်ချင်နေတယ်။ (မဟေသီက ဒီလ မ၀ယ်ရဘူးဆိုလို့ ငြိမ်နေရပါတယ်)

ချစ်နေတာက
ပြောပြဖို့ လိုနေသေးလို့လားကွယ်။

စိတ်ပျက်နေမိတာက
တွေဝေနေတတ်တဲ့ သူငယ်ချင်းများကို စိတ်ပျက်မိပါတယ်။ ချစ်သူနဲ့ လက်ထပ်ဖို့ တွေဝေတာ၊ ဘာအလုပ် လုပ်ရမှန်းမသိလို့ တွေဝေတာ၊ ဟိုဟာကောင်းနိုးနိုး ဒီဟာကောင်းနိုးနိုးနဲ့ ဘာလုပ်ရမှန်းမသိအောင် တွေဝေနေတာ၊ ဆုံးဖြတ်ချက်ချဖို့ တွေဝေတာ စသည်ဖြင့် တွေဝေနေတဲ့ သူငယ်ချင်းများစွာကို စိတ်ပျက်မိပါတယ်။ တွေဝေပြီဆိုတာနဲ့တပြိုင်နက် မပြတ်သားခြင်းဆိုတာက နောက်က လိုက်လာ တော့တာပါပဲ။ မပြတ်သားဖူးဆိုတဲ့နောက်တော့ အောင်မြင်မှုဆိုတာ လက်တစ်ကမ်းမှာ ရှိနေပါလျက်နဲ့ အမိအရ မဆွတ်ခူးနိုင်တာဟာ ဘာမှ မဆိုင်တဲ့ ကံကြမ္မာကို သွားသွားပြီး ခလုတ်တိုက်၊ ယိုးမယ်ဖွဲ့နေရုံနဲ့တော့ ဒီဘ၀ မှန်ကန်တဲ့ အဖြေထွက်လာမှာ မဟုတ်ပါဘူး။

စွဲလန်းနေမိတာက
Nikon Camera အကောင်းစားတွေပါ။ (D3, D3X)

လိုအပ်နေတာက
အချိန်။

တောင်းနေမိတဲ့ဆု
အော်..ခက်ပါပြီရော။ S$ 2.2 Million ၁၀ ကြိမ်လောက်ပေါက်ချင်ပါတယ်ဆိုနေမှ...။

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
Hello! Hello! Hello!

ပြောချင်နေတဲ့စကားတခွန်း
အမှန်တကယ်ချစ်တဲ့ ချစ်သူတိုင်း ပေါင်းကြရပါစေ။

ပါးချင်တဲ့ အမှာစကား
ယုံကြည်မှုကို တည်ဆောက်ကြပါ။
တစ်ဦးအပေါ် တစ်ဦး သစ္စာရှိကြပါ။ ပျော်ရွှင်မှုကို ရှာဖွေကြပါ။ ကျွန်တော်တို့ နှလုံးသားတွေအတွက် အမွန်မြတ်ဆုံး အားဆေးတွေကို တိုက်ကျွေးကြပါ။

ဝန်ခံချင်တာက
အခုရေးခဲ့တဲ့ Tag ပို့စ်ကို စိတ်ပါလက်ပါရေးခဲ့ပါတယ်။ မမသီရိ ကျေနပ်နိုင်ပါစေလို့....

ကျေးဇူးတင်စွာဖြင့်
yu ya



9 comments:

Anonymous said...

သနားနေမိတဲ့အထဲမှာ ဘလော့ ဖတ်တဲ့သူရော မပါဘူးလား..

mie nge

မမသီရိ said...

ရေးပေးတာ ကျေးဇူးပါ မောင်လေးရေ
ရိုးသား ပွင့်လင်းတဲ့ ခံစားချက်နဲ့ လတ်တလောလေးတွေ က
စိတ်ဝင်စားဖွယ်ရာပါပဲ

အစစအရာရာ အဆင်ပြေပါစေ

ခင်မင်စွာဖြင့်

ငှက်ကလေး said...

ဟီးးး ဖွားကိဆီမှာလဲ ဖတ်လိုက်ရတယ် ကောင်းပါတယ် ဖတ်ရတာလဲ လတ်တလော စိတ်ဝင်စားဖွယ်လေးပေါ့နော် ဟုတ်လား
အော် မဟေသီက တော်တော်ချစ်သား ကိုယုယကို အားကျတယ်ကွယ် ငှဲငှဲ

မင်းအိမ်ဖြူ said...

ဟုတ်တယ် သနားစရာပါ

ကိုယ့်ကိုကိုယ်လည်းသနားတယ်

မေ့ပစ်ဖို့ကြိုးစားနေပါတယ်

အခုတော့ အဖေါ်တစ်ယောက်လိုဖြစ်နေတယ်

မိတ်ဆွေကောင်းတစ်ယောက်လိုပဲ .....

ထင်တာပေါ့ဗျာ .....

မဆုမွန် said...

စွဲလမ်းမိနေတာချင်းလည်း တူတယ် ဟုတ်ပါ့ ကိုယ့်ကိုကိုယ်တောင် ပိုသနားသွားပြီ ကွန်ပျူတာကို ရိုက်လိုက်နှက်လိုက်နဲ့တစ်နေကုန် တစ်နေခမ်းပဲ
ပါရမီဖြည့်ဖက် မဟေသီ လေးကို ချီးကျူးတဲ့ ကိုယုယကို ပိုလေးစားသွားပြီ ပျော်ရွှင်ပါစေနော်

မယ်ကိုး said...

ကိုယုယရဲ့  အတွေးရှင်းရှင်းဖြောင့်ဖြောင့်လေးတွေကို သဘောကျလိုက်တာ။
မေ့လျော့ပစ်နေမိတာက
အမျိုးသားရေးစိတ်ဓာတ်နဲ့  ကြိတ်ပြီးချီးကျူးနေမိတာက
ကျွန်တော်ရဲ့ မဟေသီကိုပါ ဆိုတာအရမ်း သဘောကျပါတယ်။

သနားနေမိတာက
Blogger တွေအားလုံးကိုပါပဲဆိုတာလဲ ပြုံးပြံးရွှင်ရွှင် သဘောကျသွားပါတယ်။ အစစအရာရာ အဆင်ပြေ အောင်မြင်ပါစေရှင်...

Angel Shaper said...

ဘာပြောရမှန်းမသိဘူး။
ကိုယုယရဲ့ ရိုးသား ပွင့်လင်းတဲ့ ခုတလောလေး လာဖတ်တယ်နော်။
မဟေသီလေးကိုလဲ တကယ်ချီးကျူးပါတယ်။
ပျော်ရွှင်စရာကောင်းတဲ့ ဘ၀လေး အဓွန့်ရှည်ပါစေနော်။

မန်းသူလေး said...

ကိုဂျီးယုယရဲ့ ခုတလောလေးကို လာအားပေးသွားတယ်တောနော...
မမ မဟေသီကိုလည်းချီးကျူးပါတယ်...
ချစ်တဲ့မဟေသီနဲ့ ပျော်ရွှင်ချမ်းမြေ့ပါစေ...
ခင်မင်စွာဖြင့်
မန်းသူလေး

နေ့အိပ်မက် said...

ရွတ်နေမိတဲ့ကဗျာက
ကဗျာဆိုရင် ဘာတစ်လုံးမှကို ခံစားလို့မရတာ ငယ်ငယ်လေးကတည်းကပါ။ ဒါကြောင့် ကဗျာမရွတ်ပါဘူး။ သီချင်းပဲ ဆိုပါတယ်။


ပြီးတော့ တအားတန်ဖိုးရှိတဲ့ “ခွင့်သာခိုက်မှ မလိုက်ချင်လျှင်” ကိုဘာသာပြန်တယ်.. @_@ လိုက်မမီတော့ဘူး.... ခံစားလို့မရဘဲ ပြန်တာလား...