Pages

Sunday, August 23, 2009

ဥာဏ်စမ်းပဟေဠိ အဖြေညှိချင်လား


ငှက်ငယ်လေး နဲ့ ၀က်ဝံလေးရဲ့ စံမြန်းရာ
တို့ နှစ်ယောက် ပေါင်း Tag ထားတဲ့ ဥာဏ်စမ်းပဟေဠိ အဖြေညှိရအောင်တဲ့။

တော်သေးတာပေါ့ (၃) ခုစီပဲ မေးပေးရမှာမို့။ မဟုတ်ရင် ဆံပင်တွေ ဖြူသွားနိုင်တယ်..အဟီး။

ကဲပါလေ..အလှည့်ကျတော့ မနွဲ့စတမ်းလေး မေးလိုက်ရအောင်ဗျား....









ပုံမှာ ပြထားတဲ့ ? နေရာလေးမှာ မှန်ကန်တဲ့ နံပါတ်လေးတွေ ထည့်ပေးရမှာပါ။

ဖြေနိုင်အောင်လို့ အရိပ်အမြွက် (Hint) လေးတွေ ပေးထားပါမယ်။ ဒါဆိုရင် လွယ်သွားမယ်လို့ ထင်ပါတယ်။

(A). ထိပ်ကနေပြီး စစဉ်းစားပါ။ ၉ နဲ့ ၇၂ ဘယ်လို ဆက်စပ်နေလဲဆိုပြီး.. တဖြည်းဖြည်းနဲ့ အောက်ကိုဆင်းသွားရင်.. အဖြေထွက်ပါပြီ။

(B). ဒီမေးခွန်းကတော့ သိပ်လွယ်ပါတယ်။ ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ အပေါင်း နဲ့ အစား ၂ခုနိုင်ရင် ရပါပြီ။

(C). ဂဏန်း ၃လုံးလေးတွေကို ဂဏန်း ၂ လုံးဖြစ်အောင် ဘယ်လိုလုပ်မလဲ စဉ်းစားလိုက်ရင် ရပါပြီ။

အဖြေများကို အားလုံး ဖြေဆိုနိုင်ကြမယ်လို့ ထင်ပါတယ်။

ဒါကြောင့်မို့ ညီအစ်ကို မောင်နှမတွေ အားလုံးကို ချစ်ခင်ပါသော်လည်း ဘယ်သူကို ဆက် Tag ရမည်မသိ၍ .... ဆက်ပြီး မTag တော့ပါလို့ သတင်းကောင်း ပါးအပ်ပါတယ်ခင်ဗျား...။

ငှက်ငယ်လေး နဲ့ ၀က်ဝံလေးရဲ့ စံမြန်းရာ တို့ ကျေနပ်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

ကျေးဇူးတင်စွာဖြင့်
yu ya

13 comments:

ဝက်ဝံလေး said...

ံနံပါတ် လာယူပါတယ် နေဦး ခဏ စဉ်းစားလိုက်ဦးမယ် များက သင်္ချာ နဲနဲပိန်းတယ်

ဝက်ဝံလေး said...

မေးခွန်း ၁) ၄၆၀၈
မေးခွန်း ၂) ၄၉
မေးခွန်း ၃) ၁၂

မှန်ပါသလား မှန်ရင် မုန့်ဝယ်ကျွေး ဟဟဟဟ

ပုံ့မေ said...

ကိုဝက်ဝံလေး ဖြေသလိုပါပဲဗျို့ ...

kiki said...

A ရဲ့ အဖြေ = 7
B ရဲ့  အဖြေ = 49

C -- အဟက် မျက်စိ လည်သွားဘီ ကွယ် ။။
ရွဲ့ စောင်းနေလို့  ကြည့်တတ်ဖူး
ခန နေ ပြန်လာမယ် ။။

ဝက်ဝံလေး said...

ki ki မှားတယ် မေးခွန်း ၁ ရဲ့ အဖြေက သုည ဘာလို့လဲဆိုတော့ အ ဖြေက ၄၆၀၈ ဆိုတော့ သုည ပျောက်နေတယ် ဒါကြောင့် ကွိကွိ

kaungkinpyar said...

အိမ်ပြန်စဉ်းစားလိုက်ဦးမယ်၊ ပိန်းပါဒယ်

ငှက်ငယ်လေး said...

ဟဟဟ ဘယ်လိုလုပ်မတုန်း ၀က်ဝံမလေးရ နီကချည်းပဲအရင်ဖြေတော့....

မန့် မကြည့်ပဲတွက်ထားပါတယ်
အဖြေတူပေမဲ့ ၀က်ဝံက လက်ဦးသွားတယ်ဘယ်လိုလုပ်မတုန်း

Anonymous said...

ဝက်ဝံလေးအဖြေနဲ့တူတူပါဘဲ ဒါပေမယ့်ကျနော်ကပထမမေးခွန်းကိုဒီလိုစဉ်းစားလိုက်တယ်
အတန်းလိုက်အားလုံးပေါင်းလိုက်တယ်ဂဏန်းတစ်လုံးတည်းကျန်
တဲ့အထိ ၉ ရအောင်လို့ အဲဒီတော့အောက်ဆုံးအတန်းက ၉ရပြီးသားဆိုတော့ သုညထည့်လိုက်တယ် ကြက်ကန်းတိုးသွားတယ်..
ဥာဏ်စမ်းလေးတွေစိတ်ဝင်စားလို့ဖြေသွားပါတယ်

လသာည said...

မေးခွန်း၁) hint မကြည့်ခင်တုန်းက 7 ရတယ်။ ပတ်လည်ပေါင်းတွက်တာ။ နောက်မှ hintကို မြင်လို့ အဲဒီအတိုင်းတွက်ကြည့်တော့ '0'ရတယ်
မေးခွန်း၂) ၄၉
မေးခွန်း၃) ၁၂

နှင်းဟေမာ said...

လင့်လာချိတ်တာပါ နောက်မှ အေးအေးဆေးဆေးပြန်လာမယ်နော်

maylay said...

ဖြေပြိးသွားကြပြီ ဝက်ဝံလေးနဲ့ နေမင်းသံစဉ် ဖြေသလိုပဲ ထွက်တယ် တာ့တာနော် ဖြေတော့ဘူး

နွေဆူးလင်္ကာ said...

သင်္ချာတွက်တာ ပျင်းလို့ တွက်တော့ဘူးနော်။ 21 ထက်ပိုရင် ပေါင်းတတ်တော့ဘူး။ ပိုသွားရင်ကို စိတ်ညစ်သွားတာ အကျင့်ပါနေပြီ။

သားကြီး said...

ကျနော်လား?
ကျောင်းတက်တုန်းက သင်္ချာစာအုပ်ကို
“သင်ချာ”လို့နာမည်တပ်ခဲ့တဲ့ကောင်ပါ
ကျတိုင်းလည်း သင်္ချာပဲလေ ဟီးးး
အဲဒါကြောင့် စိတ်ချ...မဖြေရေးချ မဖြေပဲ ဟီးးး