Pages

Saturday, August 8, 2009

Sentosa


စင်ကာပူကို အလည်ရောက်ခါစ ၂၀၀၆ခုနှစ် ဒီဇင်ဘာ ၂၄ ရက် - ကျွန်တော် မဟေသီလောင်းက ကျွန်တော်ကို ပထမဦးဆုံး Esplanade ကို လိုက်ပို့ပေးပါတယ်။ Esplanade & City Hall လည်ပတ်လိုက်တာ ၂၄ ရက်နေ့ တစ်ရက် ဘယ်လို ကုန်သွားမှန်းတောင် မသိလိုက်ပါဘူး။ နောက်တစ်နေ့ ၂၀၀၆ခုနှစ် ဒီဇင်ဘာလ (၂၅) ရက် (ခရစ်စမတ်နေ့) မှာ Sentosa ကို လိုက်ပို့ပေးပါတယ်။ ဘယ်ကြော်ငြာမှာလည်းမသိပါဘူး Sentosa မှာ သွားရိုက်ထားတာ ကြည့်ရကတည်းက သွားချင်နေခဲ့တာ။ ဟိုလည်းရောက်ရော... များလိုက်တဲ့လူတွေ.. အလကားရလို့ လာလည်နေသလားထင်ရတယ်။ ကျွန်တော်နဲ့ မဟေသီလောင်းလဲ သွားချင်တဲ့ နေရာတွေ အတွက် လက်မှတ်တွေဝယ်ပြီး ဟိုဝင်ဒီထွက် သွားလိုက်တာ ညနေမှပဲ ပြန်လာခဲ့မိတော့တယ်။ ဒါက Sentosa ဆိုတဲ့နေရာကို ပထမဦးဆုံးအကြိမ်ရောက်သွားခဲ့တာ။ ဒုတိယအကြိမ်က သူငယ်ချင်းတစ်ယောက် အလုပ်ရတော့ လိုက်ပို့ပေးရင်းနဲ့ ၂၀၀၈ ခုနှစ် အောက်တိုလောက်က ရောက်သွားခဲ့တာ။ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ကြားမှာ ပြောင်းလဲမှုတွေ အတော်လေး များနေပြီ။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက် (စနေနေ့) မှာတော့ တတိယအကြိမ်မြောက်အနေနဲ့ Sentosa ကို ရောက်လာခဲ့ ပြန်ပါတယ်။ ဒီတစ်ခေါက်တော့ သေသေချာချာကို မှတ်တမ်းတွေ တင်လာခဲ့တာ ညနေ ၆ နာရီမှ ပြန်ထွက်ခဲ့ မိပါတော့တယ်။



(Blue, Red, Yellow) Line - Sentosa Shuttle Bus


MerLion နောက်ကျောဘက်ကို လာတဲ့ လမ်းက ရိုက်တာပါ။


MerLion နောက်ကျောဘက်ကို လာတဲ့ လမ်းလေးပါ။


MerLion


MerLion


Images of Singapore သွားရာလမ်းက ငှက်ရုပ်လေးတွေပါ။


Images of Singapore သွားရာလမ်းက ငှက်ရုပ်လေးတွေပါ။


Images of Singapore သွားရာလမ်းက ရှုခင်းလေးပါ။


Images of Singapore သွားရာလမ်းက Mer Lion ပုံပါ။


Images of Singapore ရှေ့ က Heritage Tree


Images of Singapore


Tiger Sky Tower (110M) က ပန်းပင်များ။


Close up ဆွဲထားတာပါ။


Tiger Sky Tower (110M) က ပန်းပင်များ။


Underwater World


Underwater World ရှေ့ မြွေကြီးပတ်ပြီး ဓာတ်ပုံရိုက်နေသူ။


Siloso Beach အ၀င်လမ်းပါ။


Siloso Beach


Beach Trams လေးစီးပြီး ခရီးဆက်။


Beach Trams မှတ်တိုင်ရှေ့ က ပန်းပင်လေးတွေပါ။





Palawan Beach သွားလာလမ်းကလေး။


Palawan Beach


Palawan Beach က အနုပညာ လက်ရာတစ်ခုပါ။


Palawan Beach မှာ ပျော်စရာ။


Palawan Beach မှာ ပျော်စရာ။


Palawan Beach မှ Southernmost Point of Continental Asia
သို့ ဆက်သွယ်ထားသော လူကူး ကြိုးတံတား။


Southernmost Point of Continental Asia ရှိ မျှော်စင်မှ
လက်ဆော့ထားသောပုံ။


Southernmost Point of Continental Asia မှ လက်ဆော့နေသူများ။


သူတို့ကိုကြည့်ပြီး (ဟို...)သွားသတိရတယ်။


Southernmost Point of Continental Asia မှ မြင်ကွင်းကျယ်

ကျေးဇူးတင်စွာဖြင့်
yu ya

14 comments:

မင်းအိမ်ဖြူ Minn Eain Phyu said...

Sentosa သွားခဲ့တယ်ပေါ့

ပျော်စရာကြီး...

Track ကားကြီးရော မရိုက်ခဲ့ဘူးလား

၆ နာရီပြန်လာတယ်ဆိုတော့ ရေပန်းတွေ နဲ့ အရုပ်တွေ လုပ်ပြတာ မကြည့်ခဲ့ဘူးပေါ့ P:

Yu Ya said...

ဟုတ်တယ်ကိုမင်းအိမ်ရေ. Songs of the sea က 7:40pm မှ စမှာဆိုတော့ မစောင့်ချင်တော့ဘူး။ ကျွန်တော်မဟေသီ မျက်နှာလေးလည်း နွမ်းနေပြီလေ။ ဒါကြောင့် ပြန်လစ်လာခဲ့တာ။ Songs of the sea ပဲသက်သက်ကြည့်ချင်ရင် ညနေခင်းမှ Sentosa ကို စသွားတာကောင်းတယ်။

Images of Singapore က Truck ကားကြီးက အရင်တစ်ခေါက်သွားတုန်းကတည်းက တက်စီးပြီး ရိုက်ထားတယ်ဗျ။ တစက်မှ ကြည့်လို့မကောင်းလို့ အခုတစ်ခေါက် လှည့်တောင်မကြည့်ဘူး...အဟီး။

Ree Noe Mann said...

သယ်ရင်းရေ

စင်ကာပူရောက်နေတာ တစ်နှစ်ကျော်နေပြီ
ခုထိမရောက်ဖူးသေးဘူးကွာ။

ပုံလေးတွေကြည့်ပြီ လာခံစားသွားတယ်။

သွားမယ်သွားမယ် နောက်တော့ပေါ့

ရီနို

ငှက်ကလေး said...

အင်းးးး ပျော်စရာကြီး ကိုယုယရေ လည်စရာတွေ အများကြီးလား ဟင် လာချင်တယ် လိုက်ပို့နော် ဟီးးး

မေ့သမီး said...

ှSentosa ကိုသေချာမရောက်ဖူးသေးဘူး။ ၂၂ရက်နေ့မှ ကျောင်းသားgathering သွားရင်းနဲ့သွားရမှာ။ ဓါတ်ပုံတွေရိုက်ထားတာလှလိုက်တာ။

သားကြီး said...

မရောက်ဖူးဘူးဗျ
ရိုက်ထားတဲ့ပုံလေးတွေပဲငေးသွားတယ်
ကွန်မန့်လေးအတွက်လည်းကျေးဇူးပါ
ပျော်ရွှင်ပါစေ

ဇော် said...

အားပါး
လှချက်ကယ်ဗျာ။ အားကျတယ်။ =)

WWKM said...

ပုံတွေကြည့်ရတာ ပျော်စရာကြီး..
စက်တင်ဘာ စလုံးလာပါမယ်.
သွားလည်စရာလေးတွေ ကြိုငမ်းခွင့်ရလို့ ကျေးဇူးပါယုယရေ.း)

မယ့်ကိုး said...

ကိုယုယရဲ့  ဓာတ်ပုံတွေက ရူထောင့်အမြင် ထူးခြားလှပနေတာ ခံစားရပါတယ်။

Angel Shaper said...

ကိုယုယရေ.... Sentosa ကိုလိုက်လည်ပါတယ်ဗျိုးးးးးးးးး
အသက်ဝင်အောင် ရိုက်ပေးတဲ့ အကို့ ကျေးဇူးပေါ့။ တကယ်ရောက်သလိုကို ခံစားရတယ်။
အားကျတယ်။ လာလည်မယ်နော်။
လိုက်ပို့ ပေးကြပါ။ ဒါပဲ။။။။
ပျော်ရွှင်ပါစေ။။။

မေလေး said...

ကိုယုယရေ
ပုံလေးတွေ မျှပေးတာ ကျေးဇူးနော်

yangonthar said...

လှတယ်ဗျို့  အလည်တစ်ခေါက်တော့ ရောက် ချင်ပါသေးရဲ့ ..... ကျေးဇူး ကိုယုယ

ကြည်ဖြူပိုင် said...

အိုးးးးးးးးးးးကောင်းလိုက်တာ..ဓာတ်ပုံတွေမှ စုံလို့ပဲ

ရွှန်းမီ said...

merlion ကို အမြီးပါတဲ့ ရှုထောင့်ကနေ မရိုက်ကြည့်ဖူးဘူး.. စိတ်ဝင်စားဖို့ကောင်းတယ် ပုံကိုကြည့်ရတာ =)