Pages

Sunday, August 23, 2009

“ကျွန်တော်နဲ့ မဟေသီ ပေါင်းစုံခြင်း”

အတိုပြောရရင် အဲဒီလိုနဲ့ပဲ ၂၀၀၃ ခုနှစ် အောက်တိုဘာမှာ ကျောင်းပြီးသွားလို့ ကိုယ့်နေရာကိုယ်စီ ပြန်သွားခဲ့ကြတယ်ပေါ့။

မဟေသီလည်း ပုသိမ်ပြန်၊ ကိုယ်လည်း တောင်ငူပြန်။ သိပ်မကြာပါဘူး အောင်စာရင်းတွေထွက်ပြီး ၂၀၀၃ ခုနှစ် ဒီဇင်ဘာမှာ ကျွန်တော်လည်း တစ်ခြားသင်တန်းတွေတက်ဖို့ ရန်ကုန်ကို ထွက်လာခဲ့တော့တယ်။ မဟေသီလည်း ရန်ကုန်နည်းပညာတက္ကသိုလ်က ပထမဦးဆုံးအကြိမ်ပြန်ခေါ်ခဲ့တဲ့ Master of Engineering တက်ဖို့ ရန်ကုန်ကို ရောက်လာခဲ့ပါတယ်။ (အိမ်ထောင် ကျပြီးပြန်ပြောပြမှ သိခဲ့ရတာပါ)။

ကျွန်တော်လည်း Computer Networking သင်တန်းတွေ၊ Web Developer သင်တန်းတွေ၊TOEFL ဖြေဖို့ USIS မှာ သင်တန်းတွေ တက်နေခဲ့တယ်။ မဟေသီလည်း M.E ဆက်တက်နေခဲ့တယ်လို့ အတူနေ သူငယ်ချင်း တစ်ယောက်ဆီကနေ သိခဲ့ရပါတယ်။ တစ်ခါတုန်းက MICT Park က သင်တန်းပြီးလို့အပြန် ရန်ကုန်နည်းပညာ တက္ကသိုလ် (ကြို့ ကုန်း) မှာ ဘွဲ့လက်မှတ်သွားအထုတ် မမျှော်လင့်ပဲ မဟေသီကို ကျောင်းမှာ တွေ့လိုက်ပါတယ်။ ဒါပေမယ့် နှလုံးသားကလွဲလို့ ဘာမှ အဆင်သင့်မဖြစ်သေးတဲ့ ကျွန်တော် ပြေးရှောင်ပုန်းနေလိုက်ရတာပေါ့။ နှလုံးသားတွေ မနာကျင်စေဖို့ အသိမဲ့တဲ့ နှလုံးသားရဲ့ ခြေလှမ်းကို တားရမယ်လေ။

ဒါနဲ့ပဲ ကျွန်တော်ရဲ့ မဟာရည်ရွယ်ချက်ဖြစ်တဲ့ America မှာ Scholarhip နဲ့ကျောင်းတက်နိုင်ရေးကို ရှေးရှု့ ပြီး TOEFL ကို အမှတ်ကောင်းကောင်းရဖို့ အသည်းအသန်ကြိုးစားခဲ့ပါတော့တယ်။ ၂၀၀၅ခုနှစ်မှာ TOEFL ကို Paper Based ဖြေဆိုခဲ့ပြီး (၆၂၃) မှတ်ရခဲ့တယ်။ (ကြုံကြွားလေးဗျ..အဟီး)။ Boston ကျောင်းမှာ Undergrad ကို Computer Science ဘာသာရပ်နဲ့ Full Scholarship ရခဲ့တယ်။ ကျွန်တော်ဘ၀အတွက် အပြောင်းအလဲ တစ်ခု ဖြစ်ချိန်တန်ပြီလို့ မှတ်ယူခဲ့ပြီး ပျော်ရွှင်နေခဲ့မိတယ်ဗျာ။ အဲဒီအချိန်မှာပဲ မမျှော်လင့်တဲ့ ကြမ္မာဆိုးက ကျွန်တော်ကို ကျောင်းသွားတက်ရမယ့် အခြေအနေကနေပြီး ဖယ်ရှားလိုက်ပါတယ်ဗျာ။ American Consul (ကိုရီးယားမကြီး) နဲ့ visa ရဖို့ USIS သင်တန်းက သူငယ်ချင်း (၄) ယောက် ၀င်တွေ့တဲ့အခါမှာ Reject ထိသွားခဲ့တယ်ဗျာ။ အမေရိကန်နဲ့ မြန်မာ နိုင်ငံရေးတွေ ရုပ်ထွေးနေချိန်ဆိုတော့ ဘယ်လောက်ပဲ ကျွန်တော်ဖက်က တောင်းဆိုတောင်းဆို.. အဲဒီကိုရီးယားမကြီးကျွန်တော်ကို နောက်ဆုံးပြောသွားခဲ့တဲ့ စကားလေးက - “စိတ်ဆန္ဒပြင်းပြစွာ ပညာသင်ကြားနေချင်တဲ့ လူငယ်တစ်ယောက်အနေနဲ့ နေရာဒေသဆိုတာ အရေးမကြီးပါဘူး၊ အဓိက က ပညာပါ၊

အခုဆိုရင် မြန်မာနိုင်ငံမှာ Library တွေ၊ Internet တွေ ပေါပေါသီသီ ရနေပြီလေတဲ့”။ International Student တွေအနေနဲ့ Consul Fee (USD 100) ပေးရပြီးတော့ စကားပြောဖို့ ၁၀ မိနစ်သာ ရတဲ့အချိန်အခါလေးမှာ ငယ်ရွယ်ပြီး အတွေ့အကြုံမရှိသေးတဲ့ ကျွန်တော်ဘက်က ဘယ်လိုမျိုး အစွမ်းထက်တဲ့ စကားလုံးတွေနဲ့ Debate လုပ်ရမလဲဗျာ။ စကားပြောရတာက မှန်ခန်းကြီးထဲမှာဗျ။ သူနဲ့ ကိုယ်နဲ့က မှန်ကြီးကာထားသေးတယ်။ သူ့အသံကို စပီကာကနေပြီးပဲ ကြားရတာ။ သူငယ်ချင်းတစ်ယောက်ဆိုရင် ဒေါသတွေထွက်ပြီး မှန်ကြီးကို ပြေးကန်ပစ်လိုက်တယ်။

ဒါနဲ့ပဲ ခေါင်းငိုက်စိုက်အိမ်ပြန်အလာ စောင့်နေတဲ့ သူငယ်ချင်းများက အဆင်ပြေခဲ့လားတဲ့။ ကျွန်တော်လည်း အဆင်မပြေခဲ့တဲ့အကြောင်း ပြောပြခဲ့ပြီး လူက ကြောင်တောင်တောင် ဖြစ်သွားခဲ့တယ်။ တစ်ရက်၊ နှစ်ရက်လောက် ဘာမှ မလုပ်ဖြစ်ခဲ့ဘူး။ အဲဒီမှာပဲ အိမ်ကို ဖုန်းဆက်ပြောတော့ ကျွန်တော် ပါပါးက အိမ်ကို ပြန်လာခဲ့ဖို့။ ရန်ကုန်မှာ ဆက်မနေတော့ဖို့ ပြောပါတယ်။ တစ်လတစ်လပေးရတဲ့ စားရိတ်က မသေးတဲ့အတွက် အိမ်ပြန်လာပြီး အိမ်အလုပ်ကို လုပ်ဖို့ပဲ တွင်တွင်ပြောနေခဲ့တော့တယ်။ ကျွန်တော်ကလည်း စိတ်ညစ်နေတဲ့အချိန်ဆိုတော့ အိမ်ကို မပြန်ချင်သေးဘူး။ ရှင်းရှင်းပြောရရင် သားအဖတွေ စကားများကြတာပေါဗျာ။ အဲဒါနဲ့ ပါပါးက မင်းဘ၀ မင်းဖာသာမင်း စီစဉ်တော့ဆိုပြီး ဖုန်းချသွားတယ်။

အဲဒီလိုနဲ့ ၂ လလောက် အချိန်တွေကုန်သွားတယ်။ စိတ်ဓာတ်တွေကျနေတဲ့ ကျွန်တော် သူငယ်ချင်းတွေက အားပေးခဲ့တယ်။ အဲဒီမှာပဲ အလုပ်စ၀င်လုပ်နေပြီဖြစ်တဲ့ အတူနေသူငယ်ချင်း (ကိုမင်းအိမ်ဖြူ) က ကျွန်တော်ကို အလုပ်လုပ်ဖို့ စတင်အားပေးတော့တာပါပဲ။ ကျွန်တော်အတွေးထဲကို အလုပ်လုပ်ရမယ်ဆိုတဲ့ အတွေး စတင်ဝင်ရောက်စေခဲ့သူပါ။ အလုပ်တွေလိုက်လျှောက်တော့လည်း ကျွန်တော်ကို အဖော်လိုက်ပေးခဲ့သူပါ။ အခုလို ကျွန်တော်ကို Blog ရေးဖြစ်နေစေခဲ့တဲ့ သူဆိုလည်း မမှားပါဘူး။ အစစ အရာရာအတွက် ကျေးဇူးပါ ကိုမင်းအိမ်ဖြူ။

လိုရင်းပြောရရင် Company တစ်ခုမှာ ကျွန်တော် Director တစ်ယောက်ရဲ့ P.A ဖြစ်သွားခဲ့တယ်ဆိုပါတော့။ Probation ၃ လ ကျော်လွန်လို့ လခလေးလဲ ကောင်းလာတယ်။ ဒီလိုနဲ့ ၂၀၀၅ခုနှစ် ဒီဇင်ဘာလ တနင်္ဂနွေနေ့တစ်ရက် မမျှော်လင့်ပဲ လမ်းမတော် ၉ လမ်းထိပ်မှာ ကျွန်တော် မဟေသီလေးနဲ့ ပက်ပင်းသွားတိုးတော့တာပါပဲ။ လူကသေးသေးလေး လက်ထဲမှာ ကိုင်ထားတဲ့ စာအုပ်တွေက တပုံတပင်နဲ့။ နှုတ်ဆက်ကြတာပေါ့နော်... Hello Dear! Long time no see!! အစရှိသည်ပေါ့ဗျာ။ ပြောရင်းနဲ့မှ ကျွန်တော်မဟေသီက NUS မှာ ကျောင်းသွားတက်ခွင့် ရထားတဲ့အကြောင်း၊ လာမယ့် ဒီဇင်ဘာ ၂၆ ရက်နေ့ စင်ကာပူ သွားတော့မှာ ဖြစ်ကြောင်းသိလိုက်ရပါတယ်။ လမ်းပေါ်မှာပဲ စကားတွေ ဖောင်ဖွဲ့ပြီး ၁ နာရီလောက်အကြာမှာ Adios!! ဆိုပြီး လမ်းခွဲလိုက်တယ်။ အတွေးပေါင်း မြောက်များစွာနဲ့ အိမ်ပြန်လာခဲ့တာပေါ့ဗျာ။

အဲဒီအချိန်မှာ ကျွန်တော်ဘက်က အများကြီး စဉ်းစားနေရင် တသက်လုံး နောင်တ ရနေရမယ့် အဖြစ်မျိုး ကျွန်တော် မလိုလားတော့ပြီလေ။ သန့်ရှင်းစင်ကြယ်တဲ့ အားကောင်းကောင်း အသည်းနှလုံးကလည်း အဆင်သင့်၊ အိမ်ထောင်တစ်ခုကို ထူထောင်နိုင်တဲ့ လခမျိုးလည်း ရရှိနေပြီးမှတော့ ကျွန်တော် ဘာလို့ မရဲဝံ့နိုင်ရတော့မှာလည်းဗျာ။ ကျွန်တော် ရဲဝံ့ဖို့ အချိန်တန်ပြီ။

ဒါကြောင့်နောက်တစ်ပတ် စနေနေ့ ညဖက်မှာ ဟိုတနေ့က ရလာတဲ့ ဖုန်းနံပါတ်လေးကို ဆက်ပြီး မဟေသီကို မနက်ဖန် Breakfast ကျွေးချင်တဲ့အကြောင်း ခွင့်တောင်းလိုက်ပါတော့တယ်။ မဟေသီကလည်း ကျွန်တော်ပန်ကြားချက်ကို ကြည်ကြည်ဖြူဖြူ လက်ခံပေးခဲ့ပါတယ်။ ဒါနဲ့ပဲ တနင်္ဂနွေနေ့ မနက် ရ နာရီ ခွဲလောက် မဟေသီနေတဲ့ လမ်းမတော် လှည်းတန်းလမ်းကို သွားခေါ်ခဲ့ပြီ Breakfast အတွက် Oriental House ဆီသို့ ရောက်လာခဲ့ပါတော့တယ်။ Breakfast စားအပြီး မနက် ၉း၃၀ လောက်မှာ ကျွန်တော်တို့ အင်းယျားကန်ဘောင်ပေါ်ကိုထွက်လာခဲ့ပါတော့တယ်။ မနက်ခင်းဆိုတော့ လူလည်းသိပ်မရှိဘူးပေါ့။ ရဲဝံဖို့ ကျွန်တော်အတွက် ကန်ဘောင်လေးက ပံ့ပိုးပေးနေသယောင်။

ကန်ဘောင်ပေါ်မှာ လမ်းအနည်းငယ်လျှောက်ပြီး ဟိုရောက်ရင် ကျန်းမာရေးဂရုစိုက်ဖို့၊ အိမ်ကို ဖုန်းအမြဲဆက်ဖို့ အစရှိတာတွေနဲ့ နိဒါန်းပျိုးခဲ့ပြီး လက်ဆောင်ပေးဖို့ ရည်ရွယ်ချက်နဲ့ ၀ယ်လာတဲ့ Boss ဘောပန်လေးရယ်၊ Chicken Soup စာအုပ်လေးတစ်အုပ်ရယ်၊ Fancy ကဒ်လေးတစ်ခုရယ်ပေးလိုက်ပြီးတော့ ကျွန်တော်ဘ၀မှာ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မပြောဘူးတဲ့ စကားလုံးလေးတွေ ခုန်ပေါက်ထွက်ပေါ်သွားပါတော့တယ်။ ကျွန်တော်သိလိုက်ပြီလေ.. ယောက်ျားတွေ လုပ်ဆောင်တတ်တဲ့ အရဲဝံ့ဆုံးသော အရာကို ကျွန်တော် ဂုဏ်ယူစွာ လုပ်ပြီးသွားပြီလို့။
(Dialogue တွေကတော့ ဆင်ဆာနဲ့ မလွတ်လို့ အဖြတ်ခံလိုက်ရပါတယ် ထဲ့ပေးချင်ပါသော်လည်း ဆင်ဆာလူကြီး မဟေသီက ခွင့်မပြု...အဟီး)။

မဟေသီက ကျွန်တော်ကို အချိန်တစ်ခု စောင့်ဖို့၊ သူမအနေနဲ့ ကျောင်းပြီးအောင် အရင်တက်ချင်ကြောင်း၊ ပြီးမှ ဒီကိစ္စကို စဉ်းစားနိုင်မည် ဖြစ်တဲ့အကြောင်း ..စတာတွေနဲ့ ကျွန်တော်ကို နားလည်ပေးပါရန် တောင်းဆိုလာပါတော့တယ်။ လိုရင်းပြောရရင် ရဲဝံ့ခြင်းရဲ့ အကောင်းဆုံး Certificate ကိုတော့ ကျွန်တော် မဟေသီ စင်ကာပူမှာ ကျောင်းတက်နေတုန်း ၂၀၀၆ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့မှာ ရရှိခဲ့တာပါ။ ကျွန်တော် ဘ၀လေးထဲက အခမ်းနားဆုံး နေ့လေးတစ်နေ့ပါ။ ဒါနဲ့ ကျွန်တော်လည်း Company က ဒါရိုက်တာကို ခွင့်တောင်းပြီး ၂၀၀၆ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့မှာ မဟေသီလောင်းလေးရှိရာ စင်ကာပူကို တစ်လ အလည်ရောက်လာခဲ့ပါတော့တယ်။

မှတ်မှတ်ရရ ကျွန်တော်ကို စိတ်ကောက်ဖူးခဲ့တာ ဒီဇင်ဘာလ (၃၁) ရက်နေ့ကြီးပါ။ နှစ်သစ်ကူးကို သူမနဲ့ အတူ Countdown လုပ်ဖို့ ညနေ ၆ နာရီချိန်းထားတာ ကျွန်တော်က သူငယ်ချင်းတွေနဲ့ အပြင်သွားနေတော့ အချိန်မှီ မရောက်နိုင်ဘူးဖြစ်သွားတယ်။ စိတ်ကောင်းပြီး ကျွန်တော်ကို လာမခေါ်တော့ဘူး။ လာမခေါ်တော့ ကျွန်တော်ကလည်း မသွားတတ်.အဟီး။ သူငယ်ချင်းတွေက ၀ိုင်းပြီး တစ်ခြားသူတွေဆီက လိပ်စာတွေတောင်း၊ Handphone ထဲမှာ လိပ်စာရိုက်ထဲ့ပေးပြီး Taxi သမားကို အဲဒီလိပ်စာအတိုင်း သွားခိုင်းလိုက်တယ်။ တော်သေးတယ်ဗျာ.. ရောက်သွားလို့။ အဲဒီနေ့ညက Countdown လုပ်ရတာ အရမ်းပျော်ဖို့ကောင်းတဲ့ နေ့လေးပေါ့ဗျာ။

ဒါနဲ့ပဲ စင်ကာပူမှာရှိတုန်း စေ့စပ်ပွဲရက်တွေ သတ်မှတ်၊ လက်ထပ်ပွဲရက်တွေ သတ်မှတ်ပြီး ရန်ကုန်ကို ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၁၇ ရက်နေ့မှာ ကျွန်တော် တစ်ယောက်ထဲ ပြန်လာခဲ့ရပါတော့တယ်။

ကြိုတင်သတ်မှတ်ထားတဲ့အတိုင်း
*၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလ (၁၄) ရက်နေ့ကို စေ့စပ်မင်္ဂလာပွဲ

*၂၀၀၇ ခုနှစ် မေလ (၁၆) ရက်နေ့ (ကျွန်တော် မဟေသီရဲ့ မွေးနေ့) မှာတော့ လက်ထပ်မင်္ဂလာပွဲလေး
ကို Sumit Parkview Hotel ၊ Yangon မှာ အောင်မြင်စွာ ကျင်းပပြီးစီး ခဲ့ပါတော့တယ်။



“ကျွန်တော်နဲ့ မဟေသီ ပေါင်းစုံခြင်း” ကို ခင်မင်ရီးနှီးစွာဖြင့် တောင်းဆိုထားကြပါသော ကျွန်တော် ညီအစ်ကို မောင်နှမများအားလုံး ကျေနပ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း...။

ကျေးဇူးတင်စွာဖြင့်
yu ya

53 comments:

သုဒြေ္န said...

မကြုံစဖူးထူးကဲသည်....တစ်တဲ့ ဗျား

Anonymous said...

မင်္ဂလာသက်တမ်း နှစ် ၁၀၀ တိုင် စေသော်ဝ်....

mie nge

မြစ်ကျိုးအင်း said...

ကျေနပ်ပါတယ်ဗျာ တကယ်ကို ပျော်ရွှင်ကြည်နူးဖွယ် ပေါင်းစည်းခန်းလေးပါပဲ။

ပျော်ရွှင်ဖွယ်လေး ဖတ်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်ဗျာ

ရာသက်ပန် အေးချမ်းစွာ အတူလက်တွဲ သွားနိင်ပါစေ။

သုဒြေ္န said...

နွေးထွေးသော ဘ၀လေးတခု ပိုင်ဆိုင်ထားတဲ့ ကိုယုယ စာအရေးသားကောင်းတယ် စဉ်းစားတွေးခေါ်မှုတွေပြောင်မြောက်တယ် စာဖတ်သူ ကိုဆွဲဆောင်မှုအပြည့် နဲ့  ရည်ရွယ်ရာကို ရောက်အောင်ခေါ်သွားနိုင်စွမ်းရှိတယ် အားပေးနေမြဲပါ ခင်တတ်တဲ့  ကိုသုဒြေ္န

မိုးအိမ့်ဖြူ ၁ said...

ကိုယုယ ကျေးဇူးပါဗျာ အခုလိုတောင်းဆိုမှုလေး အတွက် ရေးပေးထားတဲ့ အတွက် ကျေးဖူးတင်ပါတယ်..။ အခုလိုဖတ်ရတော့ တော်တော်လေး ကောင်းတယ်ဗျာ ပိတီ ဖြစ်မီတယ်ဗျာ..။ ချစ်တဲ့သူနဲက လက်ထပ်ရတဲ့ အတွက်လဲ ပြည့်စုံခဲ့ရတာပေါ့နော်...။ တကယ်ကို ပျော်ရွင်ကြည်နှုး ဖွယ်ရာပါပဲဗျာ...၊ အစစ အရာရာ အဆင်ပြေချောမွေ့နိုင်ပါစေလို့ ကျွန်တော် ဆုတောင်းပေးပါတယ်...။

rose of sharon said...

ချစ်တိုင်းမညားတတ်ကြပေမဲ့.... ညားသွားကြတဲ့စုံတွဲ စာရင်းမှာပါတယ်ပေါ့... ကြွားတယ်ပေါ့... ဟုတ်လား

မိုးအိမ့်ဖြူ said...

အကောင့် နှစ်ခုနဲ့ ရေးမီသွားတယ်ဗျာ....။ ပြောဖို့မေ့သွားလို့ပါ ....။ အတော်လိုက်ဖတ်တဲ့ စုံတွဲ ပါဗျာ....။ အားကျမီပါ၏....။

ကိုလူထွေး said...

ပျော်စရာကြီး...
ကွန်ဂရက်ကျူလေးရှင်း ကိုယုယ...
ဆင်ဆာဖြတ်တာ မဟေသီကိုယ်တိုင်ဆိုတော့ လွတ်စေသတည်း...

းဝ)

မယ့်ကိုး said...

ဖူးစာမှန်လို့ ပေါင်းဖက်ရတယ်။ ဖတ်ရတာ ကြည်နူးစရာကောင်းလိုက်တာ။

ဆောင်း said...

သက်ဆုံးတိုင် ပျော်ရွှင် သာယာတဲ့အိမ်ထောင်လေး ဖြစ်ပါစေ

ကြုံတုန်း ပြောရအုန်းမယ် အဲဒီ ကိုရီးယားမ က ကျွန်မကို လည်း ကျောင်းသားဗီဇာ ငြင်းခဲ့တာဘဲ။

ကောင်းကင်ပြာ said...

သက်ဆုံးတိုင် ပေါင်းရပါစေ ယုယ ရေ၊ ၂ပုဒ်လုံးပြီးမှ တခါထဲ ဖတ်သွားတယ်နော်

yangonthar said...

ချစ်တဲ့ သူတွေ ပေါင်းရင် အမြဲပျော်စရာကောင်း သဗျို့ ကိုယုယ အချစ်တွေ အဓွန့် ရှည်စေ ဗျား
အေးမြသာယာပါစေ
:D

chitpalone said...

လည်ရင်းပတ်ရင်းရောက်ရှိပါတယ်။ ပျော်ရွှင်စရာလေးနော် ဘာအခက်အခဲမှ သိပ်မရှိပဲ တက်ညိလက်ညီ ချစ်နေကြသလိုပဲ ဟိ။ ရာသက်ပန်ရိုးမြေကျ ပေါင်းရပါစေဗျာ။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

နှင်းနဲ့မာယာ said...

ကိုယုယရေ
တွေ့ဆုံခန်းလေးက စိတ်ဝင်စားစရာကောင်းသလို
ဇာတ်သိမ်းခန်းလေးကလဲ အရမ်းလှတယ်....
ချစ်တဲ့သူနဲ့ အဆင်ပြေပျော်ရွှင်ပါစေနော်...

နှင်း

ကာရံဆူး said...

ကိုယုယကြီးရေ...ချစ်ခရီးလမ်းလေး ချောမွေ့ နေတာ အရမ်းကံကောင်းတယ်နော်...အရမ်းလည်း အားကျတယ်...စေ့စပ်ပွဲနေ့ ရော မင်္ဂလာဆောင်တဲ့ နေ့ တွေကရော အရမ်း Romantic ဖြစ်တယ်နော်...မှတ်မှတ်ယယတွေချည်းပဲ...ကိုယုယနဲ့ မဟေသီတို့ ချစ်ခရီးလေး သာယာဖြောင့်ဖြူးပြီး နားလည်မှုတွေနဲ့ သက်ဆုံးတိုင် ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ သားသားမီးမီးများစွာနဲ့ အဓွန့် ရှည်ပါစေသော်.....

ပုံ့မေ said...

ကိုယုယ ကျေနပ်ပါတယ်ရှင့်။ ပျော်စရာကြီး..ကြည်နူးဖို့ ကောင်းပါတယ်။ :D

ခင်တဲ့
မေသူ

jr.lwinoo said...

ကိုယုယရေ..
ရက်ရွေးတတ်ပုံလေးများ..
အားကျသရှင်.. သို့ပေသည့် .. ဟီးဟီး..
Happy Endings လေးရှင့်..
အရမ်းကောင်းပါ၏။
း)))

ငှက်ငယ်လေး said...

အားကျစရာပါပဲ..
ထာဝရပျော်ရွှင်စွာပေါင်းဖက်နိုင်ပါစေနော်း)

လသာည said...

ပျော်စရာဇာတ်ပေါင်းခန်းလေး :D

ဝက်ဝံလေး said...

ကိုယုယရေ လာလာနောက်ကျ တာခွင့်လွှတ် ဖတ်သွားတယ်သိလား အဟီးးး ပျော်စရာကြီးနော် အော် ဒါနဲ့ ကိုယုယ က ဘယ်အလံ အောက်ထဲ ဝင် မှာတုံး ဟားဟားးးးးးးးးးးး စ သွားတယ်နော်

ကိုယုယရေ အဖြေတွေ မှန်ကြောင်းလာပြောတာ အဟက် တာ့တာ ဘိုင် နောက်ဆုံး အဖြေကိုလဲ ပြောထားတယ်နော်

Anonymous said...

ပျော်ရွှင်ပါစေ။

ကြည်ဖြူပိုင် said...

ဟိုင်း..ကိုယုယ..ပေါင်းစည်းခန်းလေးက ပျော်စရာလေးနော်.....
မျှော်ရကြိုးနပ်တယ်ပေါ့
ပျော်ရွှင်စရာအိမ်ထောင်ရေးလေးပေါ့
ကျောင်းတူ မေဂျာတူ မိတ်ဆွေသူငယ်ချင်းတွေ
ဆိုတော့
ပိုလို့တောင်တစ်ယောက်နဲ့တစ်ယောက်နားလည
်ကြဦးမယ်နော်။ စကားမစပ်
အနော်နဲ့မေဂျာတူတယ်နော်
electronics ဆိုတော့

lelewah said...

မင်္ဂလာသက်တမ်း နှစ်ပေါင်းရာကျော်ရှည်ပါစေနော် ။ ရေးထားတာလေးက မျက်စိထဲ ပြန်မြင်လာအောင်လေး ရေးတတ်တယ်။ တော်လိုက်တာ...ရာသက်ပန် ပျော်ရွှုင်ချမ်းမြေ့စွာ လက်တွဲသွားနိုင်ပါစေနော်

kyalkalay said...

မိုက်တယ်(လန်းတယ်)

အားကြတယ်

လေးစားပါတယ်

နောင်တော်ကြီးရေ

မင်းအိမ်ဖြူ Minn Eain Phyu said...

သူငယ်ချင်းရယ်
အလုပ်လိုက်ရှာတုန်းက ပါပေမယ့်

မင်း မင်္ဂလာဆောင်တော့ ၀ါးတီးလွတ်သွားတယ်
ဟာဟ
ခုထိ စိတ်ထဲမကောင်းဘူး မစားလိုက်ရလို့ ဟာဟ နောက်တာပါ

အော် အချိန်တွေတောင် ကြာခဲ့ပြီနော်..........

ညစဉ်သောက်ခဲ့ရတဲ့ ကျောက်မြောင်းက နွားနို့ တစ်ခွက်နဲ့ ဈေးပေါင်ကျိုး ပစ်ကပ်ကားလေး

နောက် ကန်စွန်းရွက်သုပ် ဆိုတာ မင်းတို့နဲ့မှ ပထမဆုံး စားဖူးပါတယ်

နောက် မင်းချက်တဲ့ ၀က် အချိုချက် ကိုလည်း တကယ် မမေ့ပါဘူး

ဒူးရင်းသီးတွေ့တိုင်း ၃ ယောက် နေခဲ့တဲ့ ကျောက်မြောင်း အခန်းလေးကို သတိယနေဆဲပါပဲ

ပျော်စရာလည်း ကောင်းခဲ့သလို တကယ်လည်း ငါတို့ ယောင်ဝါးဝါး နဲ့ ဘ၀တွေ က ခုချိန်မှာ လွမ်းစရာလည်း ကောင်းပါတယ်နော် ...........

ပျော်ရွှင်စရာ နွေးထွေးတဲ့ ဘ၀လေး တည်ဆောက်နိုင် ပါစေဗျာ

မင်းအိမ်ဖြူ

( သတိရပါ တယ် အဲဒီနေ့လေးတွေကို )

Mogok Thar said...

ကိုယုယရေ.. မဟေသီနဲ့ ပေါင်းဆုံခြင်းကို ဖတ်ပီး ပါးစပ်ကြီး ဟ သွားတယ်။
အားကျငေးမောသွားလို့ပါဗျာ။
:-)
ယုယနွေးထွေးသောဘ၀များ သာယာစည်ကား စိုပြေပါစေ။


ခင်မင်စွာဖြင့်

WWKM said...

မောင်ယုယ စာရေးအရမ်းကောင်းတာပဲ..
အသက်ထက်ဆုံးတိုင်အောင် နားလည်မှုတွေ၊ပေးဆပ်မှုတွေ၊ညှာတာမှုတွေနဲ့ ပြည့်စုံ
သော ပျော်ရွှင်ချမ်းမြေ့ဘွယ် အိမ်ထောင်လေးတစ်ခုအ
ဖြစ် အမြဲရပ်တည်နိုင်ပါစေကြောင်းနဲ့ သာယာပျော်ရွှင်
ဘွယ်ကောင်းတဲ့ မိသားစုဘ၀လေးကိုလည်း အမြန်ဆုံး
ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုတောင်းပေးသွားပါတယ်။

သားကြီး said...

မျှော်လင့်ထားပါလျှက် အမှတ်လည်းမှီပါလျှက်နဲ့ ကြမ္မာဆိုးဝင်သွားတဲ့ ကိုယုယရဲ့ပညာရေးအတွက် တကယ်စိတ်မကောင်းဖြစ်ရပါတယ်
အဆိုးထဲက အကောင်းကိုတွေးလိုက်မယ်
အဲဒါကတော့ ကိုယုယ ချစ်သောမဟေသီနဲ့
ဆုံစည်းခွင့်ရခဲ့ကြလို့ပါပဲ ။
ထာဝရပျော်ရွှင်နိုင်ကြပါစေဗျာ။

မငုံ said...

အမြဲပျော်ရွှင်ကြပါစေနော့။

အနော် said...

အကိုယုယရေ
မဟေသီလေးနဲ့ Happy Ending လေးကို နောက်ကျမှ လာဖတ်ရလို့ တောင်းပန်ပါတယ်နော်
အနော်လဲ ခေါင်းမထူနိုင်တာနဲ့ ဘယ်ကိုမှ မလည်နိုင်ဘူးဖြစ်နေလို့ပါ
အကိုရေ ချစ်ခြင်းနဲ့သာ ပေါင်းဖက်ပျော်ရွှင်ခဲ့တဲ့ အကိုတို့ ဇနီးမောင်နှံလေးကို ကြည့်ရတာ စိတ်ချမ်းသာလိုက်တာ
အတူလက်တွဲ ထာဝရမခွဲဘဲ သားသားမီးမီးလေးတွေနဲ့ အတူ ပျော်ရွှင်ပါစေနော် :P

မိုးကောင်းသူ said...

ချစ်မဟေသီနဲ့အသက်ထက်ဆုံး အိုအောင်မင်းအောင် ပေါင်းသင်းရပါစေ။

နှင်းဟေမာ said...

တောင်းဆိုတုန်းကတော့ ရှေ့ဆုံးက ..မသိလိုက်လို့
လာဖတ်တာ နောက်ကျသွားတယ် ကိုယုယရေ...။
ဒို့အစ်ကိုကြီးကတော့ ရေးထားလိုက်တာများ အားကျစရာတောင် ကောင်းလာတယ်....။းP
မဟေသီကလဲ ချစ်ချာလေးနော်....။
လေးစားခင်မင်မှုများဖြင့်
ညလေး နှင်း

အိအိချောကလျာ said...

အစ်ကိုကြီးရယ် ဓါတ်ပုံလေးက ကြည်နူးစရာလေးပဲနော်၊ အားကျလိုက်တာ၊ ညီမတို့မင်္ဂလာဆောင်တုန်းက အကြောင်းလေးကိုတွေးမိရင် ရင်မှာနင့်ဆို့နေမိတယ်။ အစ်ကိုတို့ အိမ်ထောင်ရေးသက်တမ်း နောင်နှစ်ပေါင်းများစွားပင် တည်တံ့ခိုင်ခံ့ပါစေနော်

နေ့အိပ်မက် said...

ပို့စ်လေးက ဖတ်ရတာချစ်စရာ... ဒါပေမဲ့.. တစ်ခုပဲ.. ပေါင်းစုံခြင်းက စလုံးနဲ့ ဟုတ်ဘူးရှင့် ဆလိမ်နဲ့ပါ.. အင်္ဂလိပ်စာတော်သလို မြန်မာစာလည်း မမှားရင် ပိုကောင်းတာပေါ့ ဟုတ်ဘူးလား... တကယ်လို့... တခြားအဓိပ္ပာယ်နဲ့စုံတာဆိုရင်တော့ နေ့အိပ်မက်အမှားပေါ့နော်..

Anonymous said...

russian dating service [url=http://loveepicentre.com/]single datings free subscription[/url] free animated dating ecards http://loveepicentre.com/ gray and farrar dating agency

Anonymous said...

cheap prescription contacts [url=http://usadrugstoretoday.com/products/arimidex.htm]arimidex[/url] what is the masseter muscle http://usadrugstoretoday.com/index.php?lng=es&cv=eu breast cancer treatments http://usadrugstoretoday.com/products/clonidine.htm
nonproliferative diabetic macular edema [url=http://usadrugstoretoday.com/products/prednisolone.htm]prednisolone[/url] gdls and medical plan comparisons [url=http://usadrugstoretoday.com/products/rumalaya.htm]rihno penis[/url]

Anonymous said...

blood bone cancer test [url=http://usadrugstoretoday.com/products/deltasone.htm]deltasone[/url] drugs and teenagers and violence http://usadrugstoretoday.com/products/fml-forte.htm watch just shoot me http://usadrugstoretoday.com/products/cleocin-gel.htm
cosmedic dentistry dental implants [url=http://usadrugstoretoday.com/products/terramycin.htm]terramycin[/url] diseases that cause blood vessels to constrict [url=http://usadrugstoretoday.com/products/cialis-soft-tabs.htm]alternative medicine oppositional defiant disorder[/url]

Anonymous said...

health insurance not required by federal or state law [url=http://usadrugstoretoday.com/products/hair-loss-cream.htm]hair loss cream[/url] handicapped medical equipment http://usadrugstoretoday.com/products/hydrea.htm nervous disorder http://usadrugstoretoday.com/products/karela.htm
prozac side effects of zoloft [url=http://usadrugstoretoday.com/products/zoloft.htm]zoloft[/url] long term care pharmacy companies denver [url=http://usadrugstoretoday.com/categories/erection-paquetes.htm]vintage tea leaf[/url]

Anonymous said...

http://alwayshealth.in/stop-smoking
[url=http://alwayshealth.in/heart-rates/vinigar-effects-heart]tramadol in a drug screen[/url] possible targets for hiv drugs [url=http://alwayshealth.in/stop-smoking/smoking-law-in-illinois]smoking law in illinois[/url]
what are lifestyle drugs http://alwayshealth.in/smoking/does-smoking-cigerettes-make-acid-reflux-worse
[url=http://alwayshealth.in/is-syndrome/schmitz-syndrome]pharmacy junior colleges[/url] iowa employer drug screen requirements [url=http://alwayshealth.in/olanzapine/olanzapine-in-urine-tests]olanzapine in urine tests[/url]
drug that causes unconsciousness http://alwayshealth.in/my-heart/blame-it-on-your-heart-lyrics
[url=http://alwayshealth.in/medical-dictionary/new-york-state-medical-restriction-drivers-license]pharmacy robberies in seattle[/url] lily lcos cialis online [url=http://alwayshealth.in/smoking/weed-smoking-tricks]weed smoking tricks[/url] site www coreynahman com diabetes drugs [url=http://alwayshealth.in/syndrome/equina-cauda-syndrome]equina cauda syndrome[/url]

Anonymous said...

bus travel from florida to ny http://atravel.in/plane-tickets_plane-tickets-to-germany travel agent atlanta ga
[url=http://atravel.in/flight_flight-19-navy-avenger-plane-found]marco polo and his travel[/url] mexico rv travel paul alton [url=http://atravel.in/hotel_shenzhen-panglin-hotel-china]shenzhen panglin hotel china[/url]
travel agency that books tockets to hawaii http://atravel.in/tours_thomasville-georgia-home-tours
[url=http://atravel.in/airline_all-in-one-airline-ticket-search]travel to the greek isles[/url] travel charger kit squidoo [url=http://atravel.in/hotel_shenzhen-panglin-hotel-china]shenzhen panglin hotel china[/url]
expedia travel packages vacations http://atravel.in/tourism_the-relationship-between-globalization-and-tourism travel jewerly cases [url=http://atravel.in/cruises_come-alive-cruises]come alive cruises[/url]

Anonymous said...

automobile spy photographs http://autoexpress.in/maserati/maserati/canada ronnie w humphrey racing
[url=http://autoexpress.in/maybach/mercedes/maybach/exelero]performance air cleaners automobile[/url] mercedes benz logo [url=http://autoexpress.in/radiator/atlanta/radiator]atlanta radiator[/url]
volkswagen diesels http://autoexpress.in/royce/john/lennons/rolls/royce
[url=http://autoexpress.in/opel/opel/belgie]mercedes benz rear end gear[/url] mercedes 300d review [url=http://autoexpress.in/buick/buick/mino]buick mino[/url]
nebo auto http://autoexpress.in/romeo
[url=http://autoexpress.in/panoz/panoz/automobiles]mercedes slk200[/url] heavy duty mercedes truck parts [url=http://autoexpress.in/porsche/forzw/2/porsche/wheelie]forzw 2 porsche wheelie[/url]

Anonymous said...

crank movie ringtone [url=http://full-length-movies.com/dvd-quality-movie-peter-pan--return-to-neverland-/2839database/]Peter Pan (Return To Neverland)[/url] movie of harypoter [url=http://worldmovs.co.cc/full_version-alien-versus-hunter/17639database/]Alien Versus Hunter[/url]
dannii minogue movie [url=http://full-length-movies.com/dvd-quality-movie-redline/23894database/]Redline[/url] flash movie [url=http://worldmovs.co.cc/full_version-luces-de-bohemia/12372database/]Luces de Bohemia[/url]
cocaine angel movie review [url=http://full-length-movies.com/dvd-quality-movie-the-kite-runner/9396database/]The Kite Runner[/url] free porn movie blogs [url=http://worldmovs.co.cc/full_version-house-of-flying-daggers/3408database/]House of Flying Daggers[/url]
playgirl movie reviews [url=http://worldmovs.co.cc/full_version-triloquist/5766database/]Triloquist[/url] magnolia blvd pt anderson intersection movie location [url=http://worldmovs.co.cc/full_version-conquest/1062database/]Conquest[/url]

Anonymous said...

maternity clothes http://www.thefashionhouse.us/delmaro-t-shirts-for-men-brand45.html mephisto shoes [url=http://www.thefashionhouse.us/dolce-amp-gabbana-fitted-pullover-for-men-navy--item2528.html]truth by calvin klein[/url] adidas superstar team shoes
http://www.thefashionhouse.us/xl-clubbing-size6.html wider indoor soccer shoes [url=http://www.thefashionhouse.us/white-red-leather-shoes-color132.html]chaco shoes resole[/url]

Anonymous said...

positive effects of smoke frre places [url=http://usadrugstoretoday.com/products/ditropan.htm]ditropan[/url] action for kids health http://usadrugstoretoday.com/products/ed-strips.htm
carbohydrate food exchange [url=http://usadrugstoretoday.com/categories/antibiotiques.htm]antibiotiques[/url] vericose vein treatment colorado [url=http://usadrugstoretoday.com/categories/antibiotics.htm ]comborbid anxiety [/url] alice tsao prostate
best orgasm tips [url=http://usadrugstoretoday.com/products/zithromax.htm]zithromax[/url] medical plans for clallam county http://usadrugstoretoday.com/catalogue/c.htm
muscle mass workout [url=http://usadrugstoretoday.com/products/cleocin-gel.htm]cleocin gel[/url] arkansas department of health division of engineering [url=http://usadrugstoretoday.com/products/mobic.htm ]rural medical conferences [/url] la weight loss reviews

Anonymous said...

happy feet penguin heart song list [url=http://usadrugstoretoday.com/products/motrin.htm]motrin[/url] heine medical http://usadrugstoretoday.com/products/diclofenac.htm
best exercise and diet program [url=http://usadrugstoretoday.com/products/nizoral.htm]nizoral[/url] the best weight loss tablet [url=http://usadrugstoretoday.com/products/myambutol.htm ]british championships bodybuilding 2007 tickets [/url] smoke salmon receipes
chemical induced stress test [url=http://usadrugstoretoday.com/categories/anti-diabetique.htm]anti diabetique[/url] joesph crawford drug smuggle http://usadrugstoretoday.com/categories/artritis.htm
nicotine replacement therapy and pregestational diabetes [url=http://usadrugstoretoday.com/categories/gesunde-knochen.htm]gesunde knochen[/url] united family health practice [url=http://usadrugstoretoday.com/products/viagra-soft-tabs.htm ]purple heart flowers [/url] dry eye syndrome treatment contact lenses

Anonymous said...

natural clothes http://luxefashion.us/women-s-tops-women-category19.html lauren london screensavers [url=http://luxefashion.us/new-shoes-type6.html]best interior designer[/url] coco chanel quotes
http://luxefashion.us/of-white-black-pullover-color161.html custom basketball shoes [url=http://luxefashion.us/roccobarocco-brand114.html]gucci topic sentences[/url]

Anonymous said...

how to check your blood sugar level [url=http://usadrugstoretoday.com/products/tricor.htm]tricor[/url] smoking high school girls http://usadrugstoretoday.com/products/trazodone.htm
natural immune boost adult formula [url=http://usadrugstoretoday.com/products/acomplia.htm]acomplia[/url] ohio medical license [url=http://usadrugstoretoday.com/products/pletal.htm ]hand washing and bacteria [/url] breast cancer sun catcher
skeletal trunk muscle pain [url=http://usadrugstoretoday.com/products/indinavir.htm]indinavir[/url] drugs big boobs sex pot cocaine http://usadrugstoretoday.com/products/aristocort.htm
insomnia not women sleeping disorders [url=http://usadrugstoretoday.com/categories/arthrite.htm]arthrite[/url] texas medical center houston texas [url=http://usadrugstoretoday.com/categories/schlafen-hilfe.htm ]tragic accidents involving drugs or alcohol [/url] iowa department of health

Anonymous said...

reiker shoes http://www.thefashionhouse.us/dzll-on-sale-brand76.html timothy hitsman shoes [url=http://www.thefashionhouse.us/black-pullover-color2.html]naked girls taking off each others clothes[/url] fashion seal blueberry pants
http://www.thefashionhouse.us/cream-armani-color68.html clothes worn in spain [url=http://www.thefashionhouse.us/white-jackets-amp-sweatshirts-color4.html]fashion jewelry china[/url]

Anonymous said...

yellowstone tour and travel http://xwl.in/expedia/expedia-discount-coupon-expedia-discount-coupon bangkok travel hotels last minute deals
[url=http://xwl.in/motel/what-is-a-sop-motel]us government travel[/url] vacations and travel [url=http://xwl.in/expedia/catalonia-playa-maroma-expedia]catalonia playa maroma expedia[/url]
travel rural france http://xwl.in/tours/chiang-mia-tours
[url=http://xwl.in/cruise/cruise-discounts-norwegian-star]deaf travel[/url] mr mrs smith travel [url=http://xwl.in/airport/susann-ray-l-a-international-airport]susann ray l a international airport[/url]
kenya travel warnings http://xwl.in/plane-tickets/free-plane-tickets-and-hotel-rooms-for-listening sword travel bags [url=http://xwl.in/maps/theme-park-maps]theme park maps[/url]

Anonymous said...

vip discount auto center milford nh http://xwm.in/geo/new-top-geo-tracker automobile junk yards
[url=http://xwm.in/geo/geo-prisom]mercedes reliability diesel manual[/url] lorton auto parts [url=http://xwm.in/radiator/vtx-1800-r-radiator-cover]vtx 1800 r radiator cover[/url]
volkswagen jetta owners manual 2006 http://xwm.in/auto/personal-lines-of-credit-interest-rates-versus-auto-loan-rates
[url=http://xwm.in/geo/superbaseball-2020-neo-geo-codes]most fuel effecent automobile[/url] kim crosby racing [url=http://xwm.in/buick/buick-340-performance-parts]buick 340 performance parts[/url]
identifing the different shapes in the world of the automobile http://xwm.in/rally/bear-market-rally
[url=http://xwm.in/daihatsu/daihatsu-delta-specs]priority auto[/url] replacement automobile exhaust components [url=http://xwm.in/dodge/silverstar-headlight-install-for-dodge-dakota]silverstar headlight install for dodge dakota[/url]

Anonymous said...

double ended dildo movie [url=http://moviestrawberry.com/films/film_danika/]danika[/url] the list movie trailer http://moviestrawberry.com/films/film_the_cheetah_girls_2/ music from idle wild the movie
elizabethtown movie cast [url=http://moviestrawberry.com/films/film_the_night_listener/]the night listener[/url] adult porn movie clips http://moviestrawberry.com/films/film_trapped/ elizabeth the movie pictures
movie of blowjob [url=http://moviestrawberry.com/films/film_a_sound_of_thunder/]a sound of thunder[/url] pornstar movie archives
movie south pacific [url=http://moviestrawberry.com/films/film_barney_animal_abc_s/]barney animal abc s[/url] santiage fire movie http://moviestrawberry.com/countries/?page=136 naked housewives movie
shelly fabares clam bake movie elvis [url=http://moviestrawberry.com/films/film_loose_change_9_11_an_american_coup/]loose change 9 11 an american coup[/url] how to turn flv to windows movie maker http://moviestrawberry.com/films/film_hercules_the_legendary_journeys/ movie nell was based on

Anonymous said...

was offended by the movie [url=http://moviestrawberry.com/films/film_bean/]bean[/url] red line the movie http://moviestrawberry.com/films/film_all_the_days_before_tomorrow/ dune movie story
henry fool movie [url=http://moviestrawberry.com/films/film_tru_calling/]tru calling[/url] xxx movie forum http://moviestrawberry.com/countries/?page=39 hitch movie review
architecture movie [url=http://moviestrawberry.com/films/film_wonder_woman/]wonder woman[/url] movie kingdom
scary movie 2 characters [url=http://moviestrawberry.com/films/film_i_am_sam/]i am sam[/url] movie hotel man http://moviestrawberry.com/films/film_farmyard_symphony/ tv special on the movie deep throat
new movie with jodie foster [url=http://moviestrawberry.com/films/film_a_hard_day_s_night/]a hard day s night[/url] inspiring movie field sports http://moviestrawberry.com/films/film_look_who_s_talking_now/ john williams movie score

Anonymous said...

valis23 video movie [url=http://moviestrawberry.com/films/film_the_postman_always_rings_twice/]the postman always rings twice[/url] old school movie video clips http://moviestrawberry.com/films/film_the_combination/ latets movie trailers
independence day movie camera angles [url=http://moviestrawberry.com/films/film_the_sleepwalker/]the sleepwalker[/url] movie camera icon http://moviestrawberry.com/films/film_pirates_of_treasure_island/ movie messenger
city pof god movie [url=http://moviestrawberry.com/films/film_final_chapter_walking_tall/]final chapter walking tall[/url] free anal xx movie
medication errors movie [url=http://moviestrawberry.com/films/film_super_fly/]super fly[/url] movie once dvd http://moviestrawberry.com/films/film_too_saved/ somewhere in time movie
grease movie release date [url=http://moviestrawberry.com/films/film_fathers_day/]fathers day[/url] mythological origins of pleasantville movie http://moviestrawberry.com/films/film_jonas_brothers_the_3d_concert_experience/ taxi driver movie archive