Pages

Thursday, August 20, 2009

ပန်ကြားချက်



မင်းကို တွေ့ပြီးမှ ငါ့ရင်ထဲက
သော့ခတ်ထားတဲ့ ဂစ်တာကလေး
အသက်ဝင်လာခဲ့ရတယ်....။

ဂစ်တာလေးရဲ့ သံစဉ်တွေက
“မင်းကို ချစ်တယ်...မင်းကိုချစ်တယ် တဲ့...။”

ကောင်မလေးရေ...
ဂစ်တာကလေးရဲ့ သံစဉ်တွေကို
မင်းနှလုံးသားနဲ့ နားဆင်
ငါ့အချစ်တွေကို အသိအမှတ်ပြု Certificate
ထုတ်ပေးပါလားကွယ်...။

*** အတိတ်က ကောင်မလေးတစ်ယောက်အတွက် အမှတ်တရ ရေးဖွဲ့မိထားတဲ့ ကဗျာမပီ စာမပီလေးပါ***

ကျေးဇူးတင်စွာဖြင့်
yu ya

25 comments:

Yu Ya said...

စကားချပ်။

(အတိတ်က ကောင်မလေး = ယခု မဟေသီ)

yu ya

အနော် said...

ဟီး ကွန်မန့်မဖတ်ဘဲ ပြောတော့မလို့ အကိုရေ
အတိတ်က ကောင်မလေးဆိုတာ ယခု မဟေသီကိုလားလို့လေ ဟိဟိ
အကို အခု certificate ရနေပီ မဟုတ်လား ဟိဟိ

kiki said...

ဟဲဟဲ
ဘာခုမှကြောက်လို့ ဖြေရှင်းချက် အရင်ထုတ်နေရတာလဲ
ဘယ်သူမှ ရိုက်မစစ်ရသေးပါဘူး ကွယ်။။
အတိတ်ကကောင်မလေး ရဲ့  ကောင်လေး =ယခု မဟေသီ ရဲ့ အိမ်ဦးနတ် ...ပဲလား ။။ ပြန်မေးကြည့်ပါဦး

ချွန်သွားပါ၏။
ကိုယ့်ဇာတ်ကိုယ် ရှင်းကြပါ ။။
ဟိဟိ

ဝက်ဝံလေး said...

အယ် အတိတ်က ကောင်မလေးက ဒဒူတုံး ကိုယုယနော် ဟွင်းးး မဟေသီနဲ့ တိုင်ပြောမှာ ဂျ ဘာမှတ်တုံး ဟင်းးးး

စည်သူ said...

တည်ညိမ်နေတဲ့ ရေပြင်ဟာ
လေပြေတွေကြောင့်
လှိုင်းလေးတွေ ထလာခဲ့တယ်..

လှုပ်ခတ်လာတဲ့ လှိုင်းတွေကြောင့်
ကြားယောင်ခဲ့ရတယ်
( ပင်လယ်အော်သံ... ပင်လယ်အော်သံ..)

အော်.. လေညှင်းရယ်.. လေညှင်းရယ်
မင်းကြောင့်သာ ငါလှုပ်ရှားခဲ့ရတာဆိုရင်
ပင်လယ်အော်သံအတွက်..
မင်းသက်သေ ပြုပေးပါ
လေညှင်းလေးရယ်...

ဟား.. ဟား.. ဟား

ခင်မင်စွာဖြင့်
စည်သူ။

သားကြီး said...

အပေါ်က ဘော်ဘော်တွေမေးထားသလိုပဲ
အတိတ်ကကောင်မလေးဆိုတာ
ခုမဟေသီကိုပြောတာပေါ့နော်
မဟုတ်ရင် ဘလော့မှာဘယ်တင်ရဲပါ့မလဲ ဟီးးး
သော့ခတ်ထားတဲ့ ဂစ်တာတဲ့လား
အဲလိုစာသားတွေနဲ့ပဲ ကောင်မလေး(ခ)မဟေသီ
ကြွေခဲ့တယ်ဆိုပါတော့ :P

2mar said...

ဟားဟား ကြိုပိတ်ထားတာပဲ ရှိအုံးမှာပါ ဇာတ်လမ်းလေးတွေ ကဗျာလေးတွေလေ....

rose of sharon said...

သြော်ဒီလိုလား.... စကားချပ် မဖတ်မိခင်က လူဆိုးလို့ပြောမလို့... တကယ်တော့ လူလည်ကြီးပါလား

မယ့်ကိုး said...

ငါ့အချစ်တွေကို အသိအမှတ်ပြု Certificate
ထုတ်ပေးပါလားကွယ်...။

ခုတော့ Certificate ရသွားလို့ ပျော်နေပြီပေါ့ :D ....တော်သေးတာပေါ့ ပထမဆုံး comment ကယ်သွားလို့....

မြတ်နိုး said...

ဂစ်တာကလေးရဲ့ သံစဉ်တွေကို
မင်းနှလုံးသားနဲ့ နားဆင်
ငါ့အချစ်တွေကို အသိအမှတ်ပြု Certificate
ထုတ်ပေးပါလားကွယ်...။

ကြီုက်တယ်.. ဒါနဲ့ certificate ထုတ်ပေးလိုက်လား

ကာရံဆူး said...

ကိုယုယရေ...ထိပ်ဆုံးက စာက ကမန်းကတန်း တင်လိုက်ပုံရတယ်နော် (ချွန်တာ ဟုတ်ဘူးနော်):P...အခုတော့ Certificate ကြီး ပိုက်ပြီး ပျော်နေပြီပေါ့...

subuueain said...

ငှဲငှဲ သိသားဘဲ အတိတ်က ကောင်မလေး က ခု မဟေသီပါလို့ ။။ နို့ မို့ဆို ဗိုက်ကြောပြတ်နေလောက်ပြီ ဟားဟား

Anonymous said...

သူကထုတ်ပေးလိုက်တယ်... ရော့...

"Certificate of Rejection"


:PPPPPP

လသာည said...

တော်သေးတာပေါ့၊ စကားချပ်ကယ်သွားတယ်။ နှစ်ယောက်လုံးက မောင်နှမတွေလိုပဲ ရုပ်ချင်းတော်တော်ဆင်တယ်နော်...

ပုံ့မေ said...

ဟိဟိ...ကိုယုယနော စကားချပ်ကို ဖတ်ပြီး မေးမလို့ အဒူလဲလို့ ...

ကော်မန့် ကယ်သွားလို့ ...

ခင်တဲ့
မေသူ

ဒီဇင်ဘာနှင်း said...

တကယ်ဟုတ်ရဲ့လား ဘာမှမမေးရသေးပဲ အရင်ဖြေထားတယ်ဆိုတော့ နည်းနည်းတော့ စဉ်းစားစရာပဲ အင်း ဘာပါလိမ့်.........

jr.lwinoo said...

မဒီက တော်တော်ဘဘောထားပြည့်ဝတယ်နော်..
း)

မြစ်ကျိုးအင်း said...

ကိုယုက လက်မှတ်လိုချင်တာကိုး
ပြောထားပြီးပြီနော် အလုပ်နဲ့သက်သေပြပါလို့...။
ဒီကဗျာက မဟေသီအတွက်ဆိုတာတော့ သိပ်မယုံဘူး နော်..။
အခုလောက်ဆို ကိုယ့်လူ ဗိုက်ကျောတွေ ဆွဲလိမ်ခံနေရ ပြီလား...။

Unknown said...

I do visit to your blog

Nice poem !

Hav a nice weekend

MinneainPhyu

ဧရာဝတီသား said...

ကိုယုယ ရေ၊ ကျွန်တော်က မဟေသီနဲ့တော့ ကွိုင်တော့ မှာပဲလို့ ရေးတော့ မလို့ကို စကားချပ်မှာ လာရေးထားတာကိုး။

မငုံ said...

ဝါးးးမိုက်တယ်ဗျာ။ ပန်ကြားချက်ကောင်းလို့ certificate ကြီးအခုရထားတယ်ပေါ့လေ။ ပျော်ရွှင်ပါစေ။

ကောင်းကင်ပြာ said...

တို့တော့ မယုံပါ၊ မဟေသီ ဗိုက်ခေါက်ဆွဲတာခံချင်လို့ ဇွတ်ကို တင်တာ ဖြစ်မှာ၊ ကွန်မန့်ထဲ လာရှင်းပြထားတာ လက်မခံဘာာာာာာ

ကိုလူထွေး said...

ဒီနည်းနဲ့ certificate တွေ ဘယ်နှခုရခဲ့ပြီးပြီလဲ...

းဝ)

yangonthar said...

အလဲ ကိုယုယက အတိတ်က ကောင်မလေး ကို
ဘယ်သူလဲ လို့ မေးမယ်မှန်းသိသကိုး ဟဟ
မယုံဘူး မယုံဘူး ....ဟဟ ချစ်တတ်ပါဘိ ... :D
အေးမြသာယာပါစေ
ရန်ကုန်သား

puluque said...

အဟ.. ဟုတ်မဟုတ် တွေ့မှမေးမယ်...