Pages

Tuesday, August 18, 2009

မြန်ချင်တဲ့သူ လက်ညှိုးထောင်


လောကကြီးမှာ
လိုရာခရီးကို
မြန်မြန်ရောက်ချင်ကြသူတွေချည်းပါပဲ။

အဲ... ဘ၀ရဲ့ အန္တိမပန်းတိုင်ကိုတော့
ရောက်သွားမှာ
နဲနဲစိုးရိမ်ကြပါတယ်။

*** ကဲ.. မြန်ချင်တဲ့သူရှိရင် လက်ညှိုးလေးထောင်လိုက်နော်။

yu ya

25 comments:

kaungkinpyar said...

လူဇိုးးးးလက်ညိုးထောင်ရင် ကောင်းမလား မထောင်ရင် ကောင်းမလားးးးးးး

ခြေလှမ်းသစ် said...

လိုရာခရီးအတွက် လက်ညှိုးထောင်လိုက်ပါတယ် ကိုယုယရေ .. အန္တိမ ကိုတော့ ဟဲဟဲ ... အားလုံးအတိုင်းပါပဲ .... ကြောက်ဖူး..

subuueain said...

သေတော့သေချင်သေးဘူး။ :D :D

ငယ် said...

ဟဲဟဲ... တိုင်ပင်လိုက်ဦးမယ်... သူရောလိုက်ချင်လားလို့....

အနော် said...

ဘုရားမှာ ဆုတောင်းရင်လေ
နိဗ္ဗာန် မဂ်ဖို အမြန်ဆုံးရောက်ပါစေဆိုပီး
တကယ်ရောက်ရမယ်ဆိုရင်တော့ ဟိဟိ
နောက်မှလိုက်မယ်နော် ဆိုသလိုပဲ ကိုယုယရေ
နောက်မှပဲနော် လိုက်မယ်နော်
အခုက ငယ်ငယ်လေးရှိသေးတယ် ဟီးးးးးးးးးးးးး

စူး said...

ဟဲဟဲ..ဟုတ်ပ..အခုတောင် သေမယ်ဆိုတာ သိသိနဲ့ မေ့နေတာ..

ငယ်ငယ်က အသက်လမ်းကြောင်းတိုလို့ ၆တန်းနှစ်က
မသေချင်တာနဲ့ ပင်အပ်နဲ့ လက်မှာ လမ်းကြောင်း
ကို ဆက်ပစ်လိုက်ဖူးတယ်..။ ဟဲဟဲ..

သွေးထွက်တာပဲ အဖတ်တင်တယ်..။ နောက်ကျမှ သတ်သတ်လွတ်ကို ၀ါတွင်း၃လ စားတာ ၁၀နှစ်လောက်ထိ ..အသက်လမ်းကြောင်း ပြန်ဆက်တဲ့ အပြင် အကူ လမ်းကြောင်းတွေ အများကြီး ဖြစ်သွားတယ်။

rose of sharon said...

ထောင်စရားလားနော်.......

yangonthar said...

ကျနော်တော့် စောင့်ကြည့်ဦးမယ် ကိုယုယရေ လူလည်ကျပါတယ် :D

kiki said...

ဟယ် ... အပေါ်က ဦးမြတ်နိုးကြီး ..
နောင်ထပ် ၁၀ နှစ်လောက် သက်သတ်လွတ် ဆက်စားလိုက်ပါလား ဟင်...
သက်တော် ၂၄၀ ရှည်အောင်လေ .. ဟိဟိ ..

သွပ်ပြားကတော့ ထောင်လိုက်ပြီ..
လက်ညှိုး တော့ မဟုတ် ။ အချွန် နဲ့ ထောင်ပေးသွားတယ် ။
ဟိဟိ။။ သူ မြန်.. အဲ .. ရှည် ..သွားအောင်ပါ ။
ကိုယုယကြီးရော ။။ ဘာထောင်လိုက်လဲ ဟင်..

ဝက်ဝံလေး said...

အောင်မာ သေနိုင်သေးပါဘူးနော် များက ကိုရီးယားမင်းသမီး လုပ်ဦးမှာ ဘာသိလဲ ဟွန်းးးးးး လာထော်နဲ့ဦး လေ ဟဟဟ

Anonymous said...

ဟီဟီ
စေားလွန်းဖူးလားဟင် ကိုကြီးယုယ
လိုက်တော့ဖူးနော် နေချင်သေးတယ်

သားကြီး said...

အဟီးးးး
အဲဒါတော့??
အဲဒါတော့??
လက်ညှိုးမထောင်တော့ဘူးဗျနော်
ဟီးးးးးး
မမြင်သလို မသိသလိုပဲနေလိုက်တော့မယ် :P

သားကြီး said...

ဒေါ်သေးမျှင်နဲ့တော့ မတိုင်ပါနဲ့ဗျာ
ဒါလေးတစ်ခုတော့ တောင်းပန်တယ် ဟီးးး

Angel Shaper said...

အယ်။ ကိုယုယက လက်ညှိုးထောင်ရင် ရေခဲမုန့်ကျွေးမှာလား။။။။ ဟိဟိ ( အရေးထဲ ငတ်ကြီးကျနေတယ် )
ကဲ တို့ မောင်နှမတွေတန်းစီပြီးထောင်ကြမယ်ပေါ့။
အဲလေ...ကိုကြီးယုခင်ညာ
ကျွန်တော်တို့ မောင်နှမများ တန်းစီပြီး ထောင်ပါဘူး။ ဟိဟိ
ကန့်ကွက်ပါသည်။ ဇီးသီး ထုတ်ရောင်းရဦးမည်။
ဟိဟိ။ အားပေးကြဦးနော်။ ဇီးသီးထုတ်ပြီးရင်တောင် စဉ်းစားရဦးမှာ အဟက်။

အိန္ဒြာ said...

ွှလည်လာသွားပါတယ်..ယုယ ရေ..

မယ့်ကိုး said...

မသိချင်ယောင်ဆောင်နေသူထဲ ကျွန်မလည်း ပါတယ်။ :)

မေဇင် said...

ကြိုတော့ သိချင်ပါရဲ့ ရှင်...ဒါပေမယ့် မြန်မြန်မရောက်ချင်ဘူး...။း) အေးဆေးပေါ့... အဟဲ..။

WWKM said...

လက်ညှိုးလေးကွေးပြီး ပြန်သွားတယ်.း))))

မင်းနေ said...

လက်ညှိုးထောင်ပြီးပြေးလာတာ နောက်များ တောင်ကျနေမလားလို့ :D
ဒီရောက်တော့ သူက ပို့နေတယ် ... ယောယုဝကို .. ထောင်တော့ဘူး လက်ညှိုး ...
ရီးစားတောင်မရတေးဝူး ... တေရို့ ဖစ်တေးဝူး :P

jr.လွင်ဦး said...

ဘလော့ရေးဦးမယ်လေ နော့..
နောက်များမှပဲ..း)

လေပြေ said...

တူနဲ့ တယ်နဲ့ ...တူနဲ့ တယ်နဲ့ ...အော်
ဟုတ်တေးပါဝူး...ဘာတွေပြောမိမှန်တိဝူး..။
အနော်လည်းတူနဲ့ တိုင်ပင်လိုက်ဦးမယ်....။
တူရောလိုက်မလားလို့ ပါ....။တူလိုက်ရင်တော့
အနော်ကခေါက်ဆွဲကြိုက်တယ်...:) :)

ဇော် said...

ထောင်တဲ့လက်ညှိုး အီးပုံထိုးလို့တော့ ငယ်ငယ်ကလို မအော်လိုက်ပါနဲ့ဗျာ။ ဟီး။ =]

မင်းအိမ်ဖြူ said...

အင်း အဟဲ

ထောင်သေးဘူး....

ငှက်ပျောတုံးကြီးနဲ့သွားနေရမယ် တော်ကြာ

P;

နှင်းဟေမာ said...

အစ်ကို ရေ ... ရှာလည်းမတွေ့ ကြာလည်းမမေ့ ငါလည်းတစ်နေ့ဆိုတဲ့ စကားလေးလိုပဲ .... မလွဲမသွေ ရင်ဆိုင်ရမဲ့ အန္တိမ အချိန်မခါကို လက်ညှိုးထောင်ပြီး ကြိုဆိုဖို့ပြင်ဆင်နေပါတယ် ....။းp မတင်မကျလေးပဲပြောသွားတာနော် ....။
လင့် လေးချိတ်ပေးထားတဲ့ အတွက်ရော ... အမြဲလာလည်တဲ့အတွက်ပါ ကျေးဇူးပါပဲနော် ...။
ခင်မင်လေးစားစွာဖြင့်

စည်သူ said...

ကိုယုယရေ...
မထောင်ချင်းဘူးဗျာ..

ဒါပေမယ့်
အချိန်ကျရင်တော့.. သူဖာသာသူ ထောင်လာလိမ့်မယ် တားမရဘူးဗျာ..(လောကနိယာမ):P

လိုရာအတွက်တော့ လက်ညှိုးထောင်တယ်ဗျာ..