Pages

Friday, August 14, 2009

အသက်ရှင်ကျန်ရစ်ခြင်းရဲ့ ... လျှို့ ၀ှက်ချက်


အဘိုးအိုတစ်ယောက်ဟာ အရှိန်ပြင်းပြင်းစီးဆင်းနေတဲ့ မြစ်တစ်စင်းထဲကို မတော်တဆ ပြုတ်ကျသွားတယ်။ အဲသည်မြစ်ရဲ့ အောက်ပိုင်းမှာ ရေတံခွန်တစ်ခု ရှိနေတယ်။ ရေတံခွန်ဟာ သိပ်မြင့်မားလွန်းတော့ လူတွေက ဒီရေတံခွန်ဆီက အဘိုးအိုပြုတ်ကျတဲ့အခါမှာ ဘယ်လိုပဲပြောပြော သေမှာပဲလို့ ဆိုကြတယ်။ ဒါနဲ့ သွားကြည့်ကြတယ်။ အဘိုးကြီးက မသေခဲ့ဘူး။ လူတွေ အံ့သြကုန်တယ်။ “ဘကြီး.. ဘာကြောင့် အထိအခိုက် မရှိတာလဲ။ ဘာကြောင့် အသက်ဘေးက လွတ်ရသလဲလို့ မေးကြတယ်။” အဘိုးကြီးက ဖြေပေးတယ်။

“မောင်ရင်တို့၊ ကျုပ်က ရေထဲကို ကျသွားပြီးတဲ့ အချိန်ကစပြီး တွေးတောထိတ်လန့်နေတာ မရှိဘူး။ ရုန်းရင်း ဆန်ခတ် မလုပ်ဘူး။ ရေနဲ့ တစ်သားတည်း ဖြစ်အောင်နေတယ်။ ရေထဲမှာ ၀ဲကတော့တစ်ခုရှိရင် အဲဒီ ၀ဲနဲ့ လိုက်သွားတယ်။ ၀ဲပြန်ပေါ်တဲ့အချိန်မှာ ငါပြန်ပေါ်တယ်။ အဓိကက ရေနဲ့ တစ်သားတည်း ဖြစ်အောင် နေနိုင်ဖို့ပဲ လိုတယ်။”

လောကဆိုတာ ရေစီးကြမ်းတဲ့ မြစ်ကြီးတစ်စင်းဆိုပါစို့။ ကျွမ်းကျင်လိမ္မာသူဟာ အလိုက်သင့် စီးမျောနိုင်တယ်။ မိုက်မဲသူဟာ သူမပြင်ဆင်နိုင်မယ့် အရာတွေကို အကြောက်အကန် ငြင်းဆန်တယ်။ အဲသည်အတွက် ရလာဒ်က ဘာလဲ။ အလိုက်သင့် စီးမျောနိုင်မှုမရှိရင် လောကဟာ မင်းကို သတ်လိမ့်မယ်။ သေတယ် ဆိုတာတော့ အဆန်းမဟုတ်ပါဘူး။ ရုန်းကန်မှု လိုတဲ့နေရာနဲ့ ရုန်းကန်မှု မလိုတဲ့နေရာကို ခွဲခြားသိမြင်မှုဟာ အသက်ရှင်ကျန်ရစ်ခြင်းရဲ့ လျှို့ ၀ှက်ချက်ပဲ။

Ben Okri ရဲ့ Astonishing the Gods ထဲက စာပိုဒ်လေးတစ်ခုကို ဆီလျော်အောင် ဘာသာပြန်ထားပါတယ်။

ကျေးဇူးတင်စွာဖြင့်
yu ya

17 comments:

kyalkalay said...

ရုန်းကန်ဖို့လိုနေတယ်
ရုန်းကန်ထဖို့လိုနေတယ်

နင်းပြားဘဝတွေ
လုံးပါးပါးနေတယ်
ရုန်းထရမယ် အားကုန်သုံးပြီး

Angel Shaper said...

အလဲ့.... ကြယ်ကလေး ဘယ်အချိန်ကတည်းက ချောင်းနေလဲ မသိဘူး။။။
ကိုကြီးယုယရေ...ဘာသာပြန်လေးကောင်းလိုက်တာဗျာ။
ရုန်းကန်မှု လိုအပ်တယ်၊ မလိုအပ်ဘူးဆိုတာ လိမ္မာပါးနပ်စွာ နားလည်ပြီး အလိုက်သင့်စီးမျောနိုင်တဲ့ သူတစ်ယောက် ဖြစ်ချင်ပါတယ်။ ပေးလိုက်တဲ့ အသိတရားလေးနဲ့အတူ ကျေးဇူးတင် လေးစားပါကြောင်းးးးးးး

WWKM said...

ရုန်းကန်မှု လိုတဲ့နေရာနဲ့ ရုန်းကန်မှု မလိုတဲ့နေရာကို ခွဲခြားသိမြင်မှုဟာ အသက်ရှင်ကျန်ရစ်ခြင်းရဲ့ လျှို့ ၀ှက်ချက်ပဲ။
မှတ်သားသွားပါတယ်. ယုယရေ.ဘာသာပြန်လေးဖတ်ရ
တဲ့အတွက်ကျေးဇူးပါ။

သားကြီး said...

တိုတိုလေးနဲ့လိုရင်းကိုပြနိုင်တဲ့ပိုစ်လေးပါပဲ
သဘာဝလောကကြီးနဲ့တစ်သားတည်းကျဖို့ဟာ
ပိုအရေးကြီးမှန်းဒီပိုစ်လေးက ပြောပြနေတယ်

ခြေလှမ်းသစ် said...

မှတ်သားသွားပါတယ်ဗျာ တိုတိုနဲ့ ထိမိတဲ့ ပိုစ့်လေးပါပဲ ...

ငှက်ကလေး said...

အင်း ဖတ်ပြီးမှတ်သားသွားပါတယ် ဗျိုးးးး တကယ်ကောင်းတဲ့ ပို့စ်လေး ပါပဲ ဗျိုးးးးးးးးးးးးး

မယ့်ကိုး said...

စာလေးကောင်းလိုက်တာ။ အဆိုးနဲ့ကြုံချိန်မှာ အလိုက်သင့်လက်ခံဖို့ လူတိုင်းလိုလို မေ့နေတတ်ကြတယ်နော်။

kiki said...

အလွန်အဓိပ္ပါယ်ရှိတဲ့  စာပိုဒ်လေးပါ ။
ရုန်းကန်မှု လိုတဲ့နေရာနဲ့ ရုန်းကန်မှု မလိုတဲ့နေရာကို ခွဲခြားသိမြင်မှုဟာ အသက်ရှင်ကျန်ရစ်ခြင်းရဲ့ လျှို့ ၀ှက်ချက်ပဲ......

ဒါပေမဲ့လည်း ရုန်းကန်ဖို့ လိုတဲ့ နေရာမှာ ရုန်းကန်နေကြရင်း ဘဝတွေ အသက်တွေ ဆုံးရှုံးခဲ့ကြရတဲ့ အဖြစ်တွေလည်း ရှိနေပြန်သေးတယ် .... ဘယ်လိုလုပ်ကြရင် ကောင်းမလည်း ပေါ့နော် ... အလိုက်သင့် မောင်ဘဦး ဆိုရင်တော့ အိုကေမှာ စိုပြေ နေကြမှာပါ ... .... :(

ကာရံဆူး said...

ကိုယုယရေ..ရောက်တယ်...နောက်ကျတယ် ခွင့်လွှတ်..အင်း..မမကိုးပြောသလို ငြင်းဆန်ခဲ့တာ အကြိမ်ပေါင်း မနည်းတော့ဘူး... လက်ခံရမယ်... အလိုက်သင့် မျောရမယ်...ကျေးဇူး ကိုယုယ...

မင်းအိမ်ဖြူ said...

ကောင်းတဲ့စာလေးပါ

မလွယ်ဘူးတော့ထင်ပါတယ်

အင်း စွဲကိုင်ထားတဲ့ယုံကြည်ချက်တွေကို လွှတ်ချခဲ့ကြ ရမှာပေါ့.......

Waing said...

"ရုန်းကန်မှု လိုတဲ့နေရာနဲ့ ရုန်းကန်မှု မလိုတဲ့နေရာကို ခွဲခြားသိမြင်မှုဟာ အသက်ရှင်ကျန်ရစ်ခြင်းရဲ့ လျှို့ ၀ှက်ချက်ပဲ။" အဲ့ဒီစာသားလေးကို မှတ်ထားမယ်နော်။ အရမ်းကောင်းပါတယ်။ အသိလေးတစ်ခုရလိုက်တဲ့အတွက် ကျေးဇူး..

အနော် said...

ပို့စ်လေးက တကယ်ကောင်းတယ် အကို
အတွေးတွေ ဆင်ခြင်သုံးသပ်မှုတွေ အသိအလိမ္မာတွေ အပြင် ပြဿနာတစ်ခုကြုံလာရင် ဘယ်လိုဖြေရှင်းရမလဲ ဆိုတာတွေကိုပါ အသိတရားရသွားလို့ ကျေးဇူးတင်ပါတယ်ရှင့်

စည်သူ said...

ကောင်းလိုက်တဲ့ ဘာသာပြန်ဆိုချက်လေးပါ
တိုတိုလေးနဲ့ ခရီးရောက်သွားတယ်လို့
ခံစားလိုက်ရတယ်ဗျာ..

တကယ်တမ်းပြောရမယ် ဆိုလို့ရှိရင်
ရုန်းရင် လွတ်နိုင်ပါတယ်....

ရုန်းလေ နစ်လေတော့ မဖြစ်သင့်ဘူးပေါ့ဗျာ..

လေးစားစွာဖြင့်
စည်သူ။

လုလု said...

လျှို့ဝှက်ချက်ကိုတော့ ကြိုက်သွားပြီဗျို့။
တကယ့်ကို လက်ကိုင်ထားရမယ့် အသိတရားလေးတစ်ခုပါ။
ကြိုက်လွန်းလို့ ဖွန့်ဆိုက်ဒ်ကြီးကြီးနဲ့ထုတ်ပြီး နံရံမှာ ကပ်ထားတယ်။
ကျေးဇူးပါနော်။

သက်ဝေ said...

Nice Defination...
Thanks for sharing... :-)
Great weekend for both of you too...!!!

ကြည်ဖြူပိုင် said...

ကောင်းတယ်ကိုယုယရေ...အနော်ဒီဘာသာပြန်လေးကြိုက်တယ်။အနော့်ရဲ့ “လိုနေတယ်ခွန်အားများ”မှာအမှတ်တရသိမ်းခွင့်ပေးနော်

yangonthar.mg said...

ကိုယုယ ရေ အတွေးအခေါ်လေး မျှဝေတဲ့ အတွက် ကျေးဇူးပါ လိုက်လျှောညီထွေစွာ မျှတ ခြင်းဟာ ဘဝ အတွက် အင်မတန် အရေးကြီးလှ ပါလားဆိုတာ မှတ်သားသွားပါတယ် ပျော်ရွှင်ပါစေ .......... :D