Pages

Monday, September 14, 2009

“ Find a way or make one! ”


Find a way or make one! (လမ်းကို တွေ့အောင်ရှာ... မတွေ့ရင် ဖောက်တဲ့)

ဒီစကားလေးက အားမရှိဘူးလား။ အားလဲရှိတယ်။ ထိမိတဲ့ အဆိုတစ်ရပ်လဲဖြစ်တယ်။ ကျွန်တော်တို့ဟာ အခက်အခဲနဲ့ ကြုံလာပြီဆိုရင် ထွက်ပေါက် " Outlet " ကို ရှာတော့တာပဲ။ ထွက်ပေါက်ရှာတာ သဘာဝကျပါတယ်။ အပြစ်မရှိပါဘူး။ အင်း... အပြစ်ရှိတာ ရေသာခို လှေကြုံလိုက် တီထွင်ကြံဆမှု မရှိဘဲ လမ်းအို လမ်းဟောင်း လမ်းမကောင်းကိုဘဲ ဖက်တွယ်ပြီး လျှောက်နေလို့ကတော့ ခရီးမပေါက်ဘဲ အပြီးလဲ မရောက်နိုင်တော့ဘူးပေါ့ဗျာ။

ဆန္ဒမွန်ဖြင့်
yu ya


23 comments:

ကောင်လေးငယ် said...

တန်ဖိုးရှိတဲ့ စကားလေးပါပဲ..ဟုတ်တယ်ဗျ...
လူတစ်ယောက်မှာ ထွက်ပေါက်တစ်ခုတော့ရှိသင့်တယ်လေ..ဒါမှလည်း အမြဲတမ်းလုပ်နေရတဲ့အလုပ်တစ်ခုက မငြီးငွေ့မှာ..
စိတ်ကူလည်းသစ်လွင်လာမှာပေါ့...မှန်ပါတယ်အစ်ကို..
အခုလိုလေးတင်ပြပေးတဲ့အတွက်ကျေးဇူးပါ.....

အနော် said...

အကိုရေ အားတက်စရာ စကားလုံးလေးကို မျှဝေပေးတဲ့အတွက် ကျေးဇူးပါ
တခါတလေမှာ ထွက်ပေါက်ပိတ်နေတဲ့ လက်တွေ့ဘဝတွေ အတွက် ဒီစကားလုံးလေးက အားအင်တွေ ပေးလိုက်သလိုပါပဲ

ဝက်ဝံလေး said...

ဖတ်သွားပါတယ် ကိုယုယရေ စာလေးတွေက တန်ဖိုးရှိလိုက်တာ

မင်း said...

လမ်းတွေ့အောင်ရှာတာထက် လမ်းမမှားအောင် လမ်းမှန်ရှာရတာ ပိုခက်မယ်ထင်တယ်... ဘာဖြစ်လို့လဲဆိုတော့ ပတ်ဝန်းကျင်မှာက လမ်းခွဲတွေ အမြဲရှိနေလို့ဘဲ ...ထင်တာပါ...

yangonthar said...
This comment has been removed by the author.
ခြေလှမ်းသစ် said...

ကောင်းတယ်ဗျ ... လမ်းကို ရှာသင့်တယ် မတွေ့ရင် လမ်းကို ဖောက်မယ် ... ဒါက လူငယ်တွေအတွက် အလုပ်ဘဲဗျ .. ဒီလိုနဲ့ဘဲ ကမ္ဘာကြီးဟာ အသစ်တွေနဲ့ တိုးတက်နေတာလို့ ထင်တယ် ...

moe moe said...

အဖိုးတန်စာလေးတွေ...
လာဖတ်သွားပါတယ်...

လသာည said...

တိုတိုလေးနဲ့ထိမိတဲ့ အဖိုးတန်အဆိုအမိန့်လေးပါပဲ..

ပုံ့မေ said...

ကောင်းလိုက်တဲ့ အဆိုလေး။ အစ်ကိုရေ ကျေးဇူးပါပဲ။

rose of sharon said...

ကဲ.. လမ်းသစ်တွေဖောက်ကြရအောင်

kiki said...

တခု စောဒကတက်ချင်တယ် ..လမ်းက အိုတိုင်း မကောင်းတော့တာမဟုတ်ပါဘူး ။
လမ်းအိုပေမဲ့ ပြုပြင်ထိန်းသိမ်းတတ်လို့  ကောင်းနေ ဖြူးနေတဲ့လမ်းမကြီးတွေ ရှိသေးသလို...

ခုခေတ်မှ ပြီးစလွယ်ထ ဖေါက်ပြီး အခြေမခိုင်လို့ 
ခဏလေးနဲ့ ပျက်စီးသွားကြတဲ့ ပြည်တော်သာ လမ်းသစ်တွေလည်း အများကြီး ရှိတယ်လေ ။။

ပြီးစလွယ် တပွဲတိုး လမ်းသစ် တွေတော့ မဖေါက်စေချင်ပါဘူး ။
ဂျောင်ပိတ်မိပြီး မှောင်ရိပ်ထိ နေရင်တော့ တမျိုး ပေါ့ နော် ..outlet ဆိုတာ ရှိရမယ်ပေါ့ ။

ရစ်တယ် လို့တော့ မထင်စေချင်ပါ ..
အမြင်လေး တခုကို တင်ပြခြင်းသာပါ...
ဟိဟိ ..

တလနွန် said...

အစ်ကိုရေ အားရှိတဲ့စကားတွေ ဖတ်မှတ်သွားပါတယ်။

မင်းအိမ်ဖြူ Minn Eain Phyu said...

သိနေတယ်လေ

ဒီလိုလူမျိုးမို့လည်း ရဲရဲကြီးကြော်ငြာရဲတာပေါ့

ဟာဟ

ပျော်ရွှင်ပါစေ

လက်ခံပါတယ်ဗျာ

အော် သူငယ်ချင်းချင်း အကြောင်းသိနေတော့ သူများတွေလို ပြောစရာလိုတော့ပါဘူးဗျာနော....

ကိုလူထွေး said...

ကိုယုယရဲ့ အဆိုကို အပြည့်အဝထောက်ခံပါတယ်...

တခုပဲရှိတယ်... သရုပ်ဖော်ပုံက "အဖို နှစ်ကောင်"နဲ့ တူနေတယ်...

းဝ)

ဒီဇင်ဘာနှင်း said...

တန်ဖိုးရှိတဲ့ မှတ်သားလောက်တဲ့စကာလေးတွေအတွက် ကျေးဇူးတင်ပါတယ်နော်

မင်းနေဝေး said...

ကိုယ့်လမ်းကိုယ်လျှောက် ..
ကောင်းပါ့ဗျာ ....

ကာရံဆူး said...

ကိုယုယရေ...လမ်းသစ်တွေ ဖောက်လွန်းလို့ အိမ်တွေပါဖျက် တော်ကြာ လုပ်အားပေးနဲ့ တွေ့ နေမယ်နော်...ဟားဟား..စတာနော်..ဟုတ်တယ် လမ်းကို ရှာ လမ်းကိုဖောက်...ကောင်းပါ၏

သားကြီး said...

ကိုယုယရေ
ထုံးစံအတိုင်း မှတ်သားစရာချည်းပါပဲဗျိုးးး
တိုတိုနဲ့ လိုရင်းရောက်တဲ့ စကားလေးတွေဗျာ

သားကြီး said...

ဖေါက်ထွက်တဲ့လမ်းမှာရေသာခိုအချောင်မ
လိုက်ဖို့တော့အရေးကြီးတယ်နော်

maylay said...

တစ်ကြောင်းနှစ်ကြောင်းလေးပဲရေးရေး ကိုယုယက ရေးလိုက်ရင် စကားကောင်း စာသားကောင်းတွေချည်းပဲ။ လမ်းသစ်ရှာတိုင်း မကောင်းတတ်တာတော့ ရှိမှာပဲနော်။ လမ်းဟောင်းက အသုံးဝင်နေသေးတာ။ အကျိုးပြုနေသေးတာ အများကြီးရှိနေသေးတယ်။ ကိုယ်လျှောက်မယ့်လမ်းက အဟောင်းကနေခွဲထွက်သင့်ရင် ခွဲရမယ်။ နည်းယူသင့်ရင်ယူရမယ်။ အသစ်ဖောက်ဖို့က အဟောင်းကိုမြင်မှ ရတာဆိုတော့လေ။ (အင်းးးးကျွန်မ အများကြီး ရေးမိသွားတယ်) ထွက်ပေါက်တော့ ဟုတ်တယ်။ ရှိရမယ်။ မမှားထွက်မိဖို့ပဲ လိုတယ်။ ကျန်းမာပျော်ရွှင်ပါစေ အစ်ကိုရေ

သားကြီး said...

c boxပျောက်နေပါလားဗျာ
ဘီလိုဖစ်??

မိုးအိမ့်ဖြူ said...

ကောင်းလေ၏ ကောင်းလေ၏

Angel Shaper said...

အဲဒါတွေကြောင့် လေးစားတာ။
တိုတိုတုတ်တုတ် (ခြေသလုံးမဟုတ်) တန်ဖိုးရှိတဲ့ စာလေးတွေကို ကြိုက်တာ။ ( အမှန်က ရှည်ရင် နားမလည်တာတွေများနေမှာစိုးလို့) ဟိဟိ
ကောင်းလိုက်တာ။