ကမ္ဘာပေါ်ကလူတွေ မကောင်းတာလုပ်နိုင်သမျှ စဉ်းစာကြည့်လိုက်။ လူသတ်မယ်၊ မုဒိန်းကျင့်မယ်ဆိုတဲ့ အဆိုးဆုံးတွေကအစ ရိုင်းရိုင်းစိုင်းစိုင်းပြောမယ်၊ မရိုးသားဘူး၊ လိမ်မယ် ဆိုတာတွေ အပါအ၀င် ဖြစ်နိုင်ခြေအားလုံးကို ကိန်းဂဏန်းတစ်ခုအနေနဲ့ ပိုင်းခြေမှာ ထားလိုက်မယ်။ ပိုင်းဝေမှာတော့ နေ့စဉ် တကယ်ဖြစ်နေတဲ့ အဆိုးကိန်းဂဏန်းကိုထားမယ်။ ရလာတဲ့အချိုးဟာ Nearly Zero သုညနားကပ်တဲ့ ဂဏန်းတစ်ခု ဖြစ်လိမ့်မယ်။ ဘယ်လောက်ဆိုးဆိုး အဲဒီလောက်ပါပဲ။
တစ်ခါ ပိုင်းခြေကို ဒီအတိုင်းထားပြီး ပိုင်းဝေမှာတော့ နေ့စဉ် အချိန်နဲ့အမျှ ကျွန်တော်တို့ ချိုချိုသာသာပြောတာ၊ တစ်ယောက်ကိုတစ်ယောက် ကူညီတာစတဲ့ အပြန်အလှန် အကျိုးဆောင်မှုတွေကို ကိန်းဂဏန်းတစ်ခုအဖြစ် ပိုင်းဝေမှာ တင်လိုက်မယ်။ ဒီအချိုးကတော့ ကြင်နာမှုနဲ့ ရက်စက်မှု အချိုးပါပဲ။ အမြဲတမ်း အပေါင်းကိန်းပြည့်ပါပဲ။ ကျွန်တော်တို့ထင်နေတာက အနုတ်ကိန်းပြည့်တွေ ဖြစ်လိမ့်မယ်ထင်နေတာ။ မဟုတ်ပါဘူး။ သေသေချာချာ စဉ်းစားကြည့်ပါ။ အပေါင်းကိန်းပြည့် စစ်စစ်ပါပဲ။
ဒီ Mental Exercise က ဘာကိုပြလဲဆိုတော့ အကောင်းအစုအပုံဟာ အဆိုးအစုအပုံထက် သာတယ်ဆိုတာပါပဲ။ ဒါဟာ လူ့သဘာဝနဲ့ ပက်သက်လို့ အလွန်ရိုးစင်းတဲ့ အချက်ပါနော်။ လူ့စိတ်ဟာ ဒေါသ၊ မာန၊ အတ္တမကင်းပေမယ့် မေတ္တာ၊ ကရုဏာ၊ သတိ၊ ပညာစတဲ့ အကောင်းတရားတွေဟာ လေ့ကျင့်ရင် လေ့ကျင့်သလောက် အစွမ်းထက်လာနိုင်တယ်ဆိုတာကို ပြပါတယ်။ အကောင်းက အဆိုးထက် ပိုအားကောင်းတယ်ဆိုတာပါပဲ။
ကောင်းတာတွေဟာ သမိုင်းထဲက ရှားပါးပစ္စည်းမဟုတ်ပါဘူး။ နေ့စဉ်ဘ၀ထဲကပဲ မရေတွက်နိုင်တဲ့ အခွင့်အရေးကောင်းလေးတွေ ပါခင်ဗျာ။
ဆန္ဒမွန်ဖြင့်
yu ya
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIo467rIjAwXxUZA5BmPWO-RlMgwlrRCcIEc0dRYjEt-YGyVG_dmrfx7VQDNoY2iqBZMiWek9nYA_MaXOOUUx2A5v-3hPMBxxYO2beNfRPwKgs3yilHYYNP5K6unK2OqfqnVuMxOr5EXAi/s400/images.jpg)
ဒီ Mental Exercise က ဘာကိုပြလဲဆိုတော့ အကောင်းအစုအပုံဟာ အဆိုးအစုအပုံထက် သာတယ်ဆိုတာပါပဲ။ ဒါဟာ လူ့သဘာဝနဲ့ ပက်သက်လို့ အလွန်ရိုးစင်းတဲ့ အချက်ပါနော်။ လူ့စိတ်ဟာ ဒေါသ၊ မာန၊ အတ္တမကင်းပေမယ့် မေတ္တာ၊ ကရုဏာ၊ သတိ၊ ပညာစတဲ့ အကောင်းတရားတွေဟာ လေ့ကျင့်ရင် လေ့ကျင့်သလောက် အစွမ်းထက်လာနိုင်တယ်ဆိုတာကို ပြပါတယ်။ အကောင်းက အဆိုးထက် ပိုအားကောင်းတယ်ဆိုတာပါပဲ။
ကောင်းတာတွေဟာ သမိုင်းထဲက ရှားပါးပစ္စည်းမဟုတ်ပါဘူး။ နေ့စဉ်ဘ၀ထဲကပဲ မရေတွက်နိုင်တဲ့ အခွင့်အရေးကောင်းလေးတွေ ပါခင်ဗျာ။
ဆန္ဒမွန်ဖြင့်
yu ya
17 comments:
ပို.စ်လေးကကောင်းပြီး အရေးအသား အတွေးအခေါ်
မြင်.တယ်ဗျာ ... :)
အင်းဒီလို တွက်ပြလိုက်တော့ ပိုမြင်သာသွားပါတယ် ကောင်းမွန်တဲ့ အရာတွေ ဟာ ရင်ကို အေးမြစေသလို တပါးကိုလည်း ငြိမ်းချမ်းစေပါတယ်ဗျာ ဗဟုသုတလေးအတွက် ကျေးဇူး ကိုယုယ
ခင်မင်လျှက်
ရန်ကုန်သား
ယုယရေ..
စိုင်းဝင်းမြင့်က ပြောပြောပြေးပြေးတဲ့..
အမက ဖတ်ဖတ်ပြေးပြေးဖြစ်နေတယ်..
အတွေးလေးတွေသဘောကျပါတယ်..
အားပေးလျှက်ပါ
ဟုတ်ပါတယ် ကိုယုယရေ ဖတ်သွားပါတယ်နာ် သိလား ၂ ခေါက်ဖတ်သွားတယ် သိလား ခေါင်းထဲဝင်အောင်လေ
ဘိုင်တာ့တာ
အတွေးအခေါ်လေး ကောင်းလိုက်တာ။ အဲလို တခါမှ မတွေးဖူးဘူး။
အစ်ကို ယုယရေ.....
လူ့သဘာဝလေးကို အကြောင်းအကျိုးနဲ့ တွက်ချက်တင်ပြသွားပုံလေး ကောင်းပါတယ်....။
လေးစားလျှက်ပါ
နှင်း
နေ့စဉ်ဘဝတွေဟာ အပေါင်းကိန်းပြည့်တွေချည်းပဲ ပြည့်နေရင် သိပ်ကောင်းမှာပဲ အကိုယုယရေ
ပိုင်းခြေ နဲ့ ပိုင်းဝေ ကို အဲ့ လို ထားမှတော့ အပေါင်းဂဏန်းဘဲ ထွက်မှာပေါ့လေ ။
ဘယ်သူက ပုံသေ သတ်မှတ်ထားလိုက်တာလဲ ..
ဘာ လို့  ပြောင်းပြန်မထားကြတာလဲ ...
ပြောင်းပြန်တွေ ဖြစ်နေတဲ့ခေတ်ကြီးမှာ ပြောင်းပြန်ထားပြီးတွက်သင့်ပါတယ် ။။
ဘယ်လို အဖြေထွက်လာမလဲ သိချင်ပါတယ် ..
လာရစ်တာပါ ...
မှားရင်မှားနေမယ်..
အရေးသားတွေကောင်းတယ်ဗျာ၊အခုမြင်နိုင်အောင်ပြထားတဲ့အတွေးခေါ်တွေကိုလည်းအားကျမိတယ်
အားပေးခင်မင်လျက်ပါ..
ရှောက်သီး
ကိုယုယရေ
စိတ်အေးလက်အေး..feel ကလေး နဲ့ စာဖတ်နေတုန်း
blog ထဲကနေ..အလန့် တကြား..
အသံတွေ ..ထထမြည် ရင်လန့် တတ်တယ်ဗျာ
အဲလိုအတွေးအခေါ်နဲ့ တွေးကြည့်လိုက်တော့လည်း စိတ်ချမ်းသာရတာပေါ့လေ။ အတွေးကောင်းလေးပါ။
အဆင်ပြေပျော်ရွှင်ပါစေ။
အတွေးအခေါ်လေးကောင်းပါတယ်...
အမြဲပျော်ရွှင်နိုင်ပါစေရှင်။ ခင်မင် အားပေးလျှက်ပါ။
အပေါင်းကိန်းပြည့်တွေအကြောင်း
ဖတ်သား မှတ်သားသွားတယ် မောင်လေးရေ
ကြင်နာခြင်း နဲ့ ရက်စက်ခြင်း အချိုး..
အင်း.. အချိုးချ ကြည့်အုံးမှ..း)
သေချာတာပေါ့
အခုလိုဖတ်လိုက်ရတော့မှ ရင်ထဲက အလုံးကြီး ကျသွား တော့တယ် ... လူတွေရဲ့  မေတ္တာစွမ်းတွေ များနေသေးသကိုး ...
ဝါးးးးးးးးး လေးစားသွားပြီ။
Mental Exercise လေး ပြန်တွက်ကြည့်ရမယ်။
ဘယ်လိုတွက်တွက် အကြွင်းကတော့
ကောင်းတာတွေဟာ သမိုင်းထဲက ရှားပါးပစ္စည်းမဟုတ်ပါဘူး။ နေ့စဉ်ဘ၀ထဲကပဲ မရေတွက်နိုင်တဲ့ အခွင့်အရေးကောင်းလေးတွေ ပါခင်ဗျာ။
တန်ဖိုးရှိလိုက်တာဗျာ........
Post a Comment