Pages

Wednesday, July 15, 2009

Postmodern Education in Everyday Life


ဒီဆောင်းပါးလေး ရေးသားရာမှာ understanding backward စိတ်ထားနဲ့ ရေးသားတာမဟုတ်ဘဲ understanding forward စိတ်ထားနဲ့ ရေးသားထားကြောင်း ကြိုတင် အသိပေးလိုပါတယ်။ 'Understanding Backward' ဆိုတဲ့ စကားဟာ “အသေမှတ်ထားခြင်း၊ တစ်ယူသန်အယူအဆများ” ကို ဆိုလိုပြီး၊ 'Understanding Forward' စကားဟာ အတွေးအခေါ်၊ စိတ်ကူးကို ဖွင့်ပြီး နားလည်မှု တည်ဆောက်ခြင်းကို ဆိုလိုပါတယ်။

မိသားစုနဲ့ နိစ္စဓူဝပညာရေး

ယခုကျွန်တော် ပြောဆိုဆွေးနွေးလိုတဲ့ အကြောင်းက နိစ္စဓူဝ အတွေ့အကြုံထဲမှာရှိတဲ့ ပညာရေးရဲ့ သဘောသဘာဝတွေပဲ ဖြစ်ပါတယ်။ ဒါဟာ Informal Education ရဲ့ လူ့ဘ၀ အခန်းကဏ္ဍ ဖြစ်ပါတယ်။ ပို့(စ်) မော်ဒန်လူသားရဲ့ ပညာရေးဖြစ်စဉ် နိစ္စဓူဝကို ဆိုလိုပါတယ်။

ပထမဆုံးက “မိသားစု” နဲ့ နိစ္စဓူဝ ပညာရေးအကြောင်း ဖြစ်ပါတယ်။ ယခင်က မိသားစု သစ်ပင်ကို ကြည့်ကြရအောင်။


ရှေးက မြန်မာ့ လူ့အဖွဲ့အစည်းမှာ “အဖေ” ဟာ များသောအားဖြင့် အိမ်ထောင်တစ်ခုမှာ ငွေရှာသူ ဖြစ်တယ်။ “အမေ”ဟာ အိမ်ထောင် ထိန်းသိမ်းသူဖြစ်တယ်။ သားသမီးဟာ အဖေ၊ အမေရဲ့ သြဇာအာဏာအောက်မှာ နေထိုင် ကြီးပြင်း လူလားမြောက်ရသူ ဖြစ်ပါတယ်။ အခု ပို့(စ်)မော်ဒန်ကာလမှာ မိသားစုရဲ့ ပုံသဏ္ဍာန်ဟာ နည်းနည်းလေး ပြောင်းလာပါတယ်။ စီးပွားရေးကို အဖေရော၊ အမေရော၊ သားသမီးတွေပါ စွမ်းဆောင်လာတာ တွေ့ရပါတယ်။ ဒါကြောင့် မိသားစုရဲ့ ပါဝါဝေမျှပုံစံဟာ ပို့(စ်)မော်ဒန် လူ့အဖွဲ့အစည်းမှာ ပြောင်းလဲသွားပါ တော့တယ်။ အဖေ၊ အမေ၊ သားသမီးတွေရဲ့ ဘ၀အတွေ့အကြုံဟာ တစ်ယောက်တစ်မျိုးစီ ဖြစ်နေပြီး အသိဥာဏ် တည်ဆောက်မှုဟာလည်း ကွဲပြားစွာ တည်ရှိနေပါတယ်။ သဘောက ဖခင်၊ မိခင်ဟာ သားသမီးဆီကနေ အသိဥာဏ်၊ ဗဟုသုတကို ရရှိနိုင်တဲ့ အနေအထားမျိုး ရှိနေပါတယ်။ ဒါကြောင့် မိသားစုပုံစံဟာ နည်းနည်းလေး ပြောင်းသွားပါတယ်။ အထက်အောက် (Hierarchy) ပုံစံကနေ မျဉ်းဖြောင့်သဘောကို ဆောင်လာပါတယ်။ အသိဥာဏ် ဖွံ့ဖြိုးမှုလမ်းကြောင်းက အပြုသဘော အဆက်အသွယ် (Positive Interaction) အပေါ် ပိုမိုပြီး အမှီ ပြုလာပါတယ်။


ဒါကြောင့် Relationship (ဆက်နွယ်ဆက်ဆံမှု) ပုံစံမှာ -
(၁) အကြံဥာဏ်ပေးခြင်း (Suggestion)
(၂) အသိဖလှယ်ခြင်း (Exchange of Thought/Knowledge)
(၃) ညှိနှိုင်းခြင်း (Negotiation)
(၄) ဆွေးနွေးခြင်း (Discussion)
(၅) စုပေါင်းဆုံးဖြတ်ခြင်း (Group Desicion Making)
(၆) တစ်ဦးချင်းစီကို လေးစားရခြင်း (Respect on Individuality)
(၇) ဝေမျှခြင်း (Sharing)
(၈) အသိပေးခြင်း (Giving Information)
(၉) ဝေဖန်ခြင်း (Critique) (Critique သည် ကောင်းသော ဝေဖန်မှုပြုခြင်းဖြစ်သည်။ Criticism မဟုတ်ပါ)
(၁၀) တစ်ဦးနှင့် တစ်ဦး ပွင့်လင်းသော နားလည်မှုပေါ် အခြေခံခြင်း (Based on Understanding Forward)
စတဲ့ လက္ခဏာတွေဟာ ပို့(စ်)မော်ဒန် မိသားစု လက္ခဏာတွေပဲ ဖြစ်ပါတယ်။ လက္ခဏာရပ် တွေဟာ မိသားစု အတွင်း ဆက်ဆံရေးတွေဖြစ်တဲ့ -

(၁) စကားပြောခြင်း
(၂) ရုပ်ရှင်အတူကြည့်ခြင်း
(၃) ငွေကြေးသုံးစွဲခြင်း
(၄) ပညာရေးရှာဖွေမှု (Schooling)
(၅) ပြဿနာရပ်များကိုင်တွယ်ဖြေရှင်မှု
(၆) အစားအသောက်ရွေးချယ်မှု
(၇) ခရီးထွက်မှု
စတဲ့ နေရာတွေမှာ ရှိနေရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် အာလပ်ရက် ခရီးထွက်ဖို့ ဆုံးဖြတ်တဲ့အခါ ဖခင်တစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်မဟုတ်ဘဲ မိခင်၊ သားသမီး အားလုံးအတွက် အကျိုးလည်းရှိ၊ သဘောလည်းတူ၊ ပျော်လည်းပျော်ရမယ့် ဆုံးဖြတ်ချက်တွေချဖို့ တိုင်ပင်ခြင်း၊ ညှိနှိုင်းခြင်း၊ အတွေ့အကြုံ ဖလှယ်ခြင်း စတာတွေကို ပြုလုပ်ရတာ ဖြစ်ပါတယ်။

ဒါကြောင့် မျက်မှောက်ကာလ ပို့(စ်)မော်ဒန် မိသားစုဟာ အထက်အောက် သဘောထက်၊ မျဉ်းဖြောင့်သဘော စီးဆင်းမှုကို ပုံဖော်ပြီး အထက်အောက်သဘောရဲ့ ယဉ်ကျေးမှုကို မဖျက်ဆီးရပါဘူး။ ဆိုလိုတာက အဖေ၊ အမေဟာ အဖေအမေရဲ့ နေရာမှာပဲ ရှိပြီး သိမှု စီးဆင်းမှုသဘော ပြောင်းသွားတာကို ပြောတာပါ (The process of educational awareness in the pattern of a straight line) ။ ဒါဟာ Globalization နဲ့အတူ မိသားစုယူနစ် ပြောင်းသွားတဲ့ ပညာရေးဖြစ်စဉ်၊ နိစ္စဓူဝ ပညာရေးဖြစ်စဉ်ထဲက မိသားစုဘ၀ ဖြစ်ပါတယ်။

စာဖတ်သူရဲ့ မိသားစုကို လေ့လာကြည့်ပါဦး။ ဒါတွေ ဖြစ်နေမှာ သေချာပါတယ်။

*********

Light Magazine မှာ “ပုံဂံဆည်းဆာ”ခေါင်းစဉ်နဲ့ ဘာသာပြန်ပြိုင်ပွဲအတွက် ပထမဦးဆုံးဆုလက်ဆောင် ရထားတဲ့ စာအုပ်ကလေးထဲက အကြောင်းအရာတစ်ချို့ ကို ဗဟုသုတအလို့ငှါ ကောက်နှုတ် တင်ပြ ပေးလိုက်ခြင်းဖြစ်ပါတယ်။

ကျေးဇူးတင်စွာဖြင့်
yu ya

6 comments:

ဝက်ဝံလေး said...

ကိုယုယရဲ့ ဗဟုသုတလေးတွေလာဖတ်သွားတယ်နော် တကယ်ကို ဗဟုသုတရှိတာပဲ ကောင်း၏ ကောင်း၏

မင်းနေ said...

မှန်ကန်သောဗဟုသုတပါ ကိုယုယရေ ....
လာဖတ်သွားပါတယ်ဗျာ .... များများရေးနိုင်ပါစေဗျာ ...

မဟာဆန် said...

သေချာ စဉ်းစားပြီး အကျိုးသင့် အကြောင်းသင့် နားလည်အောင် တင်ပြသွားတယ်။ တကယ့် research paper တစ်ခုလိုပဲ

mmtn (kalay) said...

ကောင်းတဲ့ ပို့စ်လေးပါပဲ။ ဗဟုသုတ လာယူသွားပါတယ်။

မင်းအိမ်ဖြူ said...

ဒီပိုစ့်လေးအခုမှဖတ်ရတယ်

မငုံ said...

သိပ်ကောင်းတယ်။ ဗဟုသုတလဲ ရတယ်။ ကျေးဇူးပါ။