မမျှော်လင့်ပဲ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တစ်ရက်မှာ သူငယ်ချင်းတစ်ယောက်၏ ခေါင်းစဉ်မဲ့ မုန့်လုပ်စားပွဲလေးသို့ ဖိတ်ကြားခံထားရတာမို့ သူငယ်ချင်းရှိရာ Clementi Heights သို့ မောင်မယ်နှစ်ဖြာ MRT လေးစီးပြီး အေးအေးလူလူ ထွက်လာခဲ့ကြပါတော့သည်။ သူငယ်ချင်းအိမ်ရောက်တော့မှ မုန့်လုပ်စားရတဲ့ အကြောင်းရင်းခံကို သိရပါတော့တယ် - အမေဖြစ်သူက မြန်မာပြည်ကို လွမ်းလို့၊ သတိရလို့ နေမထိ၊ ထိုင်မသာ ဖြစ်နေတာကို သားဖြစ်တဲ့ ကျွန်တော်သူငယ်ချင်းက သူ့အမေ စိတ်ပြေလက်ပျောက် ဖြစ်စေဖို့ ကျွန်တော်တို့ သူငယ်ချင်းများကို ဖိတ်ခေါ်ပြီး မုန့်စားပွဲလေး ကျင်းပကာ သူ့အမေရဲ့ စိတ်ကို ကုစားပေးလိုက်တာ ဖြစ်တယ်ဆိုတာပါပဲ။
အဲဒါနဲ့ပဲ နေ့လည် ၂ နာရီလောက် ပြန်ချိန်ရောက်လို့ သူငယ်ချင်းမိသားစုကို နှုတ်ဆက်ပြီး အပြန်လမ်း၊ Clementi NTUC နားအရောက် စိတ်ထဲမှာ လက်ဆော့ချင်လာပြန်တာနဲ့ပဲ ကျွန်တော်ရဲ့ မဟေသီနဲ့ ညှိနှိုင်းပြီး Singapore Botanic Gardens သို့ 105 Bus လေးစီးပြီး ချီတက်ခဲ့ကြပါတော့သည်။
ပုံတွေအားလုံးကို အကြီးချဲ့ ကြည့်လို့ရပါတယ်။ ပုံတွေများလွန်းတာကြောင့် Resolution ကို လွန်စွာ လျော့ချထား ပါတယ်။ အကယ်၍ ကြိုက်တဲ့ပုံများရှိခဲ့ပါက Actual Size အတိုင်း email နဲ့ ပို့ပေးပါ့မယ်။ Actual Size က ပုံတစ်ပုံကို 5MB ကျော်ပါတယ်။ Desktop Background လုပ်မယ်ဆိုရင် Actual Size နဲ့မှ ကောင်းမယ် ထင်ပါတယ်။

NOG-0

NOG-1

NOG-2

NOG-3

NOG-4

NOG-5

NOG-6

NOG-7

NOG-8

NOG-9

NOG-10

NOG-11

NOG-12

NOG-13

NOG-14

NOG-15

NOG-16

NOG-17

NOG-18

NOG-19

NOG-20

NOG-21

NOG-22

NOG-23

NOG-24

NOG-25 (ကျွန်တော်တစ်ဦးတည်း မြင်ရတဲ့ ပန်းလေးတစ်ပွင့်ပါ။)

NOG-26
မှတ်ချက်။ ။ လုံးဝအားမနာပါနဲ့ဗျာ... ပုံတွေကို ကြိုက်သလို Save လို့ရပါတယ်။ သုံးလို့ရပါတယ်။
ခြွင်းချက်။ ။ NOG-25 မပါ။
ဝန်ခံချက်။ ။ ပုံများအားလုံးကို ကျွန်တော် yu ya ကိုယ်တိုင် သွားရောက် လက်ဆော့ရိုက်ကူးထားပါသည်။
ကျေးဇူးတင်စွာဖြင့်
yu ya
15 comments:
ကိုယုယရေ ပုံတွေလာကြည့်သွားတယ်ဗျ။ အခုလိုဝေမျှပေးတာကျေးဇူးပါဗျာ
ပုံတွေ လာကြည့်ပီး NOG 25 ကို ပြူးပြဲကြည့်ပီး သဘောကျသွားတယ်၊ ညက်လုံးမကောင်းလို့ပါ၊ တွေ့အောင်တော့ ကြည့်သွားတယ်:)
ကိုယုယရေ တစ်ခါမှ မရောက်ဖူးသေးတဲ့ နေရာလေးကို ဓာတ်ပုံလေးတွေ ကြည့်ပြီး သဘောကျသွားပါတယ်။
အင်းးး မျောက်လက်ထဲ အုန်းသီးရသလို ဖြစ်နေပါပီ ကင်မရာ မဟေသီ ဝယ်ပေးတာနဲ့ပဲ ဓာတ်ပုံတွေချဉ်း စွတ်တင်နေတော့တာပဲ ဟဟဟ စ တာနော် ကိုယုယ အကုန်လုံးလှတယ် ဆေးသားလဲ အင်မတန်ကောင်းပါတယ် ဗျာ
မရဘူး NOG 25 ပဲယူမှာ ဂျာ နော် ဟဟဟဟဟဟ
ပန်းလေးတွေ..က..အရမ်းလှတယ်နော်
ပြိုင်ပွဲတောင်.ဝင်လို့ ရတယ်..
အားပေးနေပါတယ်.
ပုံတွေ လာကြည့်ပြီး save လုပ်သွားပါတယ်။ NOG25 ကိုတော့ အသေအချာ ကြည့်သွားပါတယ်။ :)
နံပါတ် ၂၅ ပန်းပွင့်လေးကို တို့လည်း မြင်တယ်နော်...အသားရောင် ၀မ်းဆက်လေးနဲ့...ကိုယုယ တစ်ယောက်တည်း မြင်တာ ဟုတ်ဘူး...ဟွင်း ဟွင်း
သစ်ခွတွေအားလုံး ပိုင်ချင်လိုက်တာ ...မြန်မာပြည်မှာ သစ်ခွခြံ တစ်ခြံပိုင်ရင် ”သထိန်း” ဖြစ်ကရော...
တဦးတည်းမြင်ရတဲ့ ပန်းကို သေချာရှာကြည့်သွားတယ်.. ဟိဟိး)
D90 ရဲ့ အစွမ်းတွေကို အကုန်ထုတ်သုံးနေတာလား ကိုယုယ ရ..။ မိုက်တယ်ဗျာ။ =)
ပုံလေးတွေ ကောင်းတယ် ၊၊
နောက်တစ်ခါ ရိုက်ရင် Close up သာမက Wide angle ၊ မြင်ကွင်းကျယ်ရှုခင်းတွေ ပါ ရိုက်ခဲ့ပေးပါ ၊၊ လုပ်စရာရှိတယ်၊၊ ကျွန်တော်တို့က ဒီနေရာကို လုံးဝ မရောက်ဖူးသေးတဲ့ သူတွေကို ပြမယ် ဆိုရင် အဲဒီ နေရာကို မှန်းဆ မြင်နိုင်ဖို့ သူတို့ မြင် နိုင်မယ့် မြင်ကွင်းကျယ် ပုံမျိုးလည်း လိုမယ်လို့ထင်ပါတယ် ၊၊
ဆရာလုပ်သွားသည် ၊ ဟီဟိ အကြံပေးတာပါဗျာ ၊၊ စိတ်ဆိုးနဲ့
နောက်တစ်ခေါက် လာရှိုးသွားတယ်...သစ်ခွခြံ ပိုင်ချင်လိုက်တာ..အော် လောဘ လောဘ တယ်ပူလောင်ပါလားနော်
* ငှက်ကလေးရေ.. ဟုတ်တယ်ဗျ..အခုမှ မျောက်အုန်းသီး ရနေတာ...အဟီး..။
* မကောင်းကင်ပြာ၊ မငုံ၊ မဟာဆန်... NOG-25 ကို ကြည့်သွားပေမယ့် တစ်ခြားပုံတွေလို ရှင်းရှင်းလင်းလင်း မြင်ရမယ် မထင်ပါဘူးနော်..။
*ဇော်ရေ... D90 ရဲ့ အစွမ်းက အခုမှ စလုံးရေ စတောင် မသိသေးပါဘူးဗျာ။ ကြုံသလို ရိုက်ခဲ့တာပါ။
*ကိုမင်းအိမ်ဖြူရေ... မြင်းကွင်းကျယ်ပုံတွေလည်း အများကြီး ရိုက်လာပါတယ်ဗျာ.. ဒါပေသည့် အဲဒီ မြင်းကွင်းကျယ်ပုံတိုင်းနီးပါက ကျွန်တော်မဟေသီ ပါနေလို့ဗျ... ပုံတင်တဲ့ညက တင်ချင်လို့ ခွင့်တောင်းကြည့်ပါသေးတယ်ဗျာ။ ဗီဒို အာဏာနဲ့ ပယ်ချခံရလို့ မတင်ဖြစ်တော့တာပါ..။ နားလည်ခွင့်လွှတ် စေချင်ပါတယ်။
ကျေးဇူးတင်စွာဖြင့်
yu ya
တစ်ဦးတည်း မြင်ရတဲ့ ပန်းလေးတစ်ပွင့်ကို ရိုက်ထားတာ အကြိုက်ဆုံးပဲ ...idea လေး...
zt ဆိုင်မှာ အုန်းနို့ခေါက်ဆွဲသွားစားတာလား...
ပုံတွေကလဲ အများကြီးပဲ..
ရိုက်ရတာထက် ဘလော့ပေါ်တင်ရတာ ပိုလက်ညောင်းမှာပေါ့...
းဝ)
လှလိုက်တဲ့ ပန်းလေးတွေ...သတိတရ ရိုက်လာပေးတာ ကျေးဇူးနော်..။ ကိုယုယ သူငယ်ချင်းကိုလဲ လေးစားပါတယ်...အမေ အတွက် လုပ်ပေးလို့..။
Post a Comment