Pages

Saturday, July 4, 2009

"...Finish what you started..." (သို့) ဥာဏ်စမ်းပဟေဠိ - ၁ (အဖြေများ)

"...Finish what you started..."

Australia က မင်းသမီးလေး Emily Browning နဲ့ USA က မင်းသမီးလေး Arielle Kebbel တို့ အပြိုင်အဆိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ TheUninvited ဆိုတဲ့ စိတ်ဝင်စားဖို့ ကောင်းတဲ့ Movie လေးပါ။

ကျွန်တော်အဓိက ပြောချင်တာက ရုပ်ရှင်မဟုတ်ပါဘူး။ ဒီရုပ်ရှင်ထဲမှာ ပါတဲ့ "Dialogue" လေးတစ်ခုပါ။

"...Finish what you started..." တဲ့။

ဒီစကားစုလေးကြောင့် ရုပ်ရှင်ဇာတ်ကားလေး သက်ဝင် လှုပ်ရှားသွားစေခဲ့ပြီး မင်းသမီးချောလေး Emily Browning ကို တွန်းအားပေးမှုတွေ ဖြစ်ပေါ်စေခဲ့တာပါ။ စကားလုံးတွေရဲ့ အစွမ်းသတ္တိပေါ့နော်။

“...ကိုယ်စခဲ့တဲ့ဟာကို ကိုယ်ပြန်အဆုံးသတ်ရပါမယ်...” ဒါမှလည်း လူပီသရာ၊ တာဝန်ယူတတ်ရာ၊ ရောက်လေမပေါ့နော်။ ကိုယ်စခဲ့ပြီး ကိုယ်ပြန်အဆုံးမသတ်တာကတော့ ....မပြောတော့ပါဘူး။ ကိုယ့်ဖာသာ ကိုယ်ပဲ မှန်းကြည့်ကြတော့...အဟီး။

ဒါကြောင့် ကျွန်တော်စခဲ့တဲ့ “ဥာဏ်စမ်းပဟေဠိ - ၁” ကို အဖြေထွက်ဖို့ နေ့တိုင်း စဉ်းစားနေခဲ့ရပြီး ခေါင်းခြောက်တိုင်းလည်း အဲဒီ IQ Test ဥာဏ်စမ်းတွေ ပေးပို့ခဲ့တဲ့ သူငယ်ချင်းကို ကြိမ်ဆဲမိပါတယ်။ (ခွင့်လွတ်ပါ သူငယ်ချင်းရယ်... ကိုယ့်ဖာသာ ကိုယ် အပြစ်မတင်ရက်လို့ပါ)။ ဒီနေ့တော့ အဲဒီအဖြေတွေကို (၁၀)ခုလုံး မရသေးပေမယ့် ရခဲ့တဲ့ (၉)ခုကို တင်ပေးလိုက်ပါတယ်။

“ကျွန်တော်နဲ့ အတူ အလုပ်တွေ ရှာနေတဲ့ကြား၊ မအားလပ်တဲ့ကြားကနေ ၀ိုင်းပြီး စဉ်းစားပေးခဲ့ပါသော ကျွန်တော်ရဲ့ မဟေသီကိုလည်း ကျေးဇူးအထူးပင် တင်ရှိပါကြောင်း..”

ကျန်တဲ့တစ်ခုကို အဖြေရတဲ့သူကလည်း Comment ထဲမှာ မျှဝေပေးပါနော်။ ကျွန်တော် အဖြေရတဲ့နေ့မှာ လည်း မျှဝေပေးပါမယ်။

ဥာဏ်စမ်းပဟေဠိ - ၁ (အဖြေများ)

1. B

2. allow

3. 20: add 1,1,2,2,3,3,4,4

4. 3527: in the others - the sum of the first two numbers is equal to the sum of the second two numbers (example: 5+1=3+3)

5. pressure

6. D: lines across proceed +1,+2,+3, Lines Down Proceed +3,+2,+1

7. C: in all the others, the black circle is connected to three white circles. But in C: it it only connected to two white circles.

8.

9. ??????????

10. 4: ဘယ်နဲ့ ညာ Circle နှစ်ခုထဲက ဂဏန်းတွေရဲ့ မြှောက်လာဒ်က အလယ် Circle ထဲက ဂဏန်းရပါတယ်။

ကဲဗျာ... ကျွန်တော်စခဲ့တဲ့ဇာတ်လမ်း ကျွန်တော် အဆုံးသတ်ပြီးသွားပြီနော်။ ကိုယ့်ဖာသာ ကိုယ် အဆုံးသတ်ဖို့ ကျန်ရှိနေသေးသူများ...
("...Finish what you started...")

ကျေးဇူးတင်စွာဖြင့်
yu ya

5 comments:

မသက်ဇင် said...

ယုယရေ
လာလည်ပြီးစာတွေဖတ်သွားပါတယ်
အလုပ်များနေတာမို့
""...Finish what you started..." (သို့) ဥာဏ်စမ်းပဟေဠိ - ၁ (အဖြေများ)"
ကို နောက်မှ သေခြာ ဖတ်တော့မယ်
ခင်မင်လျက်

ဝက်ဝံလေး said...

ကိုယုယရေ လင့်ခ်သွားပါကြောင်း လာအော်တာပါနော် ဘိုင် တာ့တာ

မေဇင် said...

ဒီစလုံး မှာ ရောက်ရောက်ချင်း စာမေးပွဲ ဖြေရသေးတယ်.. IQ test ပဲ...တော်တော်ကြီး လေ့လာ လိုက်ရတယ်...ပြီးတော့လဲ ဘာမှ ဟုတ်ဘူး...း) ။ အဲ့ဒီ စာမေးပွဲ ကိုအောင်တယ်...ဒါပေမယ့် ဒီမေးခွန်းတွေကို တော့ အဖြေပေးထားပြီးတောင်မှ မသိချင်သေးဘူး....း)

Kreator said...

9. my ans is 44 min. My reasoning: 12 noon - 9 am = 3 hrs = 180 min; let y be the required ans, 2y + 48 + y = 180; y = 44;

Yu Ya said...

ခရီရေတာရေ... အခုလို အဖြေကို လာရောက်ဖြေဆိုပေးသွားတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ နောင်လည်း ဥာဏ်စမ်းတွေ တင်တဲ့အခါ ကူညီဖြေဆိုပေးပါလို့လဲ ဖိတ်ခေါ်ပါတယ်နော်။

ကျေးဇူးတင်စွာဖြင့်
yu ya