Pages

Sunday, July 12, 2009

လက်ဆော့ထားသော - Esplanade Night Scene များ

ပြီးခဲ့တဲ့ သောကြာနေ့က (10.07.09) ရုံးဆင်းပြီး အပြန် အစီအစဉ်အတိုင်း ကျွန်တော်ရဲ့ မဟေသီနဲ့ MRT မှာ ချိန်းပြီး City Hall သို့ ထွက်လာ ခဲ့ကြပါတော့သည်။ City Hall ရောက်တော့ Penisula Plaza ရဲ့ ရနံ့သစ်မှာ ညစာသုံးဆောင်ခဲ့ကြပြီး၊ များမကြာသေးမီက ကျွန်တော်ရဲ့ မဟေသီကို နားပူနားဆာလုပ်ကာ ၀ယ်ယူထားပါသော Nikon D90 Camera လေးကို လက်ဆော့ဖို့အတွက် Esplanade သို့ ချီတက် ခဲ့ကြပါတော့တယ်။



Esplanade သွားရာမြေအောက်လမ်းတစ်လျှောက်...



Esplanade Night Scene - 1



Esplanade Night Scene - 2



Esplanade Night Scene - 3



Esplanade Night Scene - 4



Esplanade Night Scene - 5



Esplanade Night Scene - 6




Esplanade Night Scene - 7



Esplanade Night Scene - 8

ကျွန်တော်ရဲ့ လက်ဆော့ချက်ပေါင်း ၂၀၀ ကျော်ရှိပါသော်လည်း ကြည့်ရှု့ မည့်သူများကို အားနာသောအားဖြင့် ဤမျှလောက်ဖြင့် တော်သင့်ပြီဟု ထင်မြင်ပါသောကြောင့်....

မှတ်ချက်။ ။ အမှန်တကယ် ဓာတ်ပုံ Size များမှာ အင်မတန်ကြီးမားသောကြောင့် Upload တင်ရန် လွယ်ကူသော Size များသို့ လျော့ချထားရပါသည်။


သတင်း။ ။ Singapore National Day 2009 - Highlights

Schedule of Parades and Rehearsals:

  1. NE Shows:

    • NE Show 1 - Saturday, 11 July 2009

    • NE Show 2 - Saturday, 18 July 2009

    • NE Show 3 - Saturday, 25 July 2009

    These are full dress rehearsals watched by Primary 5 students as part of their National Education programme.

  2. Singapore National Day 2009 Preview Parade:

    • Saturday, 1 August 2009

  3. Singapore National Day Parade 2009:

    • Sunday, 9 August 2009

    • This year's Parade will start at 6pm.
      (similar timing for the NE Shows and Preview Parade)

    • The Floating Platform @ Marina Bay is the venue of the parade and show.

      But the military contingents will also march through the City Hall area (a.k.a. the Padang at St Andrew's Road). So you may catch the action there even if you don't have tickets.


ကျေးဇူးတင်စွာဖြင့်

yu ya

9 comments:

ဝက်ဝံလေး said...

အယ် ဆေးသားလေးတွေက တော်တော်ကောင်းတာပဲ ကိုယုယရေ လာကြည့်သွားတယ်နော် နောက်တခါကျရင် များကို ဓာတ်ပုံရိုက်ပေးနော် များက ဓာတ်ပုံရိုက်တာ ဝါသနာပါတယ် ဟုတ်ပီလား

ဘိုင်

Ree Noe Mann said...

လာကြည့်သွားတယ် သယ်ရင်းရေ

ရီနို

မယ့်ကိုး said...

လက်ဆော့ထားတာတောင် တော်တော်လှတယ်နော်။ ပညာရှင်အဆင့်ပဲ ထင်မိတယ်။

Unknown said...

ပုံလေးတွေ တော်တော် ကောင်းတယ် ဗျ ၊၊

အခုလိုမျှဝေပေးတာ ကျေးဇူးပါ ၊၊

ကင်မရာဝယ်ယူလိုစိတ်ကို နိုးထစေတာတော့ မကောင်း ပါဘူးဗျာ ..

Yu Ya said...

*ငှက်ကလေးရေ... ရိုက်ပေးမယ့်.. တုတ်နဲ့.. ဟုတ်ပါဘူး.. Camera နဲ့။

*မယ်ကိုးရေ.. တကယ့်ကို လက်ဆော့ထားတာပါ။ ပညာရှင်အဆင့်လို့ လုံးဝလုံးဝ မထင်ပါနဲ့ဗျာ..။ အခုမှ မူကြိုအဆင့်ပါ။

*Minn ရေ.. ကင်မရာဝယ်ယူလိုစိတ်ဖြစ်အောင် နိုးထစေခဲ့တယ် ဆိုရင်တော့ Nikon ဆီကနေ ကော်မရှင်ခ တောင်းရမလိုဖြစ်နေပြီ။ အဟီး...

Anonymous said...

Night scene 3 ကအလင်းတန်းနှစ်တန်းကို ကြိုက်တယ်

Night scene 4 ကိုလည်းကြိုက်တယ်ဗျ

ထရွိုင်ပေါ့နဲ့ရိုက်တာလားဗျ။

ဇော် said...

သြော် ငှက်ကလေးရယ် ..
ဆေးသားတွေ ကောင်းဆို Nikon D90 လေ..။
အဲ့ဒါက Nikon DX3 ( ခုလာမယ့် ၂၀၁၀ မော်ဒယ်အသစ် 25 Megapixel ) မလာခင်မှာ နီကွန်ရဲ့ အကောင်းဆုံး ကမ်မရာပဲဟာ။ ဈေးကလဲ မသေးဘူးလေဗျာ။ ကျနော်တို့ဆီမှာတောင် ဒေါ်လာ ၁၃၈၈ ရှိတယ်လေ။ ကိုယုယက ဘယ်လောက်နဲ့ ၀ယ်လဲ မသိနော်။ =)
အဲ့ဒီ ကမ်မရာက ကျနော့်ရဲ့ ဖေးဖရိတ်ပေါ့ဗျာ။ ပရောဖက်ရှင်နယ် ကမ်မရာမှာ နီကွန်ကိုတော့ ဘယ်သူမှ မမှီသေးဘူး။ =)

ဂုဏ်ယူပါတယ်ဗျာ။ နီကွန် D 90 ကို ပိုင်ဆိုင်ထားရလို့ပါ။ ပျော်ရွှင်ပါစေ။ =)

Yu Ya said...

*ကိုရွာသားရေ... အဲဒီနေ့က Tri Pod ယူသွားခဲ့ပေမယ့် အသုံးမချခဲ့ရဘူးဗျ... City Hall က မြန်မာအစားအစာတွေ ၀ယ်လာတာနဲ့ ဖင်မနိုင် ခေါင်းမနိုင်ဖြစ်ပြီး ဒီအတိုင်းပဲ အသက်အောင့်ပြီး ရိုက်ထားတာ... အဟီး..။ ဒါပေမယ့် Lens မှာ Vibration Reduction Switch ကိုတော့ On ထားခဲ့တယ်ဗျ။ ဒါကြောင့် Shutter Speed အနည်းငယ်နှေးသွားပြီး ပုံတွေက သိပ်ပြီး စိတ်တိုင်း မကျခဲ့ဘူးဖြစ်သွားတယ်။

*ဇော်ရေ... ကင်မရာက Professional ပေမယ့် ကျွန်တော်ကတော့ မူကြိုအဆင့်ပဲရှိပါတယ်ဗျာ.. နည်းပညာနဲ့ ပတ်သက်ပြီး ဘာမှ တတ်သိနားမလည်သေးပါဘူး။ အခုမှ စပြီး လေ့လာမလို့ အရှိန်ယူနေတုံးပါဗျာ။

ကင်မရာဈေးကတော့ $1700 ~ $1988 အထိရှိပါတယ်။ ဆိုင်ပေါ်မူတည်ပြီး ဈေးနှုန်းကွာပါတယ်။ ဈေးနည်းတဲ့ ဆိုင်ကတော့ Free Gift ပေးတာနည်းပြီး ဈေးများတဲ့ဆိုင်ကတော့ Free Gift ပေးတာ များပါတယ်။ ကျွန်တော် Lens က AF-S DX Nikkor 18-105mm f/3.5-5.6G ED VR ပါ။ ၀ယ်ချင်တာကတော့ 18-200mm ပါ။ ဒါပေမယ့် Lens ဈေးကတင် $1329 ဖြစ်နေတာနဲ့ အသာလေး ငြိမ်နေခဲ့ရတယ်။ မငြိမ်လို့လည်းမရဘူးလေ... မဟေသီက ပွမ်မှာ။ အဟီး...

ကျေးဇူးတင်စွာဖြင့်
yu ya

Photovigor said...

Hey..great pictures..Love your pic..Keep going..