Pages

Saturday, July 18, 2009

ခေါင်းစဉ်ပျောက်နေသော သီချင်းတစ်ပုဒ်

“...အလင်းနှစ်သန်းပေါင်းများစွာ
ငါနဲ့ ငါ့ဘ၀ဝေးကွာ
အတ္တတစ်ခုနဲ့ အတ္တကို ပြန်မျှ...” (ငါ့ကို ငါက ရှုံ့ ချ၊ ငါ့ကို ငါပဲအားကျ)

“...အဆုံးအစမသိတဲ့ခရီးမှာ
လမ်းပြသုံးသပ်မယ့်ကမ္ဘာ
လောကပြင်းသက်များထဲ ငါဘယ်မှာ...” (ငါ့ကို ငါက ရှုံ့ ချ၊ ငါ့ကို ငါပဲအားကျ)

“...ငါတည်ဆောက်ခဲ့ရသမျှ (ပြန်ပြီးဖြိုချ)
ငါတည်ထောင်ခဲ့ရသမျှ (ငါစွန့်လွှတ်လိုက်ရ)
ငါသင်ကြားခဲ့ရသမျှ (ငါမေ့ဖို့ကြိုးစား)
ငါမရှိ၊ ငါမသိ၊ ငါ၏ ငါ့အမှားမျာူးု....
ငါသိပ်မသိသော (ငါ့ရဲ့ နောက်တစ်ယောက်က..)
ငါနားမလည်သော (ငါ့ရဲ့ ဒဿက...)
ငါအကျွမ်းမ၀င်သော ငါ့မှာ...
(ငါ့ကို ငါက ရှုံ့ ချ၊ ငါ့ကို ငါပဲအားကျ)
ငါပျေက်နေဆဲ (ငါ့ရဲ့ အနီးဆုံးက...)
ငါလိုက်ရှာဆဲ (ငါ့ရဲ့ အဝေးဆုံးက...)
ငါနဲ့ ငါကြား ဗျာများနေဆဲငါ....”

“...လူ့ကလက်စီးများအတွင်းမှာ
ဇောစိတ်တို့ တဖျတ်ဖျတ်ခါ
အတ္တတစ်ခုက အတ္တကိုစေစား...” (ငါ့ကို ငါက ရှုံ့ ချ၊ ငါ့ကို ငါပဲအားကျ)

“...မီးများနဲ့ ကင်းဝေးရာ
ငါမီးထွန်းပြီးတော့ လိုက်ရှာ
လွမ်းအားပြင်းချက်မျာထဲ ငါဘယ်မှာ...” (ငါ့ကို ငါက ရှုံ့ ချ၊ ငါ့ကို ငါပဲအားကျ)

“...ငါတည်ဆောက်ခဲ့ရသမျှ (ပြန်ပြီးဖြိုချ)
ငါတည်ထောင်ခဲ့ရသမျှ (ငါစွန့်လွှတ်လိုက်ရ)
ငါသင်ကြားခဲ့ရသမျှ (ငါမေ့ဖို့ကြိုးစား)
ငါမရှိ၊ ငါမသိ၊ ငါ၏ ငါ့အမှားမျာူးု....
ငါသိပ်မသိသော (ငါ့ရဲ့ နောက်တစ်ယောက်က..)
ငါနားမလည်သော (ငါ့ရဲ့ ဒဿက...)
ငါအကျွမ်းမ၀င်သော ငါ့မှာ...
(ငါ့ကို ငါက ရှုံ့ ချ၊ ငါ့ကို ငါပဲအားကျ)
ငါပျေက်နေဆဲ (ငါ့ရဲ့ အနီးဆုံးက...)
ငါလိုက်ရှာဆဲ (ငါ့ရဲ့ အဝေးဆုံးက...)
ငါနဲ့ ငါကြား ဗျာများနေဆဲငါ....”

*** ကဗျာမဟုတ်ပါဘူး။ အရမ်းနဲ့ ကြိုက်မိပါသော သီချင်းတစ်ပုဒ်ရဲ့ Lyrics တွေပါ။ ရေးဖွဲ့သူကို မသိပေမယ့် သီဆိုသူကတော့ ငှက်ကလေး (ဘလော့ဂါ) နဲ့ ဘာတော်မလဲ စဉ်းစားနေမိတယ်..အဟီး။ သီချင်းခေါင်းစဉ်လည်း ပျောက်နေပါတယ်။

သီချင်းသံစဉ်က အနည်းငယ် ဆူညံတဲ့ဘက်ကို ရောက်နေပေမယ့် စာသားတွေကိုတော့ အင်မတန်မှ နှစ်ခြိုက်မိပါတယ်။ အဆိုတော်ရဲ့ ဆိုဟန်ကတော့ ပြောစရာမလိုလောက်အောင်ကို ပြောင်မြောက်လှပါတယ်။ ပြောင်မြောက်ဆို သူက ကျွန်တော်တို့ အင်မတန်မှ နှစ်သက်တဲ့ အဆိုတော် R ဇာနည်ရဲ့ ဆရာရင်းလည်း ဖြစ်ခဲ့တယ်လို့ ဖတ်ဖူးပါတယ်။

သီချင်းနားထောင်ကြည့်ချင်ရင်တော့ ကျွန်တော်ရဲ့ My Favourite Songs များထဲမှာ ရှာကြည့်လို့ရပါတယ်။

ကျေးဇူးတင်စွာဖြင့်
yu ya

12 comments:

Yu Ya said...

ငှက်ကလေးရေ... သီချင်းဆိုသူက ကိုငှက်ကြီး ဖြစ်နေလို့ပါနော်။ ငှက်ကလေးနဲ့ ဘာတော်လဲဟင်...

yu ya

အနော် said...

ကိုယုယဆိုတဲ့ နာမည်ကိုတွေ့မိလို့ အနော့်သူငယ်ချင်းများလား လာကြည့်ပါတယ် မဟုတ်ဘူးရယ်..... သူက အခုထိ မစွံသေးပါ
အကိုကတော့ အင်မတန်ချောသော အမရှိတယ်လေ ....:P
စာတွေရော ဓာတ်ပုံတွေကိုရော ကြည့်ရှုခံစားသွားပါတယ်ရှင့်....

kyalkalay said...

အလိုအဖြေပေးမှန်းသိ အရင်လာမန့်ပါတယ်

ရှာလိုက်ရတာမောလို့

ကျေးဇူးပါ အကို

Mogok Thar said...

ကဗျာလို ဖတ်လာပီး အောက်မှ သီချင်းမှန်းသိ။ သီချင်းမသိသော်လည်း ကဗျာဆန်ဆန် စာလေး အမှတ်တရ ရှိသွားပါ၏။

မဟာဆန် said...

ကိုငှက်ကြီးလား
ဟုတ်ပါရဲ့ သီချင်းအဓိပ္ပာယ်က ကောင်းတယ်နော်

ဝက်ဝံလေး said...

ကိုယုယရေ ကွန့်မန့် မဖတ်ခင်ကတည်းက သီချင်းရှာပြီး နားထောင်နေတာ ဟဟဟ သိတယ် အဲဂလိုပြောကတည်းက ကိုငှက်ကြီးမှန်းသိတာနဲ့ htoo eain thin unknown title ကိုဖွင့်ပြီး နားထောင်နေတာ ဟဟဟဟဟ
ကိုငှက်ကြီးက ညီမရဲ့ အကိုအရင်းလေ သူ့လိုပဲ ညီမလဲ အသံကောင်းတယ် မယုံရင် ဆိုပြမယ် နားထောင်ကြည့် ခိခိ

ကြိုက်တယ် သူ့အသံကို အိမ်ပြန်ချင်တယ် ဟူးးးဟူးးး သီချင်းလေးကို ပိုကြိုက်တယ် ဟဟဟ

ဘိုင်

Ree Noe Mann said...

သယ်ရင်းရေ
စာလာဖတ်သွားပါတယ်ကွာ

သယ်ရင်း ရီနို

မင်းအိမ်ဖြူ said...

လာဖတ်သွားပါတယ်ဗျာ

မငုံ said...

နားမထောင်ဖူးဘူး။ ဒါပေမဲ့ သီချင်းစာသားကို အခုဖတ်လိုက်ရတော့ ကောင်းတယ်နော်။ အဖြေပါ တစ်ခါတည်း သိသွားရတယ်။

WWKM said...

ငှက်ကလေးနဲ့ဘာတော်လဲမသိဘူးဆိုတာကို တမျိုးတွေး
မိသွားတယ်.း)) ခုမှသိတော့တယ်.း)

မဆုမွန် said...

ခေါင်းစဉ်က ငါ ဖြစ်မယ် ထင်တယ် ဟီး

မြစ်ကျိုးအင်း said...

ငှက်ကလေးဘဲဘဲလားလို့ ထင်မိတယ်(သိရင်တော့လာအော်တော့မှာပဲ)
အာဇာနည်ရဲ့ဆရာလား အဲဒါတော့မသိဘူးဗျ အာဇာနည်က အငဲဆီမှာတော့ သင်သေးတယ်..။
ဖြိုးကြီးရဲ့ သင်ဆရာက ကိုငှက်ကြီးလို့ ကြားဖူးသေးတယ်...အသက်ပြန်ရှင်စေချင်တဲ့သူထဲမှာ
ကိုငှက်ကြီးလည်းပါတယ်ဗျ...။ကျွန်တော် တော်တော် ကြိုက်တယ်...ဆိုဟန်ကတော့ သူနဲ့တူမယ့်သူတောင် မရှိလောက်ဘူး ထင်မိတယ်...။