Pages

Tuesday, June 9, 2009

Singapore Driving Licence


Singapore မှာ ကားမောင်းချင်သူများ အတွက် Myanmar Driving Licence မှ Singapore Driving Licence သို့ ကျွန်တော်ကိုယ်တွေ့ Convert လုပ်ခဲ့ပါသော ဆောင်ရွက်ပုံ အဆင့်ဆင့်ကို အောက်ပါအတိုင်း မျှဝေပေးခြင်း ဖြစ်ပါတယ်။


Conversion procedure

ကျွန်တော်တို့ Myanmar Driving License မှ Singapore Driving Licnese သို့ Convert လုပ်ရာတွင်
  1. သက်တမ်းရှိနေသေးတဲ့ မြန်မာယာဉ်မောင်း လိုင်စင် ရှိရပါမယ်။
  2. မြန်မာလိုင်စင်ကို Notary (နိုတြီ) ပြန်ရမှာ ဖြစ်ပါတယ်။ ၎င်းနိုတြီတွင် passport ဓာတ်ပုံကပ်ရန် လိုအပ်ပြီး ထိုကပ်ထားသော ဓာတ်ပုံပေါ်တွင် နိုတြီပြန်ပေးထားသော ရှေ့နေ၏ ဖောင်းကြွတံဆိပ် ထုထားပေးရန် လိုအပ်ပါသည်။
  3. ၎င်းနိုတြီအား Ministry of Foreign Affairs (MOFA) မိုဖာတံဆိပ်တုံးထုရန် အရေးကြီးပါသည်။ ၎င်းတံဆိပ်တုံးမပါက လုံးဝ လက်မခံပါ။
အထက်ပါအချက် (၃) ချက်နှင့် ပြည့်စုံနေပါသော်လည်း ကျွန်တော်တို့သည် Singapore Driving Lincence သို့ချက်ချင်း Convert လုပ်၍ မရနိုင်သေးပါ။ Convert လုပ်နိုင်ရန်အတွက် Basic Theory Test (BTT) လို့ခေါ်တဲ့ စာမေးပွဲကို အောင်မြင်ဖို့ လိုအပ်ပါတယ်။


BTT ဖြေဆိုဖို့ အတွက်ကိုတော့ Driving School ကို ကိုယ်တိုင်သွားပြီး Booking လုပ်ရပါတယ်။ Online Register လည်းလုပ်လို့ ရပါတယ်။ Singapore မှာ Singapore Traffic Police က ဦးစီးတဲ့ Driving School (3) ခုရှိပါတယ်။
  • Ang Mo Kio Driving Test Centre, level 3, co-located with the Singapore Safety Driving Centre ( http://www.ssdcl.com.sg/ ) at 3 Ang Mio Kio St 62 Industrial Park 3 Singapore 569139.
  • Bukit Batok Driving Test Centre, level 2, co-located with the Bukit Batok Driving Centre ( http://www.bbdc.sg ) at 815 Bukit Batok West Ave 5 Singapore 659085.
  • Kampong Ubi Test Centre, level 2, co-located with ComfortDelgro Driving Centre ( http://www.cdc.com.sg/users/homepage/index.asp ) at 205, Ubi Ave 4 Singapore 408805.
မိမိတို့နှင့် နီးစပ်ရာ အထက်ဖော်ပြပါ Driving Test Centre တစ်ခုခုမှာ Register လုပ်နိုင်ပါတယ်။

BTT Register လုပ်ရာမှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့..
  • Valid passport and valid work permit / student pass / employment pass / PR pass.
  • Payment by NETS or Cashcard only.
Payment နဲ့ ပက်သက်လို့ကတော့ BTT Test fees က $9.40 ဖြစ်ပါတယ်။ Test ဖြေဖို့ အတွက် လေ့လာရန် စာအုပ်ကို အဲဒီမှာ တစ်ခါတည်း ၀ယ်လို့ရပါတယ်။ စာအုပ် တစ်အုပ်ကို $ 5.35 ပေးရပါတယ်။ အဲဒီစာအုပ်ကိုပဲ Popular စာအုပ်ဆိုင်တွေမှာ ၀ယ်လို့ရပါတယ်။

အဲဒီစာအုပ်ကို သေသေချာချာ ကျက်မှတ် လေ့လာပြီးဖြေမယ်ဆိုရင် BTT Test ကို လွယ်ကူစွာ ဖြေဆိုနိုင်မှာပါ။ BTT Test မဖြေခင်မှာ Trial Test ဖြေလို့ရပါတယ်။ BTT Test Register လုပ်တဲ့ နေ့မှာပဲ တစ်ခါတည်း Trial Test ဖြေ၊ မဖြေကို ရွေးချယ်ရပါတယ်။ Trial Test ဖြေဖို့ကို ပိုက်ဆံ ထပ်သွင်းရပါတယ်။ Trial Test တစ်ခုကို $5 ၀န်းကျင်လောက် ပေးရမယ်လို့ ထင်ပါတယ်။ ကျွန်တော် Trial Test မဖြေခဲ့တော့ အတိအကျ မသိခဲ့ရပါဘူး။
BTT Test ကို မဖြေခင်မှာ Trial Test ကို ဖြေသင့်တယ်လို့ ထင်ပါတယ်။ အချိန် မရှိလို့ Trial Test သွားမဖြေချင်ဘူးဆိုရင်တော့ BTT Test ကို တစ်ကြိမ်တည်း အောင်မြင်ဖို့အတွက် Online Test တွေကို ရွေးချယ်သင့်ပါတယ်။ စာဘယ်လောက် ရရ မေးခွန်းတွေအတွက် Practice မရှိဘူးဆိုရင် တကယ်ဖြေတဲ့နေ့မှာ အခက်အခဲ များစွာ တွေနိုင်ပါတယ်။ Online Test တွေ လေ့ကျင့်ချင်ရင်တော့
http://www.sgdriving.net ကို သွားပြီး လေ့ကျင့်နိုင်ပါတယ်။ Free အနေနဲ့ကတော့ မေးခွန်း ၁၀ခု ပါတဲ့ Test ၁ခုချင်းကိုသာ ဖြေဆိုနိုင်ပါလိမ့်မယ်။ ဒါမှမဟုတ်ရင်တော့ $10 Online သွင်းပြီး Full Access Test တွေကို (၆)လ လေ့ကျင့်နိုင်မှာပါ။

BTT Test
BTT Test ဟာ Computerize (Touch Screen) ဖြေဆိုရပါတယ်။ Test မှာ မေးခွန်းအားလုံး (၅၀) ဖြေရပါတယ်။ Multiple Choice တွေပါပဲ။ ဖြေဆိုချိန်ကတော့ မိနစ်(၅၀)ပါ။ အဲဒီမေးခွန်းအခု (၅၀)မှာ (၃)ခု ဒါမှမဟုတ် (၅)ခု မှားခွင့်ရှိပါတယ်။ မေးခွန်းအားလုံး ဖြေဆိုပြီးသွားတာနဲ့ စက္ကန့် ၃၀ နေရင် Result တစ်ခါတည်းထွက်ပေါ် လာပါတယ်။ PASS ဒါမှမဟုတ်ရင် FAIL ပေါ့။

ကိုယ့် Result က PASS ဆိုတာနဲ့ တစ်ခါတည်း Convert လုပ်လို့ရပါပြီ။ Convert လုပ်ရာမှာ အောက်ဖော်ပြပါ စာရွက်စာတမ်းများကို မူရင်းတစ်စုံ နှင့်အတူ မိတ္တူတစ်စုံ လိုအပ်ပါတယ်။
  • Passport and Entry Permit/Employment Pass/Dependant Pass
  • မူရင်း Myanmar Driving Licence
  • MOFA ပါသော Notary မူရင်း
  • Passport Photo (နောက်ခံ အဖြူ)
  • $50 (Net / Cashcard)
အဲဒီ စာရွက်စာတမ်းတွေအပြင် ပန်းရောင်စာရွက်လေးတစ်ရွက် Application For A Driving Licence To Drive မှာ Particular Data အနည်းငယ် ဖြည့်ရတယ်။ အဲဒီစာရွက်လေးကိုတော့ Centre မှာရယူနိုင်ပါတယ်။ ပြီးရင်တော့ ကိုယ့် Queue အလှည့်ရောက်ရင် တင်လိုက်ပေတော့။ တာဝန်ရှိသူက စာရွက်စာတမ်းတွေ အားလုံး ကို သေချာစစ်ပြီး MOFA တုံးပါတဲ့ Notary မူရင်းက လွဲရင် ကျန်တဲ့ မူရင်းစာရွက် စာတမ်းတွေကို ပြန်ပေးပါတယ်။ ပန်းရောင် စာရွက်လေးရဲ့ အောက်ပိုင်းကို ဖြတ်ပြီး ပြန်ပေးပါသေးတယ်။ နောက်ပြီး ခဏထိုင်စောင့်ဖို့၊ သူ့ရဲ့ Colleague က ငွေသွင်းဖို့ အတွက် မိမိရဲ့ နာမည်ကို ခေါ်ပါလိမ့်မယ်ဆိုတဲ့အကြောင်း ပြောပြပါလိမ့်မယ်။
နာရီဝက်၊ ၁ နာရီလောက်စောင့်ပြီးရင်တော့ ငွေသွင်းဖို့ ခေါ်ပါလိမ့်မယ်။ ငွေသွင်း ပြီးရင် အဲဒီ Officer က Driving Licence Photo Card ပို့ပေးဖို့အတွက် လိပ်စာ ထပ်ဖြည့်ခိုင်းပါတယ်။ မမှားဖို့ အထူးသတိချပ်ပါ။ ပြီးရင်တော့ Officer က Class 3 အဆင့် Temporary Driving Licence Slip လေးထုတ်ပေးပါလိမ့်မယ်။ အဲဒီ Temporary Slip လေးနဲ့ ကား စတင် မောင်းနိုင်ပါပြီ။ Driving Licence Photo Card ကိုတော့ (၁) လ အတွင်း Dispatch လုပ်ပေးပါတယ်။ Dippatch လုပ်တာ မစောင့်နိုင်ဘူးဆိုရင်တော့ ကိုယ်တိုင် Centre မှာ သွားယူလို့ ရပါတယ်။ ဒါပေမယ့် Temporary Slip လေးပေးတဲ့ အချိန်မှာ Officer ကို Self Collect လုပ်ချင်တယ် ဆိုတဲ့အကြောင်းကိုတော့ Request လုပ်ဖို့ လိုအပ်ပါတယ်။

P.S ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Driving Licence ဆိုရင် ဆိုင်ကယ်ကော မောင်းလို့ရပြီးသားပါ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ Driving Licence ကို Singapore မှာ Convert လုပ်ရင် Class 3 အဆင့် တစ်ခုပဲရပါတယ်။ Class 3 ဆိုတာ ၃ တန် အောက် မည်သည့် မော်တော်ကားမဆို မောင်းနှင်ခွင့် ရှိပါတယ်။ တကယ်လို့ ကျွန်တော်တို့က မော်တော် ဆိုင်ကယ် မောင်းချင်တယ်ဆိုရင်တော့ ကိုယ်မောင်း ချင်တဲ့ မော်တော်ဆိုင်ကယ်ရဲ့ အင်ဂျင်ပါဝါပေါ်မူတည်ပြီး အောက်ပါအတိုင်း Test တွေ ထပ်ဖြေရပါမယ်။

Classes of Vehicles
2B Motorcycle not exceeding 200cc
2A Motorcycle not exceeding 400cc
2 Motorcycle exceeding 400cc

3A Motor Car (Auto)
3 Motor Car
4A Omnibus
4 Heavy Motor Car and Motor Tractor
5 Light Locomotive and Heavy Locomotive

Best Regards,
Yu Ya

1 comment:

မင်းအိမ်ဖြူ Minn Eain Phyu said...

စာတွေလာဖတ်သွားပါတယ် ၊၊ အခုလို ကိုယ့်သိထား တာလေးကို တိတိကျကျ စုံစုံလင်လင် မျှဝေပေးတာ ကျေးဇူးတင်ပါတယ် ၊၊ သိချင်တဲ့သူတွေအတွက်လည်း ညွှန်းပေးပါမယ် ၊၊ ကျွန်တော်လည်း လိုင်စင် လုပ်ဖို. အပျင်းကြီးနေတာ ဒီပိုစ့်လေးဖတ်ပြီးမှ ကိုယ့်ကိုကိုယ် ပြန်အားတင်း နေရတယ် ၊၊ စာတွေ ပြန်ဖတ်ရမှာ ပျင်းနေလို.ပါ ....