Pages

Monday, June 15, 2009

Movies များ download ဆွဲခြင်း


ကျွန်တော်အပါအ၀င် တစ်ချို့ သောသူများသည် နိုင်ငံခြားဇာတ်လမ်းတွဲရုပ်ရှင်များ၊ ဗီဒီယိုများ၊ ကာတွန်းကားများ ကြည့်ရှုခြင်းကို ခုံမင်ကြပါသည်။ သို့ဖြစ်ပါ၍ များစွာသော အခွေများကို ကြည့်ရှုနိုင်ရန်အလို့ငှါ ငှါးရမ်းခြင်း၊ ၀ယ်ယူခြင်းတို့ဖြင့် အလုပ်ရှုပ်ရလေ့ ရှိပါသည်။ မြန်မာနိုင်ငံတွင် ရုပ်ရှင်ကားများ၊ ဗီဒီယိုကားများစွာကို ဈေးနှုန်းချိုသာစွာဖြင့် ၀ယ်ယူကြည့်ရှု နိုင်ပါသော်လည်း နိုင်ငံရပ်ခြားတိုင်းပြည်များတွင် DVD အခွေဈေးနှုန်းများမှာ မြန်မာနိုင်ငံလောက် ဈေးနှုန်းမချိုသည်မှာ အမှန်ပါ။ ရုပ်ရှင်ရုံများတွင် သွားရောက် ကြည့်ရှုဖို့ဆိုသည်မှာလည်း ရံဖန်ရံခါမျှသာ ဖြစ်နိုင်ပါသည်။ ရုပ်ရှင်ကားတော်တော်များများကို Online ဖြင့် တိုက်ရိုက် ကြည့်ရှုနိုင်ပါသော်လည်း ရုပ်ထွက် Quality နှင့် Audio ပိုင်းမှာ (Inferior Quality) စိတ်တိုင်းမကျ နိုင်ပါ။ သို့ပါ၍ အောက်ဖော်ပြပါ P2P (Peer to Peer) Networking နည်းပညာသုံး၍ Quality ကောင်းကောင်း ရုပ်ရှင်ကားများကို Download လုပ်ယူကာ ပျော်ရွှင်စွာ ခံစား ကြည့်ရှု နိုင်ပါသည်။

Download ဆွဲချရန် လိုအပ်သော အချက်များ
1. Pentium 4 Computer
2. Internet Line
3. P2P Software
4. P2P Search Engine

အထက်ဖော်ပြပါအချက် (၄)ချက်တွင် နံပါတ် (၁) နှင့် (၂) သည် လူတော်တော်များများတွင် ပြည့်စုံနေပြီး ဖြစ်ပါလိမ့်မယ်။ နံပါတ်(၃) ဖြစ်တဲ့ P2P Software နှင့် ပက်သက်၍ P2P Softwares အတော်များများ ရှိပါတယ်။ ၎င်းတို့အထဲတွင်မှ uTorrent software သည် အတော်လေး ပြည့်စုံကောင်းမွန်သော user familiar ဖြစ်နိုင်သော လူကြိုက် အများဆုံး Software တစ်ခု ဖြစ်ပါသည်။ အောက်ဖော်ပြပါ Link ကိုနှိပ်၍ Free Download ရယူပြီး Install လုပ်ပါ။
Utorrent Software Download ဆွဲယူရန် http://www.utorrent.com/

၎င်း Software ကို Download ဆွဲယူပြီးပါက Download Speed ပိုမိုကောင်းမွန်စေရန်အလို့ငှါ Setting များကို ချိန်ညှိပေးရန် လိုအပ်ပါသည်။ အောက်ဖော်ပြပါ Photo Setting-1 & Setting-2 ပါအတိုင်း uTorrent ရဲ့ Setting များကို ပြင်ဆင်ပေးပါ။


Setting-1



Setting-2

Setting-1 & Setting-2 အတိုင်း ပြင်ဆင်ပြီးပါက သင့်ရဲ့ uTorrent သည် Download ဆွဲယူရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ပါသည်။


Utorrent ကို အသုံးပြု၍ Download ဆွဲယူရန် အထက်တွင် ဖော်ပြခဲ့သော အချက်(၄)ချက်အနက်မှ နံပါတ်(၄) ဖြစ်သည့် P2P Search Engine လိုအပ်မှာ ဖြစ်ပါတယ်။
P2P Search Engine များစွာရှိပါတယ်။ ၎င်းတို့ အထဲတွင်မှ isohunt သည် လူကြိုက်များသော Search Engine တစ်ခုဖြစ်ပါသည်။ IE သို့မဟုတ် Mozilla ကိုဖွင့်၍ www.isohunt.com လို့ ရိုက်ထည့်လိုက်ပါက Isohunt Search Engine ကျလာပါလိမ့်မယ်။ အဲဒီ Isohunt ရဲ့ Search Box မှာ ကိုယ်ကြည့်ချင်တဲ့ ရုပ်ရှင်ကားနာမည်ကို ရိုက်ထည့်ပြီး Search လုပ်ရင် အောက်ပါအတိုင်း တွေ့ရပါလိမ့်မယ်။ ဆိုကြပါစို့ Twilight ဆိုတဲ့ Movie ကို ရိုက်ထည့်ပြီး ရှာကြည့်ကြမယ်။


Twilight Movie ကိုရှာတွေ့တဲ့ List

အထက်ပါ ပုံနဲ့ပက်သက်၍ အနည်းငယ် ရှင်းပြလိုပါတယ်။ လိုချင်တဲ့ Movies များကို ရှာတိုင်း ပန်းရောင် မျှားထိုးထားသည့်နေရာကို အထူးသတိပြုပေးပါ။ မျှားရဲ့ ညာဖက် အခြမ်းမှာ အ၀ိုင်းလေး ၀ိုင်းထားတဲ့ S လို့ရေးထားတဲ့ Seed ဆိုတာလေးရှိပါတယ်။ S အောက်မှာ ဖော်ပြထားတဲ့ ဂဏန်းနံပါတ်တွေဟာ လူအရေအတွက်တွေကို ဖော်ပြပေးနေ တာပါ။ Seed ဆိုတာ အဲဒီလူဆီမှာ ကိုယ်လိုချင်တဲ့ Movie ဟာ အစကနေအဆုံးရှိနေတဲ့သူပါ။ တနည်းအားဖြင့် သူက Download ဆွဲနေတဲ့သူတွေကို အပြည့်အ၀ Upload တင်ပေးနေတဲ့သူပါ။ ဒါကြောင့် Seed (S) များတဲ့ Movies တွေကို Download လုပ်ရင် အများ အားဖြင့် Download Speed ကောင်းတတ်ပါတယ်။ မျှားလေးရဲ့ ညာဖက် အခြမ်းမှာ လေးထောင့် ကွက်လေးနဲ့ ဖော်ပြထားတဲ့ L ကတော့ Leecher ကို ပြောတာပါ။ Leecher ဆိုတာ Download ဆွဲနေတဲ့သူတွေဖြစ်ပြီး တစ်ချိန်တည်းမှာပဲ အဲဒီ လူတွေဟာ ကိုယ် Download ဆွဲနေတဲ့ File ကို Upload ပြန်လုပ်ပေးနေတဲ့ သူတွေပါ။ ((P2P Networking) ကို သိတဲ့သူတွေကတော့ ဒီအကြောင်းတွေကို ကောင်းကောင်း နားလည်မှပါ။)

အထက်ပါပုံမှာဆိုရင် နံပါတ်(၁) လိုင်းတွင် ရှိသော Twilight Movie သည် Seed အရေအတွက် များသည့်အပြင် Leecher လည်းများလှပါသည်။ ဒါကြောင့် နံပါတ်(၁)ကို Download လုပ်ရန် သင့်တော်ပါသည်။ ဒါပေသည့် Download မလုပ်မီ သတိထားရန်အချက်များ ကျန်ရှိနေပါသေးသည်။

အထက်ပါပုံ၏ ဇယားခေါင်းစဉ်ဖြစ်သော Torrent Tags, Name အောက်ကို ကြည့်ပါ။ (Twilight[2008]DvDrip-aXXo) ဆိုသည်ကို တွေ့ရပါသည်။ Twilight သည် ရုပ်ရှင် နာမည် ဖြစ်ပါသည်။ [2008] သည် ထိုရုပ်ရှင် စတင်ပြသသော ခုနှစ်ဖြစ်ပါသည်။ DvDrip ဆိုသည်မှာ DVD ကို အများအားဖြင့်(.avi) သို့ Rip လုပ်ထားခြင်းကို ဆိုလိုပါသည်။
-aXXo ဆိုတာကတော့ အဲဒီ Movie ကို Rip လုပ်ပြီး Upload စတင်လုပ်ခဲ့တဲ့သူရဲ့ Nick Name (Alias) ဖြစ်ပါတယ်။ aXXo ရဲ့ Movies များဟာ 700MB ၀န်းကျင်ပဲ အမြဲရှိ ပါတယ်။ aXXo ဟာ အတော်ဆုံးလူမဟုတ်ရင်တောင် အတော်ဆုံးလူတွေထဲက တစ်ယောက်ဖြစ်ပါတယ်လို့ ဆိုထားပါတယ်။ Top Searches တွေထဲမှာ aXXo ဟာ နံပါတ်၁ ပါပဲ။ [ aXXo အတိုင်း နာမည်ကြီးတဲ့ နောက်တစ်ယောက်ကတော့ FXG ပါပဲ။ သူကတော့ ဒုတိယ လိုက်ပါတယ်။ ] အောက်ပါပုံအတိုင်းဖြစ်ပါတယ်။


Top Searches No.1 - aXXo

အထက်ပါပုံထဲက ပန်းရောင်မျှားလေးပြထားတဲ့အတိုင်း aXXo ကို နှိပ်ရင်လည်း aXXo ရဲ့ Movies တွေအားလုံး ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ ဒါမှအဟုတ်ရင်လည်း aXXo ရဲ့ နောက်မှာ ခုနှစ်တွေတပ်ပြီးတော့လည်း Search Box မှာရှာနိုင်ပါ။ ဥပမာ- aXXo 2009, aXX0 2008, aXX0 2007 စသည်ဖြင့်ပေါ့။ နာမည်ကြီး ရုပ်ရှင်ကား တော်တော်များများကို aXXo က တင်ပေးထားပါတယ်။

နာမည်ကြီးသူတွေရဲ့ ထုံးစံအတိုင်း အတုအပဆိုတာ အမြဲပေါ်လာတတ်ပါတယ်။ ဒီအတိုင်းပဲ aXXo အတုအပတွေပေါ်လာပြီး Movies တွေကို Upload လုပ်ထားတာတွေရှိပါတယ်။ အန္တရာယ် မဖြစ်စေတဲ့ အတုအပဆိုရင်တော့ အကြောင်းမဟုတ်ဘူးပေါ့။ တစ်ချို့ အတုအပတွေက Virus တွေပါ ပါလာတတ်တယ်။ ဒါကြောင့် မိမိ Download လုပ်ချင်တဲ့ Movie ဟာ aXXo အစစ်ဟုတ်လား မဟုတ်ဘူးလားဆိုတာကိုတော့ သေချာစွာ လေ့လာရပါတယ်။ဘယ်လို ခွဲထုတ်ရမလဲဆိုရင် အောက်ဖော်ပြပါ ပန်းရောင်ပြထားတဲ့ Twilight[2008]DvDrip-aXXo ကို ကလစ် နှိပ်လိုက်ပါ။

Twilight[2008]DvDrip-aXXo ကို ကလစ်နှိပ်ရန်

ကလစ်နှိပ်ပြီးရင် အောက်ဖော်ပြပါပုံအတိုင်း ပေါ်လာပါလိမ့်မယ်။


Comment Tag ကို ကလစ်နှိပ်ရန်

အဲဒီ Comment Tag လေးကို ကလစ်နှိပ်ပြီး ရေးထားတဲ့ Comment များကို သေချာစွာ စစ်ဆေးကြည့်ပါ။ aXXo အစစ်အမှန် (genuine aXXo) ဟုတ်မဟုတ် သေချာစွာ လေ့လာကြည့်ပါ။ အောက်ပါပုံလေးအတိုင်း တွေ့ရပါလိမ့်မယ်။ နောက်တစ်ခုက aXXo ဟာ ဘယ်တော့မှ RAR Archive နဲ့ Movie တွေကို Zip မလုပ်ပါဘူးတဲ့။ သူ့ရဲ့ aXXo Interview မှာ ဖြေသွားပါတယ်။


aXXo အစစ်ဟုတ်မဟုတ် Comment တွင်ရှာကြည့်ခြင်း

အဲဒီ Movie ဟာ aXXo အစစ်ဆိုရင်တော့ Download .torrent ဆိုတဲ့ Link ကို နှိပ်လိုက်ပေတော့။

Download .torrent ကို နှိပ်ရန်

Download .torrent ကို ကလစ်နှိပ်လိုက်တာနဲ့ Window Box လေး တစ်ခု ပေါ်လာပါလိမ့်မယ်။


အဲဒီ Window Box လေးထဲမှာရှိတဲ့ Open with ဆိုတဲ့ နေရာမှာ uTorrent (default) ဆိုတာလေးကို ရွေးပေးပါ။ နောက်ပြီးရင်တော့ OK နှိမ်လိုက်တာနဲ့ uTorrent Software အောက်ပါအတိုင်း Screen ပေါ်မှာ တတ်လာပါလိမ့်မယ်။



1 လို့ ပြထားတဲ့ပန်းရောင်ဘောင်ခတ်ထားတဲ့နေရာဟာ Movie ကို သိမ်းမယ့်နေကို ဖော်ပြထားတာ ဖြစ်ပါတယ်။ မိမိသိမ်းချင်တဲ့ နေရာကို ရွေးပြီးသိမ်းပေးပါ။
2 လို့ ပြထားတဲ့ပန်းရောင်ဘောင်ခတ်ထားတဲ့ File ၃ခုကတော့ Download လုပ်ရင် ပါလာမယ့် File တွေပါပဲ။ မလိုချင်တဲ့ File တွေကို ချန်ထားခဲ့လို့ ရပါတယ်။ Check Box လေးတွေကို သွားပြီး အမှတ်လေးတွေ ဖြုတ်ပေးလိုက်ရုံပါပဲ။ အားလုံးပြီးရင် တော့ Ok ကို နှိပ်လိုက်ရုံပါပဲ။ uTorrent ကတော့ စတင်ပြီး Download လုပ်ပါပြီ။

နောက်ထပ် ကြိုက်နှစ်သက်ရာ ရုပ်ရှင်ကားများကိုလည်း အထက်ပါ အတိုင်းရှာယူ၍ တစ်ချိန်တည်းမှာ Download လုပ်ယူနိုင်ပါတယ်။ Movie ပေါင်း ၁၀ ကားကျော်ကို တစ်ပြိုင်တည်း Download ဆွဲယူနိုင်ပါတယ်။

Download လုပ်နေပြီဆိုရင် Download Speed ကို ကြည့်လိုက်ပါ။ ကိုယ့်အိမ်မှာ သုံးတဲ့ Internet Speed ပေါ်မှာ မူတည်ပြီးတော့ Movie တစ်ခုကို Download လုပ်တဲ့ အချိန်က အနည်းဆုံး ၂နာရီကနေပြီး ၄ နာရီခန့်အထိ ကြာတတ်ပါတယ်။ အထက်တွင် ဖော်ပြခဲ့တဲ့အတိုင်း Seed အရေအတွက်ပေါ်လည်း များစွာ မူတည်ပါတယ်။ ကျွန်တော် ကတော့ ညအိမ်ရာမ၀င်ခင် Moive 10 ကားလောက်ကို Download ဆွဲထားလိုက်ပါတယ်။ မနက် နိုးရင်တော့ အားလုံး ပြီးနေတာကို တွေ့ရပါတယ်။

Downlaod လုပ်ထားတဲ့ ရုပ်ရှင်တွေကို ကြည့်မယ်ဆိုရင် (.avi) Format ဖြစ်တဲ့အတွက် Window Media Player ရဲ့ Option ထဲ့မှာ (.avi) ကို သွားပြီးတော့ On ပေးရပါလိမ့် မယ်။


ဒါပေမယ့် အကောင်းဆုံးအကြံပေးချင်တာကတော့ Movie တွေကြည့်မယ်ဆိုရင် VLC Player ကို သုံးစေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိမိကြည့်ချင်တဲ့ Movies တွေရဲ့ English Subtitle တွေကို (.srt) Formrt နဲ့ ရှာဖွေ Downlaod လုပ်ယူပြီး VLC Player မှာ English Subtitle ဖော်ကြည့်လို့ရပါတယ်။ ဆိုကြပါစို့...မိမိ Download လုပ်ထားတဲ့ Movie က Twilight[2008]DvDrip-aXXo ဆိုရင် သူရဲ့ English Subtitle ကို Google Search Engine မှာ twilight aXXo english subtitle လို့ ရိုက်ထဲ့ပြီး ရှာလို့ရပါတယ်။ အဲဒီထဲမှာ Subsence.com က အတော်လေးကောင်းမွန်တာကို တွေ့ ရပါတယ်။

www.isohunt.com ထဲမှာ Movies တွေအပြင် Software, Music, Game, E-Book, Picuture ပေါင်း မြောက်များစွာကို လိုသလို ရှာဖွေ Download ရယူနိုင်ပါတယ်။ ဒါပေမယ့် download မလုပ်ခင်မှာတော့ အထက်တွင် ဖော်ပြခဲ့တဲ့အတိုင်း Comment တွေကို သေချာစွာ ဖတ်ရှုဖို့ လိုအပ်ပါလိမ့်မယ်။ တစ်ချို့ သော Upload လုပ်သူများ သည် File များအထဲတွင် Viru များကို ထည့်သွင်းထားတတ်ကြပါသည်။ Virus များသည် Free version သုံးထားတဲ့ Anti Virus များဖြင့် စစ်ဆေးမတွေ့ ရှိနိုင်ပါ။ တစ်ချို့ သော Virus များသည် Zip အထပ်ထပ်လုပ်၍ Passowrd များခံကာထားသဖြင့် Full Version Anti Virus များပင် မစစ်နိုင်ပဲ ရှိနေတတ်ပါသည်။ သို့ပါ၍ Download မလုပ်မီ Comment များကို သေချာစွာ ဖတ်ရှုလေ့လာပြီးမှ Download လုပ်ယူကြပါရန် အထပ်ထပ်တိုက်တွန်းလိုက်ပါတယ်။

*** Movies များ ပျော်ရွှင်စွာ ခံစား ကြည့်ရှုနိုင်ကြပါစေ။***

ဆန္ဒမွန်ဖြင့်
ယုယ

3 comments:

Unknown said...

Good Post !

မိုက်တယ် မကြာမှီ ကြော်ငြာ လိုက်တော့မယ် ၊၊

Yu Ya said...

ဟုတ်ကဲ့ပါ... အခုလို လာရောက်လည်ပတ် ဖတ်ရှုသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောင်များလည်း လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်။ စိတ်တိုင်းမကျတာရှိပါက ရေးချင်ရာသာ ရေးခဲ့ပါ။

ပုလုကွေး said...

်ကျတော် torrent တွေကို အရင်ကသုံးဖူးတယ်ဗျ။ တစ်ခါက utorrent နဲ့ ဆောဝဲလ်တစ်ခုဆွဲတာ ၇ရက်မက ကြာတယ်။ setting တွေကိုတော့ မချိန်းတက်လို့ မချိန်းဘူး။ နှေးလိုက်တာမှ အလွန်ပဲဗျာ ၁၀ Kbs တောင် မရှိဘူး။ ၂ဂစ်ကျော်ကျော်ကို တစ်ပတ်လောက် နေကောညကော ဆွဲရတယ်။ အဲဒီဆော့ဝဲလ်ရပီးနောက်ပိုင်း မသုံးဖြစ်တော့ဘူး။ သယ်ရင်းတွေကတော့ torrent မသုံးပါနဲ့တဲ့။ ip trace လိုက်ပီး ပြသာနာတက်နိုင်တယ်တဲ့ဗျ။