Pages

Wednesday, June 17, 2009

ယုန်မလေးနဲ့ သူငယ်ချင်းများ


တစ်ခါက တောအုပ်တစ်ခုမှာ အလွန်တရာမှ ရေပန်းစားတဲ့ ယုန်မလေးတစ်ကောင်ရှိပြီး အခြားတိရစ္ဆာန်များက သူမရဲ့ သူငယ်ချင်းများ ဖြစ်ချင်ကြပါတယ်။ တစ်နေ့သ၌ ယုန်မလေးထံသို့ အမဲလိုက်ခွေးများ ချဉ်းကပ်လာ ခဲ့လေသည်။ ထိုအခါ သူမသည် သူငယ်ချင်းများအကူအညီဖြင့် ထိုအမဲလိုက်ခွေးများ၏ အန္တရာယ်မှ လွတ်မြောက် နိုင်လိမ့်မည်ဟု မျော်လင့်ခဲ့ပါသည်။ သို့ပါ၍ သူမလည်း သူငယ်ချင်းတစ်ဦးဖြစ်တဲ့ မြင်းဆီကို သွားရောက် ခဲ့ပြီး သူမကို မြင်းရဲ့ ကျောကုန်းပေါ်တင်ပြီး အမဲလိုက် ခွေးများလက်မှ ဝေးရာသို့ ခေါ်သွားခိုင်းပါသည်။ မြင်းဟာ သူ့ရဲ့ သခင်အတွက် အရေးကြီးတဲ့ကိစ္စ လုပ်ပေးစရာရှိတယ်လို့ ပြောပြီး ငြင်းဆိုလိုက်ပါတယ်။ ဒါပေမယ့် မြင်းက “တစ်ခြားသူငယ်ချင်းတွေ မင်းကို ကူညီကြပါလိမ့်မယ်” လို့ သူမကို ပြောပါတယ်။ ဒါနဲ့ပဲ သူမဟာ ကျွဲကတော့ သူရဲ့ ဦးချိုနဲ့ အမဲလိုက်ခွေးတွေကို ချေမှုန်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပြီး ကျွဲဆီကိုသွားရောက် အကူအညီ တောင်းခံခဲ့ပါတယ်။ “အရမ်းနဲ့ ၀မ်းနည်းပါတယ်ကွာ...၊ ငါမှာက ကျွဲမလေးနဲ့ ချိန်းပြီးသားဖြစ်နေလို့ပါ။ ဒါပေမယ့် ငါတို့ရဲ့ သူငယ်ချင်းဖြစ်တဲ့ ဆိတ်ကတော့ မင်းလိုချင်တဲ့ အကူအညီကို ပေးနိုင်လိမ့်ဆိုတာ သေချာပါတယ်” လို့ ကျွဲက ပြန်ပြောခဲ့ပါတယ်။ ဆိတ်ကလည်းပဲ သူမကို သူ့ရဲ့ ကျောကုန်းပေါ်မှာတင်ပြီး ခေါ်ဆောင်သွားရမယ်ဆိုရင် သူ့ရဲ့ ကျောကုန်းတွေဟာ သူမအတွက် အန္တရာယ် တစ်စုံတစ်ခုဖြစ်လာမှာကို စိုးရိမ်မိကြောင်း... သို့ဖြစ်ပါ၍ သိုးဟာဆိုရင်ဖြင့် အကူအညီတောင်းခံလို့ အသင့်တော်ဆုံး သူငယ်ချင်းဖြစ်တယ် ဆိုတဲ့အကြောင်း ပြောပြခဲ့ လေသည်။ ဒါကြောင့် သူမလည်း သိုးဆီကိုသွားပြီး အခြေအနေကို ပြောပြလိုက်သည်။ သိုးက “နောက်တစ်ခါပေါ့ ချစ်သူငယ်ချင်းရယ် လက်ရှိအခါသမယကိုတော့ ၀င်ရောက်လို့ မစွက်ဖက်ချင်ပါဘူး..ပြီးတော့ အမဲလိုက်ခွေး တွေဟာ သိုးတွေရော ယုန်တွေကိုပါစားတယ်လေ” လို့ ပြန်ပြောပြီး ငြင်းဆိုခဲ့ပါတယ်။ ဒါနဲ့ပဲ ယုန်မလေးဟာ နောက်ဆုံးမျှော်လင့်ချက် တစ်ခုအနေနဲ့ နွားကလေးဆီကို သွားရောက် အကူအညီ တောင်းခံခဲ့ပါတယ်။ နွားကလေးက - အကူအညီမပေးနိုင်ကြောင်း၊ ဘာဖြစ်လို့လည်းဆိုရင် သူ့ထက် အကြီးများ ကိုယ်တိုင်က ဒီတာဝန်ကိုယူရန် ငြင်းပယ်ပြီးသားဖြစ်နေတဲ့ အတွက် သူအပေါ်ကျလာမယ့် အဲဒီတာဝန်ကို မယူနိုင်ပါဘူးဟု ၀မ်းနည်းစွာ ငြင်းဆိုခဲ့လေသည်။ ထိုအချိန်တွင် အမဲလိုက်ခွေးများဟာလည်း ယုန်မလေးရဲ့ အနားကို တော်တော်လေး နီးကပ်လာနေပါပြီ။ ဒါနဲ့ပဲ နောက်ဆုံးတော့ ယုန်မလေးဟာ ဖနောင့်နဲ့ တင်ပါး တစ်သား တည်းကျအောင် ထွက်ပြေးလာခဲ့ပြီး ကံကောင်းစွာဖြင့် အမဲလိုက်ခွေးများလက်မှ လွတ်မြောက်လာခဲ့ ရပါတော့သည်။

ပုံပြင်လေးရဲ့ သင်ခန်းစာ။
သူငယ်ချင်း အများကြီးရှိတဲ့သူမှာ သူငယ်ချင်းတစ်ယောက်မှ မရှိပါဘူးတဲ့။

http://www.theholidayspot.com/friendship/stories/aesop_fable.htm

အထက်ဖော်ပြပါ လင့်မှ The Hare With Many Friends ဆိုတဲ့ အီစွတ်ပုံပြင်လေးတစ်ပုဒ်ကို ဆီလျော်အောင် ပြန်ဆိုထားပါသည်။

ကျေးဇူးတင်စွာဖြင့်
yuya


2 comments:

မင်းအိမ်ဖြူ said...

မှန်တယ်ဗျ၊၊ ထောက်ခံပါတယ်၊၊
ကျွန်တော့်မှာတော့ သူငယ်ချင်း တစ်ယောက်မှ မရှိလို. တစ်ယောက်မှ မရှိတာပါ P:

Unknown said...

Casino Finder (Google Play) Reviews & Demos - Go
Check gri-go.com Casino Finder (Google Play). A look at some of the best gambling casinosites.one sites herzamanindir.com/ in the world. 출장안마 They offer a full game library, 바카라 사이트