
မြန်မာနိုင်ငံက ငယ်သူငယ်ချင်းတစ်ယောက်နဲ့ မနေ့က ဖုန်းပြောဖြစ်တော့ လာမယ့်နှစ် အလည်ပြန်ရင် ခရီးထွက်ကြမယ်ဆိုတဲ့အကြောင်း ပြောဖြစ်ကြရင်းနဲ့ ဒီအကြောင်းအရာလေးကို ဖော်ပြ ဖြစ်သွားတာပါ။
ကျွန်တော်တို့ဟာ တစ်နေရာမှ အခြားတစ်နေရာကို ပျော်ရွှင်မှု ဒါမှမဟုတ် လိုအပ်ချက်အနေနဲ့ ခရီးများ


ကျွန်တော်ရဲ့ ယခုလက်ရှိ Boss မြန်မာနိုင်ငံကို ရောက်တုန်းကပေါ့။ ၂၀၀၆ခုနှစ် အလုပ်ကိစ္စနဲ့ ပခုက္ကူ ဆင်မင်းသစ်ဆိပ်ကို သွားတုန်းက ဘ၀မှာ တစ်ကြိမ် တစ်ခါသာ ၀င်ရောက် လည်ပတ် ဖူးမျှော်ခဲ့ပါသော ပုဂံခရီးစဉ်လေးပါ။
ပုဂံလို့ဆိုရင် ရှင်ဓမ္မဒဿီ(ခေါ်) ရှင်အရဟံ မထေရ်မြတ်ကြီးနဲ့ ပထမ မြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့တဲ့ အနော်ရထာမင်းတရားကြီးကို သမိုင်းထဲမှ ဆွဲထုတ်မိကြပါတယ်။ မဟုတ်ရင်တော့ သူတို့ကို သမိုင်းထဲမှာပဲ တိတ်တိတ်လေး ထားထားကြပါတယ်။ (ခွင့်လွတ်ပါ အနော်ရထာ - အချိန်သိပ်မရှိလို့ပါ :P)
ကျွန်တော် အထက်မြန်မာပြည်ကို အလုပ်ကိစ္စနဲ့ ခရီးသွားတိုင်း ပုဂံမြို့ ကို ရောက်ဖြစ်ပါတယ်။ ဒါပေမယ့် အ


ဒီကနေ့ထိ တန့်ကြည်တောင်ဘုရားကို မဖူးခဲ့ရသေးဘူး။ တူရွင်းတောင်ဖက်ကနေလည်း ဖြတ်သွားဖူးတယ်။ ဒါပေမယ့်ဗျာ ဒီနေ့အထိလည်း တူရွင်းတောင်ဘုရားကို မဖူးဖြစ်သေးပါဘူး။ ဂန့်ဂေါမြို့ ကို သွားတုန်းကလည်း အလောင်းတော်ကဿဖ ရှေ့ တည့်တည့်ကနေကို ဖြတ်သွားခဲ့တာ။ မ၀င်ဖြစ်ခဲ့ပါဘူးဗျာ။ ဘာကို ရိုးမယ်ဖွဲ့ရမလဲ...။ အခွင့်အရေးပေးတယ်..။ အခွင့်အခါလည်း သင့်ပါလျက်။ ဒါပေမယ့် ဘာကြောင့်လဲ...။ မမြင်ရတဲ့ ကံကြမ္မာကို အပြစ်တင်ရမလား...။ ဒါမှမဟုတ် ပြုစားတတ်တဲ့ အချိန်ကိုပဲ စောဒက တက်ရမလား။
ဘ၀မှာ ဒီလိုပါပဲ အဖက်ဖက်က အားသာချက်များ ရှိနေကြပါလျက် အရာ တစ်ခုက လိုအပ်မြဲ လိုအပ်နေကြတာကြောင့် ပြီးပြည့်စုံမှု မရှိနိုင်ဘူးဆိုတာကတော့ ပထမ အရွယ်လွန်လို့ ဒုတိယအရွယ်ထိတိုင် ပြည့်ဝစွာ နားမလည်နိုင်သေးပါလား။
ထားလိုက်ပါတော့လေ... ဒီနေ့ထိ မဖူးဖြစ်သေးတာကိုက လုံလောက်တဲ့ အကြောင်းပြချက်တစ်ခု ဖြစ်နေပြီပဲနော်။

ဒါကြောင့် ဒီတစ်ခေါက် အခွင့်အခါသင့်ခဲ့ရင်၊ အခွင့်အရေး ရခဲ့ရင် မရောက်ရောက်အောင် သွားဖူးမယ်လို့ စိတ်ထဲမှာ ကြုံးဝါးနေမိခဲ့ပါတယ်။
ဖူးခဲ့ကြဘူးတဲ့ သူတွေရှိရင်လည်း မျှဝေပေးပါအုံးလို့ ....
ကျေးဇူးတင်စွာဖြင့်
yu ya
5 comments:
ကိုယုယရေ ပုဂံနဲ့ ကျနော့အိမ်ကနီးသဗျ။ ကိုပီတိကြီးရှိတယ်လေ။ သူပြန်ရင်ကပ်သာ လိုက်သွားပေတော့။ အိမ်နဲ့ ခြောက်တန်းနှစ်တုန်းကတစ်ခေါက်ရောက်ဖူးတယ်။ ဘုရားတွေပေါ်တွေ တက်ခွင့်ရှိသေးတယ်ဗျ။ ကျောင်းနဲ့တစ်ခေါက် ရောက်တယ်။ ကျနော်ရေးထားခဲ့ဖူးတယ်ဗျ။ နောက်တစ်ခေါက်က တနှစ် နှစ်ဆန်းတစ်ရက် အိမ်နဲ့တစ်ခေါက်ရောက်တယ်။ နေ့ချင်းပြန်သွားဖြစ်တာဗျ။ ကိုပီတိကြီးမခေါ်ရင် ကျနော်ခေါ်မယ် ဒီတစ်ခါပြန်ရင်လိုက်ခဲ့ပါ...
ပုဂံအလွမ်းပြေလေးလာဖတ်သွားပါတယ် ၊၊
ကျွန်တော်တော့ ၂ ခေါက်လားရောက်ဖူးတယ် ၊၊
ညချမ်း အလှကို ခံစားချင်တာ အခွင့်ရမယ် ဆိုရင်ပေါ့ ၊၊
ပထမတကြိမ်ကအိမ်နဲ့ ၅တန်း၆ တန်းပေါ့ မူလတန်းနော်
နောက်တစ်ခေါက်က ၃ တန်းလား ၄ တန်းလားမသိ တကသိုလ် ရောက်မှ အဟ
ပျော်ခဲ့ဖူးပါရဲ့
တန့်ကြည့်တောင်လည်း တက်ခဲ့ဖူးပါရဲ့
မြကန် ကဗျာလေးလည်း ရွတ်ခဲ့ဖူးပါရဲ့
ရွှေစည်းခုံ စေတီအပါးလည်း ဆုတောင်းဖူးပါရဲ့
***ကိုရွာသားရေ... ကိုပီတိကြီးကို သိဘူးဗျ... ကိုရွာသားက ပုဂံကို ခေါ်တယ်ဆိုတော့ ကျေးဇူးကမ္ဘာပါဗျာ။ ခေါ်တယ်ဆိုရင် ကျွန်တော် တစ်ယောက်ထဲတော့ မရဘူးဗျနော့။
###ကိုမင်းအိမ်ဖြူရေ - ရွှေစည်းခုံ ဘုရားမှာ ဘာတွေ ဆုတောင်းခဲ့တာလဲဟင်။ လှေခါးလေး ဖြစ်ရပါစေသားလို့လား... အဟီး.. နောက်တာနော်.။
ကိုယုယကော မဒမ်ယုယကော ယုယ စီနီယာ ယုယ ဂျူနီယာများပါ ခေါ်ပါတယ်ဗျာ
ပုဂံကို သဘောကျတယ်။ ဘယ်လောက်သွားသွား မရိုးနေဘူး။ ကိုယုယလဲ ဒီတခါပုဂံကို ရောက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
Post a Comment