Pages

Monday, June 29, 2009

မြန်မာနိုင်ငံ H1N1 သတင်း

ဒီနေ့သတင်းဖတ်ရတာ အင်မတန်မှ စိတ်မကောင်းဖြစ်မိပါတယ်။ အားလုံးလည်း သတိထားနိုင်အောင် အလျှင်စလို မျှဝေပေးလိုက်ရတာမို့ သတင်းမစုံခဲ့ရင် နားလည်ပေးစေချင်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပထမဆုံး H1N1 သတင်း -
စင်ကာပူကို မကြာမီက အလည်သွားခဲ့ပြီး ပြန်ရောက်လာတဲ့ ကျောင်းသူလေး (၁၃)နှစ် မှာ H1N1 ရှိနေကြောင်း မီဒီယာတွေက မနေ့က တနင်္ဂနွေနေ့က ဖော်ပြခဲ့ပါတယ်။ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲခန်းက ရန်ကုန်ဆေးရုံကြီးမှာ ရက်သတ္တပတ် တစ်ပတ် သီးသန့်ထားထားတဲ့ အဆိုပါ ထိုကျောင်းသူလေး မှာ H1N1 ကူးစက်ခံနေရကြောင်းကို အတည်ပြုပြောကြားသွားပြီး မြန်မာ့အလင်း သတင်းစာမှာ ထုတ်ပြန်ကြေငြာ သွားပါတယ်။

စင်ကာပူက June 21 နေ့က ပြန်လာတဲ့ ကျောင်းသူလေးမှာ Fever ကော Flu ပါ မည်သည့် Sign မှ မပြခဲ့ပါ။

ကျောင်းသူလေးကို သီးသန့် စာသင်ကြားပေးနေတဲ့ ဆရာက ကျောင်းသူလေး ချောင်းဆိုးလာတာကို သိတိပြုမိရာက ကျောင်းသူလေးကို သောကြာနေ့က ဆေးရုံတင်လိုက်တယ်လို့ သတင်းစာက အခိုင်အမာ ပြောဆိုသွားပါတယ်။

ကျန်းမာရေး ၀န်ကြီးဋ္ဌာနက ကျောင်းသူလေးတဲ့ ဆက်စပ်လျှက်ရှိတဲ့ သူမရဲ့ မိသားစုဝင်များ၊ အတန်းဖော်များ၊ သီးသန့် ဆရာ အစရှိသူတွေကို အပြင်မထွက်ဖို့ တားမြစ်ထားပြီး ကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့် ရောဂါဖြစ်ပွားလာမှုကို ထိန်းချုပ်နိုင်ရန် လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာကိစ္စများကို ပေးအပ်ထားပါတယ်လို့ သတင်းစာက ပြောကြားသွားပါတယ်။

ဒါကြောင့် ရန်ကုန်မှာ ရှိကြတဲ့ မိမိတို့ရဲ့ မိသားစုဝင်များ၊ ဆွေမျိုးများကို အတတ်နိုင်ဆုံး ဂရုစိုက်ဖို့နဲ့ သတိထားကြဖို့ ဆက်သွယ် ပြောဆိုပေးကြပါလို့....

http://www.earthtimes.org/articles/show/275145,myanmar-reports-first-h1n1-case.html

ကျေးဇူးတင်စွာဖြင့်
yu ya


8 comments:

ကောင်းကင်ပြာ said...

ကျေးဇူးအထူးပါ၊ စိတ်ပူ၏

Shinlay said...

Thanks for your Info.
I hope they can manage it well.

ဇော် said...

ကျေးဇူးပါဗျာ။ သေချာကို မှတ်သွားပါတယ်။
=)

Anonymous said...

မျှဝေပေးတာ ကျေးဇူးပါ အကိုရေ ။။။။
အိမ်ကိုလည်း သေသေချာချာ ဖုန်းဆက်လိုက်ပါဦးမယ် ...
နေဒေးသစ်။

Ree Noe Mann said...

သူငယ်ချင်း မျှဝေတာကျေးဇူးပါ။

ကိုယ်ဘလော့ဂ်လေးမှာ ခုလို
စိတ်ဝင်းတစားနဲ့ ၁ လာယူ သွားတာ
ကျေးဇူးပါကွာ။

အသက် သိပ်မကွာလို့ သူငယ်ချင်းပဲခေါ်
တော့မယ်နော်။
စိတ်မဆိုးဘူး ဆိုရင် ပြန်လာပြော။

ရီနို

khin oo may said...

ဖတ်သွာ၏

မငုံ said...

ကျေးဇူးတင်ပါတယ်ရှင့်။ အခုလို သိလိုက်ရတော့ မိသားစုကိုလဲ အသိပေးလို့ ရသွားတာပေါ့။

မေဇင် said...

ကျေးဇူးတင်ပါတယ်...စိုးရိမ်ပါသည်..ဒါပေမယ့်. အဲ့ဒီက လူတွေက ဒီကို ပြန်စိတ်ပူမှာတောင် စိုးရပါတယ်...။ ဘာလို့လဲ ဆိုတော့ အဲ့ဒီ 13 နှစ်အရွယ်ကောင်မလေး က ဒီက ပြန်သွားတာကိုး..။း)