Pages

Monday, June 29, 2009

Dictionary of Architecture and Building Construction


ကျွန်တော်ဆီမှာရှိတဲ့ စာအုပ်ကောင်းလေးတစ်အုပ်ကို မျှဝေပေးတာပါ။ Civil Engineer များနဲ့ Architect များအတွက် အသုံးဝင်မယ်လို့ ထင်ပါတယ်။ စာအုပ်လေးကို ဖတ်ကြည့်ရတာတော့ ကျွန်တော် ဘာမှ နားမလည်ပါဘူး။ (အဟီး.. ကျွန်တော်က Civil Eng: လည်းမဟုတ်ဘူး၊ Archi Eng: လည်း မဟုတ်တော့ ဘယ်နားလည်မလဲ နော်)။ ကျွန်တော်အတွက် တန်ဖိုးမရှိ၊ အသုံးမကျဘူးဆိုပေမယ့် တစ်ခြား ဘယ်သူတွေအတွက် တန်ဖိုးရှိပြီး အသုံးကျမလဲမှ ကျွန်တော်မသိတာ။ ဒါကြောင့် မိမိအတွက်အသုံးမကျဘူး ဆိုပေမယ့် အဲဒီအရာဟာ တစ်ခြားတစ်ယောက်အတွက်တော့ ကောင်းကောင်း လိုအပ်ကောင်းလိုအပ်နေမယ်၊ အသုံးဝင်ကောင်း အသုံးဝင်မယ် ဆိုတာကို နားလည်ခံစားမိပါသောကြောင့်...
အဟီး.. အဲဒီလိုမျိုးလေး.. လေကြောရှည်လိုက်ရမှ ..yu ya တို့က... ။

Download လုပ်မယ်ဆိုရင် အောက်က လင့်ကလေးကို နှိပ်လိုက်တာနဲ့ ရယူနိုင်မှာပါ။ ဖတ်ကြည့်ပြီးလို့ သဘောကျရင်ဖြစ်စေ၊ သဘောမကျရင်ဖြစ်စေ တစ်ခုခုတော့ ပြောပေးကြပါဦးနော်။ နောက်တစ်ခေါက် တင်ပေးဖို့အတွက်...ရှာလို့ရအောင်။

http://www.megaupload.com/?d=L9IKR6TV


ကျေးဇူးတင်စွာဖြင့်
yu ya


3 comments:

မျက်မှန်လေး said...

စာလာဖတ်ပြီး သူငယ်ချင်းတစ်ယောက်အတွက်ဒေါင်းသွားတယ်နော်

Mogok Thar said...

ယုယ ရေ.. အကို့ အတွက် အင်မတန် အသုံးဝင်တဲ့ စာအုပ်လေးပါဗျာ။ ခုလို မျှဝေပေးတာ ကျေးဇူးတင်ပါတယ်။

နေဒေးသစ် said...

ကျွန်တော်လည်း အာခီမဟုတ် စီဗယ် မဟုတ် ... သို့သော် အာခီ ဝါသနာပါသောကြောင့် ဒေါင်းသည် ... တစ်လုံးစ ၂ လုံးစတော့ နားလည်ကောင်းမည် မျှော်လင့် မိပေသည် .. :D
ကျေးဇူး ...
နေဒေးသစ်။