Pages

Tuesday, June 30, 2009

နှလုံးသားအသိ


“ပျော်ရွှင်မှုနဲ့ ပူဆွေးသောကကို
နှစ်လိုဖွယ် ရက်လုပ်ထား....
ငါတို့ရဲ့ စိတ်နှလုံး ၀တ်ဆင်ဖို့လေ....”

“ပူဆွေးမှုနဲ့ သောကတိုင်းရဲ့ အောက်မှာ
ပျော်ရွှင်မှု ပိုးချည်မျှင်တွေ ရစ်ပတ်ထား...”

“ပျော်ရွှင်မှုနဲ့ ပူဆွေးမှုက လူကိုဖြစ်တည်ထား
ဒါကို ငါတို့ ကောင်းကောင်း သိထားရင်
ကမ္ဘာကြီးထဲ သေချာ ဖြတ်ကျော်သွား။”

ကျေးဇူးတင်စွာဖြင့်
yu ya

13 comments:

Ree Noe Mann said...

ဟဲ ဟဲ သယ်ရင်း လာဖတ်သွားတယ်နော်။

နားလည်အောင် နှစ်ခေါက် သုံးခေါက်လောက်
ဖတ်လိုက်ရတယ်။

နား လည်း လည်ရော ဘာကိုဆိုလိုမှန်း မသိတော့ဘူး ဟီးဟီး

မင်း သယ်ရင်း ငါက ဥာဏ်ကို မမှီတာပါကွာ။

ဒါပင်မဲ့ ကဗျာလေး တစ်ပုဒ်မှန်တော့ သိရှိ ခံစားလိုက်တယ်။

မင်းသယ်ရင်း
ရီနို

မင်းအိမ်ဖြူ said...

သေသေချာချာ ဖတ်လိုက်ပါတယ်

မှန်၏ ၊၊ ကောင်းတယ်ဗျ

နောက်လည်း ရေးပါအုံး အဲဒီလို အတွေး ကဗျာလေး တွေ ......

မင်းအိမ်ဖြူ

မငုံ said...

မှန်ပါတယ်။ အသိလေး ယူသွားပါတယ်။

ဝက်ဝံလေး said...

အဟဲ ဖတ်တော့ဖတ်တယ် နော် ကိုယုယ အဟီးးးး ညီမ ပိန်တယ် အဲလေ ပိန်းတယ်နော် သိလား သိပ်နားလည်ဘူး ထပ်လာရှင်း ခိခိ
စတာ အဲဂလို ရေးတတ်အောင် လာသင်ပေးဦးနော် ဘိုင်

မမသီရိ said...

မုန်တိုင်းပြီးရင် လေပြေလာ သတဲ့
ဆင်တူတဲ့ အဓိပါယ်လေး လေ..
အတွေးတွေနဲ့ ဖွဲ့ထားတာလေး
လှပါတယ်

မေလေး said...

ထောက်ခံသွားပါတယ် ကိုယုယရေ
အတွေးလေးအရမ်းကောင်းတယ်နော်

မင်းနေဝေး said...

ဖတ်သွားပါတယ်ဗျာ .....
လိုရင်းကို တိုတိုနဲ့ပြသွားတယ် .... :P
ကဗျာ ကိုပြောတာပါဗျာ ....

ဇော် said...

ကဗျာကောင်းလေး တစ်ပုဒ်
စာပေလောကမှာ ထပ်တိုးလာတယ်ဗျာ။
ဖတ်ရတာ အရသာရှိပါပေတယ်။ =)

မြစ်ကျိုးအင်း said...

ပျော်ရွှင်စွာနဲ့ကမ္ဘာကြီးထဲကျော်ဖြတ်တာ ပိုမကောင်း ဘူးလားဗျ...။ကဗျာလေးရဲ့စာလုံးတွေမှာ မျှော်လင့်ချက်
တွေမြင်နေရပါတယ်..။ဆက်ရေးပါအုံး အားပေးနေပါတယ်..။
...ခင်မင်သောအားဖြင့်...

Yu Ya said...

* ငှက်ကလေး...၊ ကိုရီနို..၊ ကိုမြစ်ကျိုးအင်း..
လောကကြီးထဲမှာ ၀မ်းနည်းစရာတွေပဲရှိတာမဟုတ်။ ၀မ်းသာစရာ၊ ပျော်စရာတွေရှိတယ်။ ၀မ်းနည်းပူဆွေးနေရတဲ့ကြားက ပျော်စရာရှိနေသလို ပျော်ရွှင်မြူးတူးနေရသည့်ကြားမှ ၀မ်းနည်းစာတွေရှိတယ်။ လူရယ်လို့ ဖြစ်လာရင် ပျော်စရာရော၊ ၀မ်းနည်းစရာပါ သေချာ လိမ်ကျစ်ထားတဲ့ အ၀တ်အထည်ကို ဆင်မြန်းထားရပေတော့မယ်လို့ စိတ်သောက ရောက်နေတဲ့ သူငယ်ချင်းတစ်ယောက်ကို အားပေးပြီး ယစ်မူးပျော်ပါးနေတဲ့ အခြားသူငယ်ချင်းတစ်ယောက်ကို လည်း သတိပေးရင်းနဲ့ ရေးဖြစ်လိုက်တဲ့ ကဗျာလေးတစ်ပုဒ်ပါ။

ကျေးဇူးတင်စွာဖြင့်
yu ya

ဂျစ် said...

ပျော်ပျော်နေတတ်ရင်...အရာရာပိုပြီးငြိမ်းချမ်းတာပေါ့နော်...။

သူငယ်ချင်း လာရောက်အားပေးသွားပါတယ်...။

ခင်မင်လေးစားစွာဖြင့်
ဂျစ်

မယ့်ကိုး said...

ဒီစာလေး အရမ်းကောင်းတယ်။ တရားနာရသလိုပဲ...အနှစ်သာရရှိလိုက်တာ...

မိုးခါး said...

း)
ဟစ်ဟော့ပေါ့ :D