Pages

Friday, June 26, 2009

ကြွေလွင့်သွားတဲ့ အနုပညာရှင်တစ်ဦး


အသက် ၅၀ နှစ်ရှိပြီဖြစ်တဲ့ Pop ဘုရင်ကြီး မိုက်ကယ်ဂျက်ဆင်တစ်ယောက် သူ့ရဲ့ နှစ် ၅၀ ပြည့် တေးဂီတ ဖျော်ဖြေပွဲကို လန်ဒန်မြို့ နာမည်ကြီး 02 အားကစားကွင်းမှာ July 13 ရက်နေ့စတင်ဖျော်ဖြေဖို့အတွက် ပြင်ဆင်နေရင်း မနေ့က ရုတ်တရက် ကြွေလင့်သွားခဲ့ရပါတယ်။ မိုက်ကယ်ဂျက်ဆင်ဟာ နေ့စဉ်နဲ့အမျှ၊ နာရီတိုင်းလိုလို သူရဲ့ Pop အက အဖွဲ့နဲ့ ဂီတဖျော်ဖြေပွဲအတွက် အားသွန်ခွန်စိုက် ပင်ပင်ပန်းပန်း ကြိုးစားနေခဲ့ပါတယ်။ သူနဲ့ သူရဲ့ ၀ါသနာအိုးတွေက သူရဲ့ မှေးမှိန်နေတဲ့ ဂုဏ်သတင်းကို Pop လောကမှာ ပြန်လည် ရယူနိုင်လိမ့်မယ်လို့ မျှော်လင့်နေခဲ့ကြတာပါ။

(သေဆုံးရခြင်းအကြောင်းရင်းကိုသိရန်) အလောင်းခွဲစိတ်ခြင်း (Autopsy) ကို ဒီနေ့ သောကြာနေ့မှာ ပြုလုပ်ကြဖို့ စီစဉ်ထားပါတယ်။ အဆိပ်ဗေဒနဲ့ ပက်သက်တဲ့ စစ်ဆေးမှုတွေ ပြီးသည့်တိုင်အောင် အဖြေက ချက်ချင်း ထွက်ဆိုနိုင်မှာ မဟုတ်ပါဘူး။ လုပ်ငန်းကိစ္စတွေဟာ ၂ ရက် ၃ ရက်လောက်ကြာတတ်ပြီး တစ်ခါတစ်ရံ တစ်ပတ် လောက်ထိအောင် ကြာတတ်ပါတယ်။ ဒါပေမယ့် အလောင်းခွဲစိတ်ပြီးလို့ ရလာတဲ့ အဖြေကိုတော့ ကြေငြာပါမယ်လို့ Los Angeles ရဲ့ လူသေမှု စုံစမ်းစစ်ဆေးရေးအရာရှိ Jerry McKibben က ပြောကြားသွားခဲ့ ပါတယ်။

ဆေးဖက် ပါရဂူတွေက သူကို အိမ်မှာ သတိပြန်ရလာအောင် ၄၅ မိနစ်လောက် အစွမ်းကုန် ကြိုးစားခဲ့ပြီး ဆေးရုံကို အပူတပြင်း ပို့ဆောင်လိုက်ကြပါတော့တယ်။

မိုက်ကယ်ဂျက်ဆင်ဟာ သူ့အိမ်မှာ နှလုံးခုန်ရပ်သွားတယ်လို့ ထင်မြင်ယူဆရပါတယ်။ ဒါပေမယ့် သူ့ရဲ့ သေဆုံးမှု အကြောင်းရင်းကိုတော့ဖြင့် အလောင်းခွဲစိတ်ပြီးတဲ့အထိ မသိရသေးပါဘူးလို့ အစ်ကိုဖြစ်သူ Jermaine က ပြောကြားခဲ့ပါတယ်။

မိုက်ကယ် ဂျက်ဆင်ရဲ့ သေဆုံးမှုဟာဆိုရင်ဖြင့် ၀မ်းနည်းမှုနှင့်အတူ နှမျောမှုကိုပါ ဖြစ်ပေါ်စေပါတယ်။ ကျွန်တော်တို့ သိတတ်စ အရွယ်ကတည်းက သူ့ရဲ့ သီချင်းတွေနားထောင်၊ MTV တွေကြည့်လာခဲ့ကြတာဟာ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း လောက်ကမှ သူ့ရဲ့ နာမည် ကျဆင်းလာမှုကြောင့် အခွေတွေ မထွက်နိုင်တော့မှပဲ သူ့ကို မေ့တေ့တေ့ ထားခဲ့ကြတာပါ။ ဒါတောင် သူရဲ့ သီချင်းတစ်ပုဒ်က ကျွန်တော်ရဲ့ အကြိုက်ဆုံး တေးသီချင်းတွေထဲမှာ ပါနေပါသေးတယ်။ ကျွန်တော်ရဲ့ Player လေးမှာ ရှာပြီး နားဆင်နိုင်ပါတယ်။ We are the World တေးသီချင်းလေးပါ။

လူတစ်ယောက်ဟာ ဘာတွေပဲ ကောင်းခဲ့ကောင်းခဲ့ ဘာတွေပဲ ဆိုးခဲ့ဆိုးခဲ့ သေဆုံးသွားတဲ့ အချိန်မှာတော့ သူဘာမှ မသိနိုင်တော့ပါဘူး။ ကျန်ရစ်ခဲ့သူတွေမှာသာ ပူဆွေးသောကတွေ၊ သတိရခြင်းတွေ၊ သံဝေဂတွေနဲ့ ဆက်လက် ဖြစ်တည်နေခဲ့ရတာပါ။

ဘာပဲဖြစ်ဖြစ်ပေါ့လေ... ကွေးသောလက် မဆန့်မီ၊ ဆက်သောလက် မကွေးမီ အချိန်လေးအတွင်းမှာ ကိုယ့်အတွက် ပါနိုင်တာလေးတွေကို တတ်နိုင်သလောက် ယူထားကြမယ်ဆိုရင်တော့ဖြင့်....

ကျေးဇူးတင်စွာဖြင့်
yu ya

6 comments:

Anonymous said...

ကြေကွဲ ဝမ်းနည်းစရာ ကောင်းတဲ့ ဆုံးရှုံးမှု တစ်ခုပါပဲ ...
အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင် တစ်ယောက်ရဲ့ နောက်ဆုံး ဖျော်ဖြဲပွဲ မတိုင်ခင် ကြွေလွင့်ခဲ့ရတဲ့ အတွက် ပိုပြီး ခံစားရပါတယ် ...
ရောက်ရာ ဘဝမှာ အေးချမ်းနိုင်ပါစေ ...
နေဒေးသစ်။

မငုံ said...

မသိဘူး။ ခုမှ ဖတ်ရလို့သိတာ။ နှမြောဖို့ကောင်းတယ်။ သူ့သီချင်းလေးတွေကို ကြိုက်တယ်။

ပုလုကွေး said...

နေလည်လောက်မှ မန်နေဂျာက ပြောလို့သိတာဗျ။။အမှန်အတိုင်း ပြောရင် မိုက်ကယ်ဂျင်ဆင် ကို ကျတော် သိပ်မကြိုက်ဘူး..

မင်းအိမ်ဖြူ said...

ဲJackson ကို ငယ်ငယ်တုန်းက စပြီးကြည့်ဖူးတာက မိဖုရား နဲ့ကပြတဲ့ သီချင်းခွေလေးလေ ၊၊ လူသားတစ် ယောက်အနေနဲ့ကောင်းရင်ကောင်းမယ် ဆိုးရင်ဆိုးမယ်
ဒါပေမယ့် လောကကြီးမှာ နေထိုင်ခဲ့ဘူးတယ်ဆိုတာ ၊ ရှင်သန်ရပ်တည်ခဲ့ဘူးတယ်ဆိုတာ ကိုလူတိုင်းက အမှတ်တယရှိနေကြမှာပါ
တိတ်တိတ်လေးလာပြီး တိတ်တိတ်လေး ထွက်သွား ရတဲ့သူမျိုး မဟုတ်တဲ့ သူ့အတွက်ဂုဏ်ယူပါတယ် ၊၊ လောကကောင်းကျိုးလည်း သူတက်နိုင်သမျှ သယ်ပိုးဆောင်ရွက်ခဲ့ပါတယ်လေ...
ဘာပဲဖြစ်ဖြစ် ကောင်းရာသုဂတိလားပါစေလေ......

Anonymous said...

u r not alone .... ခုထိ နားထဲကြားယောင်နေတဲ့သီချင်းလေးပါ..... ၀မ်းနည်းတယ်ဗျာ ....

မင်းနေ ..

Tin said...

Before He " Heal the World " he could not heal himself. Life is like that , enjoy y(our) life b4 we die.