Pages

Sunday, June 21, 2009

မဆုံးတဲ့ ချစ်ခြင်းမေတ္တာ

နေ့ရက်တစ်ရက် ကုန်ဆုံးသွားတိုင်း မင်းကို (ပို၍ ပို၍) တိုး၍ တိုး၍ ချစ်ခင် မြတ်နိုးလာရတယ်လေ။ မနက်ဖန် ဆိုတာကို တရွေ့ ရွေ့ ချဉ်းကပ်လာတဲ့ အခါတိုင်း ရင်ခုန် ပီတိ ဖြစ်ရတယ်. ဘာဖြစ်လို့လည်းဆိုတော့ မနေ့ကထက် ပိုလို့ချစ်မြတ်နိုးလာမှာ ဖြစ်ပြီး မနက်ဖန်မှာလည်း မင်းကို ဒီနေ့ထက် ပိုလို့ချစ်မြတ်နိုးလာမယ်ဆိုတဲ့ အသိလေးကြောင့်ပါပဲ။ မင်းအပေါ် ထားရှိတဲ့ ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာကို စကားလုံးများ သက်သက်နဲ့တော့ မတိုင်းတာနိုင်ပါဘူး.. ပြီးတော့ ချစ်ခြင်းမေတ္တာဆိုတဲ့ ဒီစကားလုံးကလည်း မင်းအတွက်ထားရှိတဲ့ ကိုယ့်ရဲ့ အစစ်မှန်ဆုံး အထူးတလည် ခံစားချက်တွေကို အပြည့်အ၀ ဖော်ဆောင်ပေးနိုင်စွမ်း မရှိပါဘူး။

ကိုယ်တို့ရဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို စိတ်ကူး ကြည့်လိုက်တဲ့အခါ ဘ၀ရဲ့ အံသြဖွယ်ရာများက ကိုယ့်တို့ကို ထင်ဟပ်နေစေပါတယ်။ နှစ်လုံးသားနှစ်ခု တစ်သားတည်း ဖြစ်လာခဲ့ရာမှ ကိုယ်တို့ရဲ့ ချစ်မေတ္တာများ တစ်ဆတစ်ဆ ကြီးထွားလာကာ နေ၀င်ဆည်းဆာ နှင့် ကိုယ်တို့ရဲ့ နှလုံးသားများကို နှစ်သိမ့်တတ်တဲ့ အမေရဲ့ ဆည်းလည်းသံများ ကဲ့သို့ သာယာ နှစ်လိုဖွယ်ကောင်းနေပါတော့တယ်။ မင်းတစ်ယောက်တည်းသာလျှင် ကိုယ့်ကို မျှော်လင့်ချက် များစွာ ပေးနိုင်သူ၊ ပြီးတော့ ဘ၀ရဲ့ စစ်မှန်တဲ့ အဓိပါယ်ကိုလည်း ဖော်ဆောင်ပေးစွမ်းမှု ပြုနိုင်သူပါ။

ဒါကြောင့် တစ်ပေါင်းတည်းဖြစ်နေတဲ့ ကိုယ်တို့ နှလုံးသားများမှ ထွက်ပေါ်လာတဲ့ ရင်ခုန်သံ စည်းချက်မှန်မှန်ကို အသက်ထက်ဆုံး မဆုံးတဲ့ ချစ်ခြင်းမေတ္တာများနဲ့အတူ အစဉ်ထာဝရ နားဆင်သွားကြပါစို့လား။

***တစ်ခါက တစ်ကြိမ်တစ်ခါသာ စိတ်ကောက်ဖူးသူ ကျွန်တော် မဟေသီသို့ ရည်ရွယ်ပါသည်***

ကျေးဇူးတင်စွာဖြင့်
yu ya

6 comments:

ဝက်ဝံလေး said...

တခုပြောမယ် မဟေသီဆိုတာ မိန်းမ ကိုရည်ညွှန်းတာ မလားးးး အကို့မှာ မိန်းမရှိလို့လား ဂလိုဆိုရင်

Yu Ya said...

ဟုတ်ကဲ့ပါ ငှက်ကလေး.. ကျွန်တော်မှာ အင်မတန်မှ ချစ်မြတ်နိုးရပါသော ကျွန်တော်ရဲ့ ဇနီးတစ်ယောက် ရှိပါတယ်...

မင်းအိမ်ဖြူ said...

ပျော်ရွှင်ပါစေနော် ...
ဟင် ဇနီးတစ်ယောက် ပြီးတော့ရော ... နောက်တာပါနော် ...
သမီးတစ်ယောက် ရရင်တော့ မင်းအိမ်ဖြူ အတွက်ပေါ့ P:

မယ့်ကိုး said...

ကိုမင်းအိမ်ဖြူက တဆင့်ရောက်လာပါတယ်။

စာလေးလည်း ကောင်းသလို တစ်ကြိမ်တစ်ခါသာ စိတ်ကောက်ဖူးသူ ကျွန်တော် မဟေသီသို့ဆိုတော့ ပိုလို့  ကြည်နူးစရာ ဖြစ်သွားပါတယ်...

အားပေးလျက်...

Anonymous said...

ပျော်ရွှင်ဖွယ်ရာ အိမ်ထောင်မှု ဘဝလေး ဖြစ်နိုင်ပါစေ ကိုယုယရေ ....
နေဒေးသစ်။

Yu Ya said...

ဗျို့ ကိုမင်းအိမ်ဖြူ... ကျွန်တော်က သမီးလေးယူမလို့ စိတ်ကူးနေတာဗျ... လိုချင်ရင် ဘိုကင်တင်ပေါ့.. lol..lol.. အလကား စတာပါဗျာ...

မယ်ကိုးကိုလည်း အလည်ရောက်တဲ့ အတွက် အင်မတန်မှ ကျေးဇူးတင်ပါတယ်... ကျွန်တော်ဆီက ရသများ မစုံလင်သေးခင်မှာ သီးခံဖတ်ရှုပေးပါလို့လည်း မေတ္တာ ရပ်ခံပါရစေနော်။

ကျေးဇူးကမ္ဘာပါ ကိုနေဒေးသစ်ခင်ဗျာ...ပေးတဲ့ဆုနဲ့ ပြည့်စုံရပါစေ။