Pages

Sunday, June 21, 2009

ချစ်ခြင်းမေတ္တာ

ချစ်ခြင်းမေတ္တာဆိုတာ ပေတံ ဒါမှမဟုတ် တိုင်းတာလို့ရတဲ့ မည်သို့သောအရာနှင့်မျှ အကဲဖြတ်လို့ မရနိုင်ပါ။ ချစ်ခြင်းမေတ္တာရဲ့ အရွယ်အစား၊ အရေးပါမှုအတိုင်းအတာနဲ့ ကိုယ့်ဘ၀မှာ ဘယ်လောက်ထိတောင် အရေးကြီးသလဲ ဆိုတာကတော့ တစ်ဦးချင်း တစ်ယောက်ချင်းအပေါ် မူတည်နိုင်ပါတယ်။ ချစ်ခြင်းမေတ္တာ ဆိုတာ အနန္တစကြာဝဋ္ဌာဖြစ်ပြီး ခေတ်ကာလတွေကို ဖြတ်ကျော် သွားလာနေပါသည်။ လွန်ခဲ့တဲ့ ၁၅ ရာစုခေတ်က လူတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ မျက်မှောက်ခေတ်လူတွေရဲ့ ချစ်ခြင်းမေတ္တာ အတူတူပါပဲလား။ အဖြေကတော့ အင်မတန်မှ ရိုးရိုးစင်းစင်းလေးပါပဲ - “ဟုတ်ကဲ့... အတူတူပါပဲ”

ချစ်ခြင်းမေတ္တာမှာ ပုံစံ အမျိုးမျိုးရှိပါတယ်။ ဥပမာ... အမေတစ်ယောက်နဲ့ သူမရဲ့ ရင်သွေးကြားမှာ ချစ်ခြင်းမေတ္တာ တည်ရှိပါတယ်။ ဒီလိုပုံစံမျိုး ချစ်ခြင်းမေတ္တာဟာ အဆုံးမရှိတဲ့ ချစ်ခြင်းမေတ္တာပဲ ဖြစ်ပါတယ်။ သင့်ရဲ့ ဘ၀မှာ သင့်ကို ထိခိုက်နစ်နာခြင်း၊ အန္တရာယ် စတာတွေကို မည်သည့်အခါမျှ မပေးနိုင်တဲ့ သင်အယုံကြည်နိုင်ဆုံးသော သူဟာ သင့်ရဲ့ မေမေပဲ ဆိုတာကို တစ်ခါတစ်ရံ “အဆုံးမရှိတဲ့ ချစ်ခြင်းမေတ္တာ” ဆိုတဲ့ အသုံးအနှုန်းနဲ့ ယှဉ်ပြလေ့ ရှိပါတယ်။ အခြေအနေအားလုံးနဲ့ သက်ဆိုင်တယ်လို့တော့ မဆိုလိုပါဘူး။ ခြွင်းချက်ဆိုတာ ရှိစမြဲပါပဲ။

ပြီးနောက် အဖော်တစ်ဦးအပေါ် ဖြစ်ပေါ်လာတဲ့ ချစ်ခြင်းမေတ္တာဆိုတာ တွေ့နိုင်ပါတယ်။ အဲဒီ ချစ်ခြင်းမေတ္တာ ကတော့ ဘ၀မှာ အပြည့်စုံဆုံး ရှင်သန်နေထိုင်ဖို့အတွက် အဓိကအကြောင်းအရာများထဲမှ တစ်ခုပဲ ဖြစ်ပါတယ်။ ဘ၀တစ်ခုထဲကို ဒီလိုပုံစံချစ်ခြင်းမေတ္တာမျိုး ထည့်ပေါင်းပေးဖို့ လိုအပ်တယ်ဆိုတာ သံသယ ကင်းကင်းနဲ့ နားလည်ဖို့ အရေးကြီးပါတယ်။

ချစ်ခြင်းမေတ္တာ ကင်းကွာနေတဲ့ ကျွန်တော်တို့ ကမ္ဘာကြီးဟာဆိုရင်ဖြင့်.... သေချာပါတယ်... ရှင်သန်နေထိုင်ရတာ အေးစက်စက်နိုင်တဲ့ ကမ္ဘာကြီး တစ်ခုဖြစ်နေပါလိမ့်မယ်။

***TOEFL ဖြေတုန်းက လေ့လာခဲ့တဲ့ Essay လေးတစ်ပုဒ်ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။***

ကျေးဇူးတင်စွာဖြင့်
yu ya

2 comments:

ဝက်ဝံလေး said...

လာတယ်နော် အကို မန့်သွားတယ်နော် ချီးမွမ်းတာ ကျေးဇူုးးပါပဲနော်

Anonymous said...

ကိုယုယရေ .. ချစ်ခြင်းမေတ္တာအကြောင်းလေး မျှဝေပေးတာ ကျေးဇူးပါ .. အဆင်ပြေပျော်ရွှင်ပါစေ ...
နေဒေးသစ်။