Pages

Friday, June 19, 2009

ယုံကြည်မှု


ယုံကြည်မှုကို သာမန် အနက်ဖွင့်ကြည်မယ်ဆိုရင် - တန်ဖိုးရှိကြောင်း ယုံကြည်ချက် ဒါမှမဟုတ် တစ်စုံတစ်ခု၊ တစ်စုံ တစ်ဦးအပေါ် ယုံကြည်စိတ်ချမှု တို့ပဲ ဖြစ်ပါတယ်။ ဒါပေသည့် ကျွန်တော်အတွက်တော့ ယုံကြည်မှုဆိုတာ ဒါ့ထက်မက အများကြီး ပိုပါတယ်။ ဘ၀မှာ ကောင်းတဲ့ကိစ္စပဲဖြစ်ဖြစ် ဆိုးတဲ့ကိစ္စပဲဖြစ်ဖြစ် အိုးနင်းခွက်နင်း နဲ့ ကသောင်းကနင်း ဖြစ်တတ်ပါတယ်။ ဒါပေသည့် ကမ္ဘာကြီးနဲ့ သူ၏ရင်သက်ရှုမောဖွယ်ရာများကတော့ ဆက်လက် တည်ရှိနေလိမ့်မယ် ဆိုတာကတော့ အသိပညာအရ သိခြင်းပဲ ဖြစ်ပါတယ်။ ယုံကြည်မှုဟာ ဘုရားသခင်ပဲလား ကျွန်တော်ဘ၀အခြေအနေကိုယ်တိုင်ပဲလား ဘာပဲ ဖြစ်ဖြစ်ပေါ့..... ဒီသဘောထား အမြင်က လူတွေအတွက်တော့ အသစ်မဟုတ်ပါဘူး.. သိုပါသော်လည်း မကြာခဏ မသိကျိုးကျွန် ပြုတတ်ကြပါတယ်။

ယုံကြည်မှုဆိုတာ - သင်ချစ်မြတ်နိုးတဲ့သူနဲ့ ခွဲခွာနေရရင်တောင် သင်ဟာ ဘယ်တော့မှ အမှန်တကယ် အထီးကျန်တဲ့သူ မဟုတ်ဘူးဆိုတာကို သိနေသလိုမျိုး၊ အချိန်အကြာကြီး ခွဲသွားခဲ့ပြီး နောက်ဆုံးဧကန် အိမ်ပြန် ရောက်တဲ့အခါမှာ သင့်ရဲ့ မိသားစုတွေက သင့်ကို ပျော်ရွှင်စွာ နှုတ်ဆက်နေကြမယ်ဆိုတာကို သိနေသလိုမျိုး ရိုးရိုးလေးမျှသာ ဖြစ်နိုင်ပါတယ်။

ယုံကြည်မှုဆိုတာ - လောလောလတ်လတ် မှည့်ကာစ စတော်ဘယ်ရီသီးရဲ့ အရသာ ဒါမှမဟုတ် ရနံ့လား...?

ယုံကြည်မှုဆိုတာ - နေမင်းကြီးသည် နေ့အခါတွင် တလျှပ်လျှပ် လင်းလက် တောက်ပမှုများနဲ့ ကမ္ဘာမြေကြီး အပေါ်ကို ပြုံးပြနေလိမ့်မည်ဖြစ်ပြီး ကောင်းကင်ထက်မှ ရွှန်းရွှန်းဝေတဲ့ လမင်းကြီးက သူ့ကို လိုက်တဲ့အခါမှာတော့ သူရဲ့ မျက်နှာကို ၀ှက်ထားလိမ့်မယ်ဆိုတာကို သိနားလည်သလိုမျိုးပဲ ဖြစ်ပါတယ်။ အလားတူပဲ မနက်ခင်းတွင် နေမင်းကြီးက ကျွန်ုပ်တို့ကို အိမ်မက်များမှ နိုးထစေသည့်အတိုင်း နောက်ပိုင်းမှာ ပြန်လာတဲ့ လမင်းကြီးကလည်း ကောင်းသောညပါလို့ နှုတ်ဆက်နေမယ် ဆိုတဲ့အတိုင်းပဲ ဖြစ်ပါတယ်။

http://www.123helpme.com/view.asp?id=125808
အထက်ဖော်ပြပါ လင့်မှ Faith ဆိုတဲ့ အက်ဆေးလေးတစ်ပုဒ်ကို ဆီလျော်အောင် ပြန်ဆိုထားပါသည်။

ကျေးဇူးတင်စွာဖြင့်
yuya

2 comments:

မင်းအိမ်ဖြူ said...

ကောင်း၏ ၊၊ ဖြစ်နိုင်ရင် ဆက်ပြီး တွေးပြီး ရေးပါလား ၊၊ အရမ်းကောင်းတယ် ၊၊ အဲဒီယုံကြည်မှူဆိုတာလေး ပျက်ဆီးသွားတဲ့နေ.ဟာ တကယ်ကို ကမ္ဘာပျက်တဲ့ နေ့ ပါ ၊၊ အဲဒီလို နေ.လေးတွေ ကြုံပါများတဲ့ အခါ မတော့ ဘာကိုမှ မယုံကြည်တော့တာလဲ အပြစ်မှ မဟုတ်ဘဲလေ

Yu Ya said...

ကိုမင်းအိမ်ဖြူ..
ယုံကြည်မှုဆိုတာ ကျွန်တော်ဘာသာပြန်ခဲ့တဲ့ စာလေးအတိုင်းပါပဲ... ပျက်ဆီးမှု မရှိနိုင်သလို ဖျက်ဆီးလို့လဲ မရပါဘူး...ထာဝရ အမှန်တရားပါ။
ကိုမင်းအိမ်ဖြူရဲ့ ပျက်ဆီးသွားတယ်ဆိုတဲ့ အရာဟာ ယုံကြည်မှု မဖြစ်နိုင်ပါဘူး... ယုံကြည်မှု အောက်တစ်ဆင့်နိမ့်တဲ့ မျှော်လင့်မှု နေရာလေးမှာပဲ ရှိနေခဲ့လို့ပါ... Hope ဆိုတဲ့ မျှော်လင့်မှုမှ တစ်ဆင့် လှမ်းတက်ခဲ့မယ်ဆိုရင် Faith ဆိုတဲ့ နေရာလေးကို ရောက်လာနိုင်မှာပါ... Fatilism ကို အနည်းငယ် လက်ကိုင်ထားပြီး Hope အသစ်တစ်ခုကို ပြန်လည်မွေးပြီး မျှော်လင့်နိုင်ပါသေးတယ်ဗျာ...