Pages

Wednesday, June 17, 2009

ဖားနှစ်ကောင်

ဖားအုပ်တစ်အုပ်သည် သစ်တောများကို ဖြတ်သန်း ခရီးသွားလာနေရာမှ ဖားနှစ်ကောင်သည် ကျင်းနက်တစ်ခု ထဲသို့ ကျသွားလေသည်။ အဲဒီကျင်းဟာ တော်တော်လေးနက်တယ်ဆိုတာကို တစ်ခြားဖားတွေ မြင်တဲ့ အခါမှာတော့ သူတို့ဟာ ဖားနှစ်ကောင်ကို သေသလောက် ဖြစ်နေပြီလို့ ပြောပါတယ်။ ဖားနှစ်ကောင်က အဲဒီ ထင်မြင်ချက်တွေကို ဥပေက္ခာပြုပြီးတော့ သူတို့ရဲ့ အင်အားနဲ့ အဲဒီကျင်းထဲမှ ခုန်ထွက်ဖို့ ကြိုးစားခဲ့ကြ ပါတော့တယ်။ တစ်ခြားဖားတွေက သူတို့ဟာ သေသလောက်ဖြစ်နေပြီ ဖြစ်တဲ့အတွက် ရပ်လိုက်ဖို့ ဆက်ပြောနေကြ ပါတော့တယ်။ နောက်ဆုံးတာ့ ဖားတစ်ကောင်ဟာ အခြားဖားတွေ ပြောတာကို နားထောင်ပြီး အလျှော့ ပေးလိုက် ပါတော့သည်။ နောက်... သူဟာ လဲကျ သေဆုံး သွားခဲ့ပါတော့တယ်။

ကျန်တဲ့ ဖားကတော့ သူတတ်နိုင်သမျှ ကြိုးစားပမ်းစားနဲ့ ဆက်ခုန်နေခဲ့ပါတယ်။ ဖားအုပ်က သူ့အား စိတ်ဆင်းရဲမှု ဒုက္ခတွေကို ရပ်လိုက်ပြီး အသက်ကိုပဲ စွန့်လိုက်ဖို့ နောက်တစ်ကြိမ်ထပ်၍ အော်ပြောခဲ့ပါသည်။ ဖားက ပို၍ပင် ကြိုးစားပမ်းစားနဲ့ ခုန်နေခဲ့ပြီး နောက်ဆုံးမှာတော့ ကျင်းထဲမှ အပြင်သို့ ရောက်ရှိသွားခဲ့ပါတော့တယ်။ သူအပြင်ကို ရောက်လာတဲ့အခါမှာ အခြားသောဖားများက “ငါတို့ ပြောတာကို မကြားခဲ့ဘူးလား?”ဟု မေးပါသည်။ ဖားက သူနားထိုင်းနေတဲ့အကြောင်း၊ သူ့ကို အခြားဖားတွေက တစ်ချိန်လုံး အားပေးနေခဲ့တယ်လို့ ထင်တဲ့အကြောင်း ပြောပြလိုက်ပါတော့သည်။

ပုံပြင်လေးရဲ့ သင်ခန်းစာများ။
နှုတ်တွင် (ပျက်ဆီးခြင်းနဲ့ ရှင်သန်ခြင်း) သေရေး ရှင်ရေး အတွက် အစွမ်းသတ္တိများ ရှိပါသည်။ အားတက်စေတဲ့ စကားလုံး တစ်လုံးဟာ စိတ်ဓာတ် ကျနေသူတစ်ဦးကို ပြန်လည် တက်ကြွလာစေနိုင်ပါတယ်။ အခက် အခဲများကိုလည်း တောက်လျှောက် အောင်မြင် စေပါသည်။ ဒါကြောင့် အပြောအဆိုကို သတိထားရပါမယ်။ ကံအားလျော်စွာ တွေ့ဆုံမိတဲ့သူများကို တက်ကြွမှု ရှင်သန်မှုအတွက် ပြောဆိုပေးပါ။ အားတက်စေတဲ့ စကားလုံး တစ်လုံးဟာ ဒီလောက် အတိုင်းအတာတစ်ခုထိ ရှိနိုင်တယ်ဆိုတဲ့အချက်ကို တစ်ခါတစ်ရံမှာ နားလည်ရခက်ခဲ စေပါတယ်။ ဒါဟာ စကားလုံးတွေရဲ့ အစွမ်းသတ္တိပါပဲ...။

http://www.theholidayspot.com/friendship/stories/two_frogs.htm
အထက်ဖော်ပြပါ လင့်မှ Two Frogs ဆိုတဲ့ ပုံပြင်လေးတစ်ပုဒ်ကို ဆီလျော်အောင် ပြန်ဆိုထားပါသည်။

ကျေးဇူးတင်စွာဖြင့်
yuya

2 comments:

မင်းအိမ်ဖြူ said...

မှန်တယ်ဗျ ၊၊ ကျွန်တော်ဆိုရင် အဲဒီလို Negative Sence ရှိတဲ့သူတွေ နဲ့ မတိုင်ပင် ချင်ဘူး ၊၊ အမှန်ပါပဲ ၊၊
တချို.လူတွေက ပါးစပ်ကလေးကနေ အားပေးစကား တခွန်းပြောဖို.ကိုတောင် တွန်.တိုနေကြတယ် ၊၊ ကြုံခဲ့ဘူး ပါတယ် ဘ၀တစ်လျှောက် ၊၊ ဒါကြောင့် အခု ဒုတိယ အလုပ် ပြောင်းတဲ့ အချိန်မှာ ဘယ်သူတစ်ဦး တစ် ယောက်ကိုမှ မပြောပြဖြစ်ခဲ့ဘူး၊၊Downturn ဆိုတာ လည်းသိပါတယ် ၊၊ နောက်ကြားရမယ့်စကားလုံးက ဘယ်လိုမှ ကောင်းတဲ့ အားပေးသံကြားရမှာ မဟုတ်ဘူး ၊၊ ဒါတွေကို ရင်ဆိုင်နိုင်ဖို. အားတွေ မရှိတော့ဘူး ၊၊ ဒါကြောင့် ပြီးမှပဲ မေးလာတဲ့သူကို ပြောပြလိုက် တော့တယ်၊၊
ဖုံးကွယ်ထားတက်တာ မဟုတ်ပေမယ့် ကိုယ်ကိုတိုင်က အတွေးနုနုနဲ. စကားလုံးတိုင်းကို ခံစားတက်လေတော့ တခါတလေ တိတ်တိတ်လေးပဲ ကျိတ်ပြီး လုပ်ဖြစ်တယ် ၊၊ မဟုတ်ရင် ကိုယ်ပဲ စိတ်ပိုညစ်ရတယ်လေ....

မိုးခါး said...

အရမ်းကောင်းတာပဲး)