Pages

Monday, October 26, 2009

“ ကျွန်မရဲ့ အချစ် ”



ကျွန်မရဲ့ အချစ်က ကောင်းကင်ပြာပြာ
လေးနက်မှုက သမုဒ္ဒရာ

ပေးဆပ်မှုက စင်္ကြာဝဋ္ဌာ

အချစ်တွေသာ အရည်ဆိုရင်

နောက်ထပ် သမုဒ္ဒရာ ပေါ်လာမှာ။

မဟေသီ



Love of Mine
Love of mine is the wild blue yonder

Many miles deep as oceanic abyss

Sacrifice is pretty much as macrocosm

If the love of mine were liquid,
One more ocean would occur.

Rendered by yu ya

31 comments:

မိုးအိမ့်ဖြူ said...

ငါကွ ၁ ဟ ဝေးဟေး ဟေး

မိုးအိမ့်ဖြူ said...

တယ်လည်း လိုက်ပါပေတယ် အော် အခုတော့ လည်း လုပ်ထားဦးပေါ့လေ တွေ့မယ် အမှိလိုက်ခဲ့မယ် မကျေနပ်လို့ ၂ ထပ်ယူတယ်

မိုးအိမ့်ဖြူ said...

ကြာပါတယ် ၃ ပါယူထားလိုက်မှ စားဝင်အိပ်ပျော်မှာ ယူတယ်ကွာ နောက်ထပ် ၃ နေရာကို

ဒီဇင်ဘာနှင်း said...

တကယ်ချစ်မိသွားရင် အဲလိုပဲဖြစ်တတ်တယ်နဲ့တူတယ်နော်

မေလေး said...

အားကျ
မိုက်စ်
းP

yangonthar said...

ဘာသာ ပြန်ပုံက ညက်သဗျာ အစ်ကိုယုယ တို့ စုံတွဲကတော့ ရှေ့ သွားနောက်လိုက်ကို ညီတယ် ဗျို့  .... ချစ်သမုဒ္ဒရာမှာ ပျော်ရွှင်စွာကူးခပ်နိုင်ပါစေ ......
ခင်တဲ့
ရန်ကုန်

pandora said...

မဟေသီရေးတဲ့ ကဗျာလေးကလည်း လှတာပဲ။ လိုက်ဖက်ညီကြပါပေတယ်။

kiki said...

တယ် လိုက်ဖက်တဲ့ အတွဲ ပါလား ။။။
အားကျစရာ ကြီး ။

အဲ့ဒီ သမုဒ္ဒရာ ကြီးထဲ တိုင်တင်းနစ်ကြီးစီးပြီး.. ..

လီယိုနာဒို ယူးယ နဲ့  မဟေသီကိတ် မုန့်ပစ်သလက်စ် တို့ ကို ဇာတ်လမ်း တပုဒ် ရေး ရရင် ကောင်းမလား နော်..

ဇာတ်ညွှန်းရေးဖို့  အဘကလူထွင်း တာဝန် ပေးလိုက်ဦးမှ..

Shinlay said...

အဲ့ဒါပေါ့ အချစ်ဆိုတာ။

ကောင်းကင်ပြာ said...

တော်လိုက်တဲ့ ချစ်သူလေး ကောင်းကင်ပြာပြာကို ထည့်ရေးတယ်..ဟဟ ဆိုင်ဆိုင် မဆိုင်ဆိုင် နာမည်တွေ့တာနဲ့ ပျော်သွားတယ်...ပျော်ရွှင်ကြပါစေ နော်..း)

အနော် said...

နောက်ထပ် သမုဒ္ဒရာ တစ်စင်း ပေါ်လာပီဝေ့
ချစ်တတ်တဲ့ ချစ်သူသက်ထားလေးနဲ့ အကိုယုယတို့ ဘဝသက်ဆုံးတိုင် ပျော်ရွှင်ကြည်နူးကြပါစေနော်
ဆုတောင်းပေးသွားပါတယ် အကိုရေ :)

စည်သူ said...

အချစ်တွေသာ အရည်ဆိုရင်
နောက်ထပ် သမုဒ္ဒရာ ပေါ်လာမှာ။

မထင်ထားဘူးဗျာ..
အတိတ်သယဝုတ္တိ ကောင်း၏

ခင်မင်စွာဖြင့်
စည်သူ။

ဝက်ဝံလေး said...

လုပ်ထား လုပ်ထား ဟွင်းးး မကျေနပ်ဘူး ဒါပဲ ပြောမယ် ဟွန်းးး တာ့တာ

ခရေညို said...

ကိုယုယ တို့စုံတွဲက ညီပါပေ့ ကဗျာလေးက အရမ်းကိုကောင်းတယ်

ပုံ့မေ said...

အယ် လိုက်ဖက်ညီတယ်တော့....

ဒါမဲ့ အဟင့်...... မီးမီးရေကူးတတ်ဝူးးးးးးး(((((

နောက်သမုဒ္ဒရာပေါ်လာရင်ဘယ်သွားနေရမှာလဲ.... :D

moekhar said...

လိုက်ပနော် ..း))
ပျော်ရွှင်ချမ်းမြေ့ပါစေး))

Waing said...

ကောင်းလိုက်တာ ရှေ့သွားနောက်လိုက်ညီပါပေတယ် မဟေသီက မြန်မာလိုလေးရေး ကိုယုယက အင်္ဂလိပ်လိုရေး :)
အချစ် သမုဒ္ဒရာမှာ ၂ယောက်အတူတူ ပျော်ရွှင်စွာ ကူးခပ်နိုင်ကြပါစေ

Vista said...

ထင်တာကတော့ အိုင်ဖုန်းဝယ်ပေးလိုက်လို့ မဟေသီက ဒီကဗျာစပ်ပေးတာထင်တယ် ဟိဟိ

မငုံ said...

အကောင်းဆုံး ကဗျာလေး တပုဒ်ပါ။ ကောင်းတယ်ဗျို့။ ကိုယုယကြီး ပြုံးနေပြီ။

rose of sharon said...

မိုက်တယ်

သားကြီး said...

ဗျိုးးး
ဒီကဗျာက ဘယ်သူ့ကိုယ်စားလဲ?
အဲဒါတော့ပြောဦး :)

သူကြီးမင်း (တုံးဖလား) said...

နောက်ထပ်သမုဒ္ဒရာတစ်ခုပေါ်လာမလားတော့မသိဘူး။ ကမ္ဘာပျက်မဲ့သတင်းကတော့ ဘလော့ဂ်ပေါ်ခေတ်စားနေပြီ။
အချစ်ကသာ ကမ္ဘာကို ထိန်းထားနိုင်တယ်ဆိုရင်တော့ သမုဒ္ဒရာအစား ကမ္ဘာလေးတစ်ခု ဖန်တီးပေးရင် ပိုကောင်းမယ်။ ဟဲ ဟဲ။ ပျော်ရွှင်ပါစေဗျာ။

မဆုမွန် said...

အချစ်တွေသာ အရည်ဆိုရင် နောက်ထပ် သမုဒ္ဒရာတစ်စင်းပေါ်လာမယ်.

ကြည်နူးဖို့ကောင်းတဲ့ မဟေသီရဲ့ စာလုံးလေးတွေ ဖတ်ပြီး ခံစားသွားတယ်နော်

jr.လွင်ဦး said...

ကိုယုယရေ..
ရှေ့သွားနောက်လိုက်ညီလိုက်တာ။
နောက်လဲ အဲလိုလေးတွေရေးပါဦးရှင်။
း)

ကိုကိုသုန် said...

ထင်တာတော့ iphone ကို မဟေသီအတွက် ၀ယ်ပေးတာမဖြစ်နိုင်ဘူး.... ကိုယုယ ကြီးအတွက် မဟေသီက အချစ်တွေ သမုဒ္ဒရာ အသစ်အဖြစ် ၀ယ်ပေးလိုက်တာနေမှာပါ... ကိုယုယကြီးက လှချင်တယ်လို့ကြားတယ်...

နောက်တာနော် စိတ်ချိုးရဘူး....

ခင်မင်စွာဖြင့်
ကိုကိုသုန်

moemoestar said...

လိုက်ဖက်ညီလိုက်တဲ့ စုံတွဲလေးပါ...

Unknown said...

မမမဒီက အစ်ကိုယုယကို ချစ်လိုက်တာများနော်
.....အချစ်စစ်နဲ့ ချစ်ကြသူတွေ အတွက် ဂုဏ်ယူမိတယ်
ညီမလေး နှင်းဟေမာ

Nyein said...

လာလည်ပါတယ်။ ကျွန်တော့်ဆီကိုလဲပြန်ပြီးလာလည်ဖို့ဖိတ်ခေါ်ပါတယ်။

Anonymous said...

ဗမာလိုရော
ဘာသာပြန်ရော
သိပ်ကောင်းတယ်။
မဟေသီကလဲ ရေးတတ်လိုက်တာ။

Angel Shaper said...

အားးးးးးပါးးးးးးးးးးး
လှလိုက်တဲ့ကဗျာ။ သိမ်းထားလိုက်ပီ။

မိုးပွင့် said...

အရေးအသားကို အရမ်းကြိုက်တာပဲ. တိုတိုနဲ့ထိမိတယ်။ ပျော်ရွှင်ပါစေ။