Pages

Wednesday, October 14, 2009

“ခံစားမိသော ကဗျာလေးတစ်ပုဒ်”

“ခွင့်သာခိုက်မှ မလိုက်ချင်လျှင်”

ငါးအာရုံ အင်အစု
ခင်မှုနှင့် နေ့ကုန်

နင် ယခု မေ့ပုံလို
တွေ့မကြုံစခန်း။

ပါယ်လေးဝ သောကဘုံမှာ

မျောရရုံ ရှိတော့ကမန်း။

အောက်ဝီစိ သောင်းအငူမှာ

ခေါင်းမပြူ စတမ်း။


နှစ်အရှည် နှစ်မည်လမ်းကိုလ

နင် မျှော်စမ်း နင့်ကိုယ်။

ဒေသနာ ထင်အလင်းရယ်နှင့်
နင်အဖျင်း ပိုထက်သာပို။


သည်လောဘ စရိုက်အိုကို

မလိုက်လို ရှောင်ပစ်လို့

နောင်အသစ်တကယ်ပြင်လျှင်

ကောင်းဖို့ အစဉ်။


ခွင့်သာခိုက်ကမှ မလိုက်ချင်လျှင်

အမိုက် နင့်ပြင် ရှိသေးလေလိမ့်လား။

ခွင့်သာဆဲကမှ မခဲချင်လျှင်

အလွဲ နင့်ပြင် ရှိသေးလေလိမ့်လား။

ခွင့်သာတုန်းကမှ မရုန်းချင်လျှင်

အရှုံး နင့်ပြင် ရှိသေးလေလိမ့်လား။
(လယ်တီ ဆရာတော်)


ကျွန်တော်တို့ အထက်တန်းကျောင်းသားဘ၀က သင်ခဲ့ရတဲ့ ကဗျာလေးတစ်ပုဒ်ပါ။ မထင်မှတ်ပဲ ပြီးခဲ့တဲ့အပတ်က ဂျာနယ်တစ်စောင်မှာ ပြန်ဖတ်မိတာကြောင့် သတိရပြီး ရေးဖြစ်သွားတာပါ။

ဒီကဗျာလေးကို အင်မတန် ကြိုက်နှစ်သက်လို့ ဘာသာပြန်ဖို့ ကြိုးစားတာ ၅ ရက်လောက်ရှိသွားပါပြီ။ ဒီနေ့မှပဲ အပြီးသတ်နိုင်လို့ တင်လိုက်တာပါ။


15/10/2009
*အမှားပြင်ဆင်ချက်* ဟုတ်တယ် ကိုလူထွေးထောက်ပြသွားလို့ ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်ရဲ့ ပေါ့ဆမှုကြောင့် ဘာသာပြန်တာ Stupid နှစ်ခါထပ်သွားရပြီး စာပိုဒ်လေးရဲ့ အဓိပ္ပါယ်လေးပါ လွဲချော်သွားရသလို ဖြစ်သွားပါတယ်။

17/10/2009
ဝန်ခံချက်။ ။ ဘာသာပြန်လက်ရာလေးကို ဆရာတော်ရဲ့ ကဗျာနဲ့ ယှဉ်တွဲမဖော်ပြချင်လို့ Comment ထဲမှာ ထည့်သွင်းပေးလိုက်မိတာပါ။ အခုလို မိတ်ဆွေတွေရဲ့ အကြံပေးချက်အရ ပို့စ်ထဲမှာ တင်ပေးလိုက်ပါတယ်။


“Seize the Chance or otherwise”

Rather attached to
Five fleshy lusts
Days crept; in such your lack of cognition
Final liberation from ignorance is still too far

Well-nigh aimless
Amid nether worlds of zero bliss
So it is the Avici Hell
Where you are to forever live.

Foreknow well. Be wise
To keep away from the cosmic vortex
Set against Dhamma Light,
So bright is your imbecility.

However loathing
Disposing of this deep-seated rapacity
Try to get a complete change
To aim for eternal, sinless gain.

Obviously Brainless:-

Disinclined when well-timed
Mind how stupid you are;

Vacillating when well-timed
Mind how mistaken you are;

Demoralized when well-timed
Mind how beaten you are.

(Translated in gracious homage by yu ya)

ဦးလူထွေး ထောက်ပြထားတာလေးကို mistaken လို့ ပြင်ထားပါတယ်။

ဆန္ဒမွန်ဖြင့်
yu ya

31 comments:

Yu Ya said...

“Seize the Chance or otherwise”

Rather attached to
Five fleshy lusts
Days crept; in such your lack of cognition
Final liberation from ignorance is still too far

Well-nigh aimless
Amid nether worlds of zero bliss
So it is the Avici Hell
Where you are to forever live.

Foreknow well. Be wise
To keep away from the cosmic vortex
Set against Dhamma Light,
So bright is your imbecility.

However loathing
Disposing of this deep-seated rapacity
Try to get a complete change
To aim for eternal, sinless gain.

Obviously Brainless:-

Disinclined when well-timed
Mind how stupid you are;

Vacillating when well-timed
Mind how stupid you are;

Demoralized when well-timed
Mind how beaten you are.

(Translated in gracious homage by ya ya)

ခြေလှမ်းသစ် said...

ယခုတခါ ပြန်ဖတ်ရလို့ ၀မ်းသာပီတိဖြစ်မိပါ၏ ဘာသာပြန်ကလည်း အရမ်းကောင်းတာမို့ မှတ်သားသွားပါ၏

ကိုလူထွေး said...

ဆရာလုပ်ရတာ အကျင့်ပါနေလို့ ဒီတခါလည်း ခွင့်လွှတ်ပါတော့။

stupid နှစ်ခါထပ်နေတဲ့နေရာမှာ
Mind how foolish you are... လို့ ရေးရင်ပိုကောင်းမလားပဲ...

အမှန်တော့ ယုယဘာသာပြန်ပေးထားတာတွေ အကုန်လုံး နားမလည်ပါဘူး။

ဒီလိုရေးတတ်တာကို ချီးကျူးပါတယ်...

းဝ)

Beauty Studio USA Branded Store said...

အင်္ဂလိပ်လို ဘာသာပြန်လဲ ကောင်းတယ်။သဘောကျလို့ သူးယူသွားတယ် ကိုယုယရေ... မူရင်းကော၊ ဘာသာပြန်ကော။
ကျွန်တော်ဆီ ကိုယ်ရောင်ပျောက်ဆေး လာသောက်ပါဦးလို့ ဖိတ်ခေါ်ပါရစေဗျာ။

Anonymous said...

ကဗျာကောင်းလေးလာဖတ်တယ်

Angel Shaper said...

တန်ဖိုးရှိတဲ့ ကဗျာလေးရော ဘာသာပြန်လှလှလေးရော ဖတ်သွားတယ် ကိုယုရေ....
တော်တယ်ဗျာ။

မယ့်ကိုး said...

ဘာဖြစ်လို့ ဘာသာပြန်လေးကို ပို့စ်မှာ မတင်တာလဲ။
ဆရာတော်ရဲ့ ကဗျာရော ကိုယုယရဲ့ ကဗျာကော မာန်ပါတယ်။
ကောင်းပါတယ်။

Anonymous said...

post မှာ တင်ပါလား။

မိုးခါး said...

အရမ်း နှစ်သက်ပါတယ် ..
ကျေးဇူးပါနော် ..း)

ခရေညို said...

ကိုယုယရေ
အရမ်းကောင်းတယ် ဘာသာပြန်ရော
မူရင်းကိုရော အရမ်းကြိုက်နှစ်သက်ပါတယ်
ကျေးဇူးပါနော် .. ::))

ကာရံဆူး said...

အောင်မလေး..ကိုယုယကြီးတို့ တော်ချက်.. အရမ်းတော်.. ကဗျာလေးက ငယ်ငယ်လေးကတည်းက ရွတ်လာတော့ အခုလို ပြန်ဖတ်ရတဲ့အခါ အနှစ်သာရနဲ့ ပြည့်စုံပါပေတယ်..ဘာသာပြန်လေးကလည်း ကောင်းလို့ အားကျသွားပါတယ်...ကူးလိုက်မယ်နော်..

rose of sharon said...

ဖတ်လို့ကောင်းတယ်

maylay said...

နှစ်ခုလုံးကို ကူးသွားတယ်နော် ကဗျာလေးကြိုက်လို့။

စည်သူ said...

ဘာပဲပြောပြော
မိုက်တယ်ပဲ ပြောပြော
မသိဘူးလို့ပဲ ပြောပြော
ပြောချင်သလိုပြော
စိတ်မဆိုးဘူး..းP

အရင်က ဖတ်ဖူးလား
မဖတ်ဖူးလား မသိဘူး
မမှတ်မိတော့ဘူး..

သေချာတာက မဖတ်ဖူးလို့ မမှတ်မိတာ
အခုတော့ ဖတ်လိုက်ပြီး

ကျေးဇူး ကိုယုယရေ့..

မန်းလေရူး said...

ကဗျာက အရမ်းကောင်း

kiki said...

သူများတတွေ အင်္ဂလိပ်ကို မြန်မာဘာသာပြန်ရေးနေကြတဲ့ အခါမှာ ကိုယုယက မြန်မာကို အင်္ဂလိပ်လို ဘာသာ ပြန် ရေးနိုင်စွမ်း က ... တော်ချက် ။ တချို့ စာလုံးတွေ အဓိပ္ပါယ်သေချာ မသိလို့  ဒစ်ရှင်နရီ ပြန်ကြည့် လိုက်ရသေးတယ် ။ ဟဲဟဲ ...( လူကြီး ရှက်လို့ ရယ်သံ ) ၊

ဟုတ်သားဘဲ ။။ ဘာလို့  ပို့ စ်နေရာ မှာ မတင်တာလဲ ။
ယှဉ်ဖတ်ရတာ .. ပိုလွယ်တာပေါ့ ကွယ် ( ဆရာ လုပ်သွားသည် ...း)

minthant2009 said...

ဟီး...အနော်လည်း ဒစ်ရှင်နရီကြည့်ရတယ်...

နှင်းနဲ့မာယာ said...

မသိတဲ့ စကားလုံးတွေ အများကြီးပဲ..
ကျေးဇူးနော် ကိုယုယ...

နှင်း

Shinlay said...

အဖိုးတန်တဲ့ကဗျာလေးဝေငှလို့ ကျေးဇူးတင်ပါတယ်။

ဗီလိန် said...

အကျိုးကြီးပါတယ်။ လေးစားမိပါတယ်။

pandora said...

ဘာသာပြန်တာလေးကို ပို့စ်မှာ တင်ရင်ကောင်းမယ် ယုယရေ..
အားထုတ်မှုကို ချီးကျုးပါတယ်။ ဒါမျိုးတွေ လုပ်သင့်ပါတယ်။

yangonthar said...

ရင်ထဲစွဲနေတဲ့ ကဗျာလေးပါကိုယုယရေ ကိုယုယရဲ့  အင်္ဂလိပ်ဘာသာပြန်လေးက အားကျ စရာကောင်းတယ်ဗျာ ....
ခင်မင်လျှက်
ရန်ကုန်သား :)

သားကြီး said...

ဖတ်သွားပါတယ်ကိုယုယရေ
အကျိုးရှိကောင်းမွန်တဲ့ပိုစ်လေးပါဗျာ

သူကြီးမင်း (တုံးဖလား) said...

ကောင်းပါ့ဗျာ။ ဘာသာပြန်ထားတာ။
ခေါင်းစဉ်လေးကို ပြန်ထားပုံလေး ပိုကြိုက်တယ်။

ပျော်ရွှင်ပါစေ။

တောင်ပေါ်သား said...

ကဗျာကောင်းလေး ဖတ်သွားတယ် ဘာသာပြန်လဲ တတ်သလောက် ခံစားကြည့်တယ်း)


လေးစားလျက်
တောင်ပေါ်သား

jr.lwinoo said...

ကိုယုယရေ။
ကဗျာလေးကို သေချာ လာခံစားသွားပါတယ်။
ခင်တဲ့
ဂျူ

မငုံ said...

သိပ်ကောင်းတဲ့ မျှဝေမှု့ အတွက် ကျေးဇူးပါ။

နေ့အိပ်မက် said...

သုံးထားတဲ့ စကားလုံးတွေကတော့ အမြင့်စား.. ဒီကဗျာကို ဘာသာပြန်တဲ့ စိတ်ဓာတ်ကိုလည်း လေးစားတယ်.. နေ့အိပ်မက်လည်း ဒီကဗျာ ကြိုက်ဖူးတယ်.. ဒါပေမဲ့ တစ်ခုလောက်မေးမယ်နော်. (တကယ်မသိလို့ မေးတာနော်.. ထောက်တာ ရွဲ့တာ ရိတာမဟုတ်ပါ၊ တကယ်ကြီးကို သိချင်လို့ပါ) ဘာနည်းနဲ့ ကာရန်ယူထားတာလဲဟင်.. နေ့အိပ်မက် အင်္ဂလိပ်ကဗျာသိပ်မဖတ်ဖူးတော့ နားမလည်လို့ မေးတာ.. စာတစ်ပိုဒ်မှာ ဒုတိယနဲ့ စတုတ္ထအကြောင်းက ကာရန်တူတယ်၊ နောက်တစ်ပိုဒ်ကျတော့ ပထမနဲ့ တတိယ၊ နောက်တစ်ပိုဒ်ကျ တတိယနဲ့ စတုတ္ထ၊ နောက်တချို့အပိုဒ်တွေကျတော့ အပေါ်ကြောင်းရဲ့နောက်ဆုံးစာလုံးနဲ့ အောက်ကြောင်းရဲ့ ဒုတိယစာလုံး..... ဒါပေမဲ့ အပိုဒ်တိုင်းမဟုတ်ပြန်ဘူး... ကျေးဇူးအများကြီးတင်ပါတယ်... (မဖြေပေးခင် ကြိုတင်သွားတာ.. :) )

Yu Ya said...

ဟုတ်ကဲ့ပါ နေ့အိမ်မက်ရေ..

ဆရာတော်ကြီး ကဗျာမှာကတည်းကိုက ကာရန်မိပြီးသားပါဗျာ။ နေ့အိမ်မက် မျက်စိမှောက်သွားလို့ နေပါလိမ့်မယ်။ ဒါကို ကျွန်တော်ကလည်း ဆရာတော်ကြီးခြေရာအတိုင်း လိုက်နင်းလိုက်ရုံပါ။

အင်းပြောရရင်တော့ ကဗျာနဲ့ ပက်သက်ပြီး ကျွန်တော်မှာ အရည်အချင်းမရှိဘူးဗျ။ ကဗျာတစ်ပုဒ်ကို ဘယ်လိုပုံစံမျိုးနဲ့ ရေးစပ်ရမယ်ဆိုတာကို နားမလည်ရိုးအမှန်ပါ။ စပ်လိုက်ရင်လည်း ကဗျာမပီ စာမပီတွေပဲ။ ဒါကြောင့် ကဗျာမစပ်ပဲ စပ်ပြီးသားကဗျာတွေကိုသာ လိုက်ခံစားတာပါ။

ပြီးတော့ ကျွန်တော်အားသန်တဲ့ ဘာသာပြန်မှု အတတ်နဲ့ အစားပြန်ထိုးတာလောက်ပဲ လုပ်နိုင်တာပါ။ ကဗျာစပ်တဲ့သူတွေကို လေးစားပါတယ်ဗျာ။ တစ်ခါတစ်လေ ကိုယ်ဘာသာပြန်တာ မူရင်းကဗျာစပ်သူ၊ မူရင်းရေးသားသူရဲ့ အာဘော်၊ ပေးချင်တဲ့ ဆုံးမစကား၊ ဆိုလိုရင်းပျောက်သွားမှာစိုးလို့ အနုစိပ် စဉ်းစားပြီး ဘာသာပြန်ဖို့ကြိုးစားတာလောက်ပဲ ရှိပါတယ်။ ဒါကလည်း ကျွန်တော်ရဲ့ လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ဘာသာပြန်ခဲ့တဲ့ အတွေ့အကြုံတွေအရ လုပ်နိုင်တာပါ။

တကယ်တော့ ကျွန်တော် ဘာမှ သိပ်မသိပါဘူးခင်ဗျာ။

ကျေးဇူးတင်စွာဖြင့်
yu ya

နေ့အိပ်မက် said...

အင်အစု attached to
ခင်မှု five
မေ့ပုံ cognition
တွေ့ကြုံ liberation

စခန်း too far
ကမန်း bliss
စတမ်း live
သောကဘုံ aimless
မျောရရုံ amid
သောင်းအငူ hell
ခေါင်းမပြူ where

မည့်လမ်း be wise
မျှော်စမ်း to keep
နင့်ကိုယ် vortex
သာပို imbecility
ထင်အလင်း light
နင်အဖျင်း bright

စရိုက်အိုကို loathing
မလိုက်လို disposing
ရှောင်ပစ် rapacity
နောင်အသစ် try to get
တကယ်ပြင် change
အစဉ် gain

မလိုက် well-timed
အမိုက် mind

မခဲ well-timed
အလွဲ mind

မရုန်း well-timed
အရှုံး mind

လယ်တီဆရာတော်တို့ခေတ်က ကာရန်မမိတဲ့ ကဗျာများရှိခဲ့လို့ နေ့အိပ်မက်ကို မျက်စိမှောက်သွားတယ်ထင်တာလားဟင်.. ဒီကဗျာက တေးထပ်နည်းနဲ့ ကာရန်ယူထားတယ်ဆိုတာ မြန်မာစာသင်ဖူးတဲ့သူတိုင်း သိပါတယ်ရှင်။

Yu Ya said...

ဟောဗျာ... ဟုတ်တယ်..ဒါကြောင့် ကျွန်တော် တော်တော်မသိတာလို့ ပြောတာ နေ့အိမ်မက်ရေ..အဟီး။

yu ya