Pages

Sunday, November 15, 2009

“ Heart to Heart ”

(နှစ်ကိုယ့်တစ်စိတ်)

လူသည် မွေးပြီးသော် သေရမည်သာ။ ထိုသို့ မသေမီ ကာလအတွင်းတွင် မဖြစ်မနေ လုပ်ရမည့် တာဝန်ရှိပါသည်။ စရိယသုံးမျိုးဟု ဆိုလျှင် ရနိုင်ပါသည်။ မိမိအကျိုးအတွက် ကြိုးကုတ်ခြင်း (အတ္တတ္ထစရိယ)၊ ထိုမှ လွန်သော် မိမိဆွေမျိုး၊ မိတ်သင်္ဂဟ၊ မိမိနေထိုင်ရာ ပတ်ဝန်းကျင် စသည်တို့အတွက် ကျိုးကုတ်ခြင်း (ဥာတတ္ထစရိယ) နှင့် နောက်ဆုံး လောကကောင်းကျိုးအတွက် ကျိုးကုတ်ခြင်း (လောကတ္ထစရိယ) တို့ပင်ဖြစ်ပါသည်။ ထိုသို့ ကျိုးကုတ်ရာဝယ်၊ တာဝန်ယူရာဝယ်.....

ဝန်ခံချက်။ ။ သူငယ်ချင်းတွေနဲ့ စကားပြောရင် တွေးမိသွားတဲ့ အတွေးလေးပါ။ လိုရာ ဆက်လက်တွေးနိုင်ဖို့ ဖွင့်ပေးထားပါတယ်။

ှဆန္ဒမွန်ဖြင့်
yu ya

13 comments:

ထိုက်ဦး said...

လောကမှာသိတယ်တတ်တယ်တော်တယ်ဆိုပေ
မယ့်လဲထွက်သက်ဝင်သက်တောင်မသိသွားရှာ
ဘူဆိုရင်လူဖြစ်ရတာမတန်ဘူထင်တယ်
လောကမှာမသိဘူမတော်ဘူမတတ်ဆိုပေမယ်လဲ
ထွက်သက်ဝင်သက်ကိုသေသေချာချာသိသွားရှာ
တယ်ဆိုရင်လူဖြစ်မရှုံးဘူထင်တယ်နော်

kaungkinpyar said...

တွေးပါတယ် တွေးပါတယ်...တွေးသွားပါတယ် ယုယရေ...း)

ခြေလှမ်းသစ် said...

လို သလို သာ တွေးမိသွားပါတယ်ဗျာ ...

စည်သူ said...

ကျွန်တော့်ကို ယုယကြီး ခုတစ်လော စာတွေရေးတာ တိုတိုလေးတွေနဲ့ ပညာသားပါတယ်..

အတွေးတွေရသွားတယ် ကိုယုယရေ..

ခင်မင်လေးစားစွာဖြင့်
စည်သူ။

kiki said...

ကြိုးကုတ်တာလား .. ကျိုးကုတ်တာ လား.. လို့ တွေးသွားပါတယ် ကိုယုယရေ ။။

Shinlay said...

ကျမတော့ ကိုယ့်ကိုကိုယ် ဘယ်စရိယအထိ ကျိုးကုတ် ပြီးပြီလဲ လို့ ပြန်မေးမိတယ်။

မင်းအိမ်ဖြူ Minn Eain Phyu said...

အင်းမှတ်သားပါတယ် ၊၊ အဲဒီလို စကားလုံးတွေကို မသိပေမယ့် သေချာတာကတော့

တာဝန်ကျေပွန်ရမယ်ဆိုတာလေးပဲ လက်ကိုင်ထားတယ်

ကျောင်းသားဘ၀ မှာကျောင်းသားတာဝန်
သားသမီးဘ၀မှာ သားသမီးတာဝန်
သူငယ်ချင်းတွေ ဘ၀မှာ သူငယ်ချင်းတာဝန်
စသည်ဖြင့်ပေါ့
အဲ တခါတလေ မကျေပွန်ပဲ ပျက်ကွက်တာတွေလည်း ရှိတာပါပဲ ဒါပေမယ့်တက်နိုင်သမျှတော့ ကြိုးကုပ်ဖြည့် ဆည်းတယ်
ဒီလိုလေး တက်နိုင်သမျှ နိုင်ဝန်လေးထမ်းသွားရင်တော့ လောက လှမယ် ထင်ပါတယ် ၊၊

မင်းအိမ်ဖြူ

ကိုလူထွေး said...

တာဝန်ယူတတ်ကြဖို့လိုတာပေါ့...

းဝ)

ဒီဇင်ဘာနှင်း said...

ကိုယုယရေ ဆက်တွေးသွားပါတယ်။

သီဟသစ် said...

စာရေးတဲ့သူ ဆက်တွေးတာပါ ရေးပေးပါ ကိုယုယရေ..

:)

ခင်မင်စွာဖြင့်
သီဟသစ်

မငုံ said...

တိုပေမဲ့ မှတ်သားစရာပါ။ တွေးသွားတယ်။ အပေါ်က ကိုထိုက်ဦးတွေးသလိုပါပဲ။

ပုံ့မေ said...

ထိုသို့ ကြိုးကုတ်ရာဝယ် ဘက်မျှရမယ်။

ဘယ်ဖက်ကိုမှ အလေးချိန်ပိုထည့်လို့ မရဘူး။ အလေးချိန်စီးသွားရင် ..... (ဆက်တွေးလိုက်ပါတော့) :D

rose of sharon said...

လိုရာဆက်မတွေးတော့ပါဘူး...ဒီတိုင်းဘဲကောင်းပါတယ်