Pages

Monday, November 16, 2009

" Two Days We Should Not Worry "

There are two days in every week, about which we should not worry, two days which should be kept free from fear and apprehension.

One of these days is Yesterday with all its mistakes and cares, its faults and blunders, its aches and pains.

Yesterday has passed forever beyond our control. All the money in the world can't bring back Yesterday.

We cannot undo a single act we performed; we cannot erase a single word we said. Yesterday is gone forever.

The other day we should not worry about is Tomorrow with all its possible adversities, its burdens, its large promise and its poor performance; Tomorrow is also beyond our immediate control.

Tomorrow's sun will rise, either in splendor or behind a mask of clouds, but it will rise. Until it does, we have no stake in Tomorrow, for it is yet to be born.

This leaves only one day, Today. Any person can fight the battle of just one day. It is when you and I add the burdens of those two awful eternities Yesterday and Tomorrow that we break down.

It is not the experience of Today that drives a person mad, it is the remorse or bitterness of something which happened Yesterday and the dread of what Tomorrow may bring.

Let us, therefore, live but one day at a time.

Author: Unknown

http://www.wow4u.com/two-days-we/index.html
အထက်ဖော်ပြပါ လင့်ကလေးမှ ကူးယူဖော်ပြထားပါသည်။



ရက်သတ္တပတ်တိုင်းမှာ သောကမရောက်သင့်သော၊ ကြောက်စိတ်နှင့် စိုးရိမ်ပူပန်မှုတို့မှ ကင်းဝေးလွတ်မြောက် သင့်သော နေ့နှစ်နေ့ ရှိပေသည်။

ထိုနေ့များထဲမှ တစ်နေ့သည် မနေ့ကအချိန်ဖြစ်၍ မှားယွင်းမှုများနှင့် စိတ်သောကများ၊ ချို့ ယွင်း ချက်များနှင့် မိုက်မဲမှုများ၊ နာကျင်မှုများ နှင့် ဝေဒနာများ ပါဝင်ပါသည်။

မနေ့ကအချိန်သည် ထာဝရ ဖြတ်သန်းကုန်လွန် သွားပေပြီ။ ကျွန်ုပ်တို့အနေနှင့် ထိန်းချုပ်၍ မရနိုင်တော့။ ကမ္ဘာလောကထဲရှိ ငွေကြေးအားလုံးကပင် မနေ့က အချိန်ကို ပြန်လည် မယူဆောင်လာနိုင်ချေ။

ကျွန်ုပ်တို့ သောကမရောက်သင့်သော အခြားနေ့တစ်နေ့မှာ မနက်ဖြန်ဖြစ်ပါသည်။ ယင်းတွင် ဖြစ်လာနိုင်ဖွယ်ရှိသော ကံကောင်းမှုများ၊ ၀န်ထုပ်ဝန်ပိုးများ၊ ကြီးမားသော အလားအလာနှင့် ညံ့ဖျင်းသော ဆောင်ရွက်ချက်တို့ ပါဝင်ပါသည်။ ကျွန်ုပ်တို့သည် မနက်ဖြန်ကိုလည်း တိုက်ရိုက် ထိန်းချုပ်၍ မရနိုင်ချေ။

မနက်ဖြန်၏ နေမင်းသည် ကြီးကျယ်ခမ်းနားစွာဖြင့်သော်လည်းကောင်း၊ တိမ်များ၏နောက်ကွယ်မှသော် လည်းကောင်း ထွက်ပေါ်လာမည်ဖြစ်သည်။ သို့သော် ၎င်းထွက်ပေါ်မလာမချင်း ကျွန်ုပ်တို့မှာ မနက်ဖြန်ကို မျှော်ကိုးကာ လောင်းကြေးထပ်၍ မရချေ။ အကြောင်းမူ မနက်ဖြန်သည် မွေးဖွားမလာသေးသောကြောင့် ဖြစ်လေသည်။

သို့ဖြစ်၍ ယနေ့တစ်နေ့တည်းသာကျန်ပါတော့သည်။ မည်သူမဆို နေ့တစ်နေ့တည်း၏ တိုက်ပွဲကိုသာ တိုက်ခိုက်နိုင်၏။ ထိုအချိန်၌ သင်နှင့် ကျွန်ုပ်တို့က မနေ့ကနှင့် မနက်ဖြန်တို့၏ ၀န်ထုပ်ဝန်ပိုးများကို ထပ်ဖြည့်ထားပေသည်။

လူတစ်ယောက်ကို ရူးသွပ်သွားစေသည်မှာ ယနေ့၏ အတွေ့အကြုံများ မဟုတ်။ မနေ့က အဖြစ်အပျက်များအပေါ် နောင်တရခြင်း၊ ခါးသည့်နာကျည်းခြင်းနှင့် မနက်ဖြန်ဖြစ်လာနိုင်သည့်အရာများအား တွေးကြောက်ခြင်းဖြစ်သည်။

သို့ဖြစ်၍ ကျွန်ုပ်တို့သည် တစ်ကြိမ်မှာ တစ်နေ့တည်းသာ ရှင်သန်နေထိုင်ကြပါစို့။

Rendered by Yu Ya

*****************************************************

သုံးသပ်ချက်။ ။
တကယ်တော့ ကျွန်တော်တို့ စိတ်ဖိဆီးမှု များပြားလာခြင်း၏ အကြောင်းအရင်းမှာ အနာဂတ်က ကျွန်တော်တို့ထံ ပြေးလာဝင်ဆောင့်ခြင်း တနည်းဆိုရရင် ပစ္စုန်ပ္ပန် အခိုးခံရခြင်းဟာ အဓိက အကြောင်းအရင်း တစ်ရပ် ဖြစ်နေပါတယ်။

အနာဂတ်ဆိုတာ ကျွန်တော်တို့ ထံသို့ ရောက်ရှိလာခြင်းမရှိသေးပေ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ပရောဂကြောင့် အနာဂတ်ဟာ သူ့နေရာတွင် သူမနေတော့ပဲ သူသည် ကျွန်တော်တို့ထံသို့ ၀င်လာပြေးဆောင့်လျက် ရှိပါသည်။ အနာဂတ်ဝင်လာပြေးဆောင့်မှုကြောင့် ပစ္စုန်ပ္ပန်သည် အလျင်အမြန် ဆောင့်တွန်းခြင်းကို ခံနေရပါသည်။ ပစ္စုန်ပ္ပန်သည် အခိုးခံနေရသည်။ ပစ္စုန်ပ္ပန်သည် အထိုင်မကျသေးခင်မှာပင် အတိတ်အဖြစ်သို့ ပြောင်းပေးနေရသည်။

မျက်မှောက် ပစ္စုန်ပ္ပန် အဖြစ်အဖျက်များနှင့် ကျွန်တော်တို့ အကျွမ်းတ၀င် မရှိသေးမီမှာပင် အနာဂတ်က အစားထိုး ၀င်ရောက်နေမှုနှုန်းက မြန်လွန်းသဖြင့် ပြောင်းလည်းလာမှုတစ်ခုကို ကျွန်တော်တို့ လိုက်လျော ညီထွေမှုဖြစ်အောင် မပြုပြင်ရသေးမီမှာပင် နောက်အခြေအနေတစ်ရပ်က ၀င်ရောက် လာသဖြင့် ၀င်ရောက်လာသော အခြေအနေသည် ကျွန်တော်တို့နှင့် မရင်းနှီးသေးခင်ကပင် ထိုအရာသည် ကျွန်တော်တို့ထံမှ အခြားသို့ အတင်းတွန်းပို့ခြင်းကို ခံစားနေကြရသည်။

ပြောင်းလဲမှုကို လိုက်လျောညီထွေဖြစ်အောင် အမြဲကြိုးပမ်းနေရခြင်းသည် ကျွန်တော်တို့၏စိတ်ကို ကြောက်ရွံ့ ခြင်း၊ မတည်မညိမ်ဖြစ်ခြင်း၊ တည်ငြိမ်မှုကို တောင့်တခြင်းများ ဖြစ်ပေါ်နေစေပြီကောလေ။

အနာဂတ်ပြေးလာဝင်ဆောင့်မှုကို ရပ်တန့်သွားအောင် ဒါမှမဟုတ် နှေးကွေး သွားအောင် ကျွန်တော်တို့ ဘာမျှ မတတ်နိုင်ကြတော့ဘူးလားဗျာ။ ဘာအစီအစဉ်တစ်ခုမှ မရှိတော့ဘူးလားဗျာ။

ဆန္ဒမွန်ဖြင့်
yu ya

10 comments:

kiki said...

အိုးးး
အဲဒါတော့ ဆူပါမင်းလည်း မကယ်နိုင် ဘူး ထင်တယ်။
အတွေးအခေါ်ကောင်းလေးပါ ။
ဆက်တွေးလိုက်တော့ ပိုလွန်သွားမစိုးလို့  မနက်ဖြန် သို့ မဟုတ် ဘယ်သောအခါ တွေကို နောင်ခါလာ နောင်ခါဈေး လို့ပဲ ထားပြီးနေပါတော့မယ် ကိုရူးရ.. အဲ ..ကိုယုယ ရေ .
( ခက်ကပြီ .. ခုမှ ကြည့်လိုက်တယ် .. မနက်ဖြန် ထမင်းချက်ဖို့  ဆန်အိုးထဲ မှာ ဆန်မရှိတော့ ဘူး ..ကိုယုယ ရေ .. ဆန် တအိတ်လောက် လာပို့ ပေးပါလား နော် .. ရှဲ့  ရှဲ့  နီ ...း))
မနေ့ က ဖွားကိ ယူထားတဲ့ ဒေါ်လှ ၁ သိန်း၊ အကြွေး တွေလည်း ဆပ်တော့ ဘူး နော် ..း)))

မင်းအိမ်ဖြူ said...

ကျေးဇူးတင်ပါတယ် သေချာဖတ်သွားတယ်

ကိုယ်မပိုင်တော့တဲ့ မနေ့က တွေ
ကိုယ်ပိုင်နေတဲ့ မနက်ဖြန် တွေ

အင်း အကြိုပူ အလိုပူ တဲ့

မင်းအိမ်ဖြူ

မြစ်ကျိုးအင်း said...

အနာဂါတ်က ကိုယ်နဲ့ နီးကပ်လာတာဆိုတာ ကျနော့် အမြင်တော့ မနက်ဖြန်တွေ မှာ ပူပင်စရာတွေ ရှိနေလို့ ပါပဲ။ မနက်ဖြန်မှာ ဘယ်လိုပဲ ကြုံကြုံ ပူပင်စရာ မရှိဘူး ဆိုရင် အချိန်ကာလ ကွာဟ မှုက ပုံမှန်ပဲ ဖြစ်နေမှာပါပဲ။

မနက်ဖြန်ဆိုတာနဲ့ ပါတ်သတ်ပြီး အတွေးက ၂ မျိုးပဲ ရှိတယ်။ သာယာတဲ့ အတွေးရယ် ပူပန်တဲ့ အတွေးရယ်

သာယာတဲ့ အတွေးအတွက် မနက်ဖြန်က ရောက်လာဘို့ ကြာတယ်တောင် ထင်ရသလို ပူပန်တဲ့ အတွေး အတွက် တော့ ခဏလေးနဲ့ ရောက်လာသလိုပါပဲ။

မငုံ said...

သိပ်ကောင်းတဲ့ ဝေမျှမှု့နဲ့ သုံးသပ်ချက်ပါပဲ။ မနေ့က လိုတာထက် ပိုဖြုန်းတီးခဲ့လို့ ဒီနေ့မှာ ကိုးရိုကားယားနဲ့ အဆင်မပြေတာတွေနဲ့ တိုက်ခိုက်တာဟာ မနက်ဖြန်မှာ အဆင်ပြေဖို့ မျှော်လင့်ချက်နဲ့ပါ။

anam said...

လူတစ်ယောက်ကို ရူးသွပ်သွားစေသည်မှာ ယနေ့၏ အတွေ့အကြုံများ မဟုတ်။ မနေ့က အဖြစ်အပျက်များ အပေါ် နောင်တရခြင်း၊ ခါးသည့်နာကျည်းခြင်းနှင့် မနက်ဖြန်ဖြစ်လာနိုင်သည့်အရာများအား တွေးကြောက် ခြင်းဖြစ်သည်။ ဆိုတာတကယ်မှန်တယ် ယုယရေ.. ပြီးခဲ့တဲ့ကိစ္စတွေကိုနောင်တရတတ်ကြတယ်၊ မပြီးသေး ခင်တော့ နောင်တမရစေဖို့ မလုပ်ကြဘူးလေ။
ပိုစ့်လေးနဲ့ သုံးသပ်ချက်လေး ကောင်းပါတယ်။ copy ကူးခွင့်ပြုနော်။ မပြုလည်း ကူးသွားပြီး))

Ðaywalker[Soul] said...

ရောက်ပါတယ်ဗျာ

ဏီ(န်)ကင်း said...

ဆောင်းပါလေးကိုလဲကြိုက်တယ်..
အစပ်အဟက်တဲ့တဲ့နဲ့သုံးပေးထားတဲ့ပုံလေးလဲကြိုက်တယ်
အပူတွေနဲ့စိတ်ဖိစီးမှုတွေကိုတော့ မကြိုက်ဘူး.. ကျွန်တော်ဝေးဝေးနေတယ် . ဟိ

စည်သူ said...

ကိုယုယရေ..
တန်ဘိုးရှိတဲ့ စာသားလေးတွေပါ..

သတိထားမိလိုက်လို့ အတော်လေးကို ဆင်ခြင်တွေးတောစရာတွေ ရသွားပါတယ်..

ဒါကြေင့်..
ပျော်ရွှင်ခြင်း မနက်ဖြန်
ဝမ်းနည်းခြင်း မနက်ဖြန်

ပျော်ရွှင်ခြင်းအတိတ်
ဝမ်းနည်းခြင်းအတိတ်တွေကို သိပ်မစဉ်းစားပဲ ပစ္စုပ္ပန်ကိုသာ အားကိုးအားထား ပြုကြပါစို့လား လို့ ပြောချင်ပါတယ်ဗျာ..

အတူတကွပေါ့..

ပျော်ရွှင်ပါစေ
လေးစားစွာဖြင့်
စည်သူ။

ချမ်းလင်းနေ said...

ကိုယုယရေ မင်္ဂလာပါခင်ဗျာ။ ဘာသာပြန်လာဖတ်သွားပါတယ်ဗျာ။ နံနက်ခင်းကို လှစေခြင်းလေးကို လာရောက်အားပေးပါဦးလို့ ဖိတ်ခေါ်ပါရစေဗျာ။

Shinlay said...

မနေ့ က၊ မနက်ဖြန်... မေ့ထားသင့်ပေမဲ့၊
တွေးရတောရ၊ စိတ်ညစ်ရ၊၀မ်းသာရ၊ စိတ်လှုတ်ရှားရ...
တားလို့ မရ...
မနေ့ ကအမှားကိုသင်ခန်းစာယူပြီး၊ မနက်ဖြန် အတွက်
အကောင်းဆုံးဖြစ်အောင် ဒီနေ့  ကြိုးစားလိုက်အုံးမယ်။
ပစ္စုပန်တည့်တည့် ရှုရမယ်လို့ တော့ တရားစာတွေမှာ
တွေ့ တာပဲလေ။ သတိပြန်ရစေပါတယ်။
ကျေးဇူးတင်လျှက်