Pages

Friday, November 20, 2009

“ ထာဝရ အချစ် ”

နားလည်မှုတွေနဲ့ ပြည့်နှက်နေတဲ့
အချစ်ဟာ ထာဝရ
ပေးဆပ်မှုတွေနဲ့ တောင်းဆိုမှု ကင်းတဲ့
အချစ်ဟာ ထာဝရ
မင်းရဲ့ နှလုံးသားထဲမှာ ခံစားရတဲ့
အချစ်ဟာ ထာဝရ
ဘယ်တော့မှ ခွဲခွာဖို့ ခွင့်မပြုမယ့်
အချစ်ဟာ ထာဝရ
မင်းအတွက်.....
ကိုယ်အမြဲတမ်း ခံစားနေရမယ့်
အချစ်ဟာ ထာဝရ
မင်းကို..... ပျော်ရွှင်အောင်၊ ၀မ်းနည်းအောင်
ပြုလုပ်ပေးနိုင်တဲ့
အချစ်ဟာ ထာဝရ
ကိုယ် သိပ်ကို လိုလားတောင့်တလွန်းတဲ့
အချစ်ဟာ ထာဝရ
အချိန်ရဲ့ စမ်းသပ်မှုကို ခံယူနိုင်မယ့်
အချစ်ဟာ ထာဝရ....
မင်းဟာ ကိုယ့်အတွက်ပဲ ဖြစ်လိမ့်မယ်ဆိုတာရယ်
ကိုယ် ထာဝရ အမြဲ ပြောမှာပါပဲကွယ်.....
(ယုယ)



ဆန္ဒမွန်ဖြင့်
yu ya

19 comments:

Anonymous said...

အချစ်ဟာထာဝရတဲ့ ဟုတ်လား???
သိဖူးတော့

kiki said...

အရိုးကျေကျေ အရေခမ်းခမ်း
ဒို့နှစ်ယောက် မခွဲတမ်း .. အဟမ်း အဟမ်း..

ဒီလိုလေး ဖစ်ချင်တာလား ကိုရူးရ .. ရေ .
ဟီးဟီး ..

ခြေလှမ်းသစ် said...

ကိုယုယရေ ထာဝရကိုတော့ ဓါတ်ပုံလေးကြည့်ရင်းနဲ့ပင် လေးစားသွားပြီဗျာ ...

အိအိချောကလျာ said...

အင်း.... အံ့သြလောက်ပေတယ်၊ အဲသလောက် တောင်ချစ်သည်တဲ့လား ဟား ဟား ဟား

မငုံ said...

ထာဝရ အချစ် ကို လာရောက်ဖတ်ပြီး ချီးကျူးသွားပါတယ်။

yangonthar said...

အချစ်ဆိုတာ ထာဝရ ဆိုတဲ့ စကားလုံးအတွက် မွေးဖွားသန့် စင်လာတယ်ထင်တယ် အစ်ကိုရ ဆထက်တိုးလို့  ချစ်မိုးတွေ ဆွေနိုင်ပါစေဗျာ
ခင်တဲ့
ရန်ကုန်သား :)

ခရေညို said...

ကိုထာဝရ ရေ အဲယောင်လို့ ကိုယုယ ရေ
ကဗျာလေးက နဲ့ ပုံလေးက အရမ်းလိုက်ဖက်ညီပါပေတယ်။
ကိုယုယ တို့လည်း ထာဝရမခွဲစတမ်း ပျော်ရွှင်နိုင်ပါစေ။

မြစ်ကျိုးအင်း said...

ချစ်ခြင်းတွေ ထာဝရတည်တံ့ပါစေဗျား)

Shinlay said...

ထာဝရအချစ်...ချစ်နိုင်ကြပါစေ။

Shinlay said...

ထာဝရအချစ်...ချစ်နိုင်ကြပါစေ။

ကိုလူထွေး said...

အရိုးမြေကျ ပေါင်းသင်းရတယ် ဆိုတာမျိုးပေါ့...

ထာဝရအချစ် ထာဝရတည်တံ့ပါစေဗျာ.....

းဝ)

ကိုလူထွေး said...

အရိုးမြေကျ ပေါင်းသင်းရတယ် ဆိုတာမျိုးပေါ့...

ထာဝရအချစ် ထာဝရတည်တံ့ပါစေဗျာ.....

းဝ)

ကိုလူထွေး said...

အရိုးမြေကျ ပေါင်းသင်းရတယ် ဆိုတာမျိုးပေါ့...

ထာဝရအချစ် ထာဝရတည်တံ့ပါစေဗျာ.....

းဝ)

စည်သူ said...

အင်း..

ဓါတ်ပုံလေးကို ကြည့်ပြီး ထာဝရအချစ်ကို ခံစားသွားတယ် ကိုယုယရေ..

မမသီရိ said...

ထာဝရ အချစ်နဲ့ ထာဝရ ချစ်နိုင်ပါစေ ယုယ ရေ့

သူကြီးမင်း (တုံးဖလား) said...

အားကျဖို့ကောင်းလိုက်တာ။
ချစ်ခြင်းဖြင့် အသက်ရှည်ရှည်ကြပါစေဗျာ။

ဧရာဝတီသား said...

ထာဝရ ချစ်နိုင်ကြပါစေဗျာ ...
ပျော်ရွှင် အောင်မြင်ပါစေ။

သီဟသစ် said...

ကိုယုယရေ

ချစ်စရာ ကဗျာလေးကို ဖတ်ပြီး ခံစားသွားပါတယ်ဗျာ.

ရွှင်လန်းချမ်းမြေကြပါစေ

ခင်မင်စွာဖြင့်
သီဟသစ

မင်းအိမ်ဖြူ Minn Eain Phyu said...

ထာဝရ အချစ်တည်မြဲခိုင်မာစွာ ချစ်ခင်နိုင်ပါစေဗျာ

မေတ္တာပေါင်းဖြင့်

မင်းအိမ်ဖြူ