Pages

Tuesday, November 3, 2009

“ လဆွဲအားနှင့် ကျန်းမာရေး ”

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ Solid ပစ္စည်းမဟုတ်ပါဘူး။ ခန္ဓာကိုယ်ရဲ့ ၆၅% ဟာ ရေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒါကြောင့် လဆွဲငင်အားဟာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာလည်း သက်ရောက်လျက်ရှိပါတယ်။ ဒါကို ဒီရေတက်တာနဲ့ နှိုင်းယှဉ်ပြီး Biological Tide လို့ ခေါ်ကြပါတယ်။ အထူးသဖြင့် လပြည့်နေ့လိုအခါမျိုးမှာ အများဆုံး ကြုံတွေ့ရလေ့ရှိပါတယ်။

သိပ္ပံနည်းကျလေ့လာတဲ့အခါမှာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ Cell တွေထဲက ရေတွေ (Intracellular Water) မှာ ပြောင်းလဲမှုတွေ ဖြစ်တယ်။ အထူးသဖြင့် ဦးနှောက်မှာရှိတဲ့ Hypothalamus လို့ခေါ်တဲ့ အစိတ်အပိုင်းမှာပါ သက်ရောက်ပါတယ်။ ဒီ Hypothalamus ဟာ လူတွေရဲ့ စိတ်အခြေအနေနဲ့ ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဉ်တွေကို ထိန်းချုပ်ပေးတဲံ နေရာဖြစ်လို့ ဒီနေရာမှာ ပြောင်းလဲမှု ဖြစ်ရင် လူရဲ့ စိတ်နေသဘေားထားနဲ့ ကျန်းမာရေးကိုလည်း ပြောင်းလဲမှုတွေ ဖြစ်စေနိုင်တာ တွေ့ရပါတယ်။


လပြည့်နေ့ညနဲ့ ဆက်စပ်ဖြစ်တဲ့ ရောဂါတွေကို Lunar Syndrome လို့ခေါ်ပါတယ်။ Lunar ဆိုတာ လက်တင်လို Moon လို့ အဓိပ္ပာယ်ရပြီး Syndrome ဆိုတာကတော့ ရောဂါစုပါ။ လပြည့်နေ့မှာ ဖြစ်တတ်တဲ့ ရောဂါစုများလို့ ခေါ်နိုင်ပါတယ်။

လပြည့်နေညမှာ အရက်သောက်ရင် ပိုပြီးသွေးဆိုးပြီး ရမ်းကားတတ်တယ်လို့ ဆိုပါတယ်။ နောက် Gout ရောဂါလိုဟာမျိုးလည်း အဆစ်အမျက်တွေရောင်တာ ဖြစ်တတ်ပါတယ်။ ၀မ်းပျက်ဝမ်းလျှော်ရောဂါတို့ ပိုဖြစ်တတ်တဲ့အပြင် မိမိကိုယ်မိမိ သေကြောင်းကြံစည်မှု (Suicide)၊ လူသတ်မှု (Murder) တို့တွေလည်း ပိုများတတ်ပါတယ်။

လပြည့်နေ့တွေမှာ စိတ်နဲ့ ပက်သက်တဲ့ ရောဂါတွေ ဖြစ်တတ်၊ ပိုဆိုးတတ်လို့ သတိထား ဆင်ခြင်ဖို့ ဖြစ်ပါတယ်။ နောက်ပိုင်း ဒီကာလမှာ အရက်သေက်ရင် သွေးဆိုးပြီး အမှားတွေ ကျူးလွန်တတ်တာကြောင့် အရက်သေစာ သောက်စာခြင်းကနေ ရှောင်ကြဉ်သင့်ပါတယ်။ ကားမောင်းရင်လည်း Accident ဖြစ်နိုင်ခြေရှိတာကြောင့် ဆင်ခြင်မောင်းနှင်ဖို့၊ အိမ်မွေးတိရစ္ဆာန်တွေကိုလည်း ဒီရက်တွေမှာ လွှတ်မထားဖို့အပြင်.....

ရောဂါရှိတဲ့ ဘလောဂါ ကိုကို၊ ညီညီ၊ မမ၊ ညီမ တွေလည်း ဒီရက်တွေမှာ ပိုမိုဆင်ခြင်နိုင်ဖို့ မေတ္တာရှေ့ ထား အကြံပြုလိုက်ပါကြောင်း...:P

ဆန္ဒမွန်ဖြင့်
yu ya

18 comments:

Creative Light said...
This comment has been removed by the author.
minthant2009 said...

လပြည်ကျော်ညသတိထားမှ

kiki said...

ဒါဆိုလည်း လပြည့်ကျော် ၁ ရက်နေ့ မှ ကဲကြတာပေါ့ ။ လကွယ်ညဆို အကဲဆုံး .. ကိစ္စမရှိဘူး ထင်ပါရဲ့ နော် ...း))

နှင်းနဲ့မာယာ said...

ဒါဆို လပြည့်နေ့တွေဆို ဆရာဝန်တွေ
ဆေးဆိုင်တွေ စီးပွားဖြစ်တာပေါ့နော်..
ဟုတ်မယ်ထင်တယ် တော်တော် တိုက်ဆိုင်တယ်
မနေ့က စဖျားတယ်....းးး))))

နှင်း

Shinlay said...

ဟုတ်ပါတယ် ကိုယုယ။
ဒီမှာလည်း လပြည့်နေ့ နားဆိုရင် ဆေးခန်းကိုလာတဲ့
လူနာတွေက သိပ်စိတ်မရှည်၊ ကျမတို့ ကိုယ်တိုင်လည်း
ယောင်တိယောင်ချာ။ တခါတခါ သတိတရနဲ့  လပြည့်
နေ့ များလားလို့ တောင်အချင်းချင်းမေးကြရတယ်။

အနော် said...

လဆွဲအားကြောင့် ရေမျက်နှာပြင်တွေ မြင့်တက်တယ်လို့ ကြားဖူးတယ် စိတ်စွမ်းအားတွေ ရောဂါတွေကိုပါ တိုးအောင် သူက ဆွဲငင်တာပေါ့နော်

မြစ်ကျိုးအင်း said...

လပြည့်လို့ ဒီရေ တက်တဲ့အခါ မျိုးမှာ သက်ရှိလူတွေ ခံစားချက် အပြေင်းအလဲတွေ ဖြစ်တတ်သလို

အိုတွေထဲမှာ ထည့်ထားတဲ့ ငပိတွေတောင် အပြင်ကို ငံပြာရည်တွေ ဝေကျတတ်တယ်တဲ့။

မြစ်ကျိုးအင်း said...

စာရေးဆရာမ ဂျူး ရေးတဲ့ “မြရဲ့လ” ဆိုတဲ့ ၀တ္ထုတို လေးထဲမှာ မြဆိုတဲ့ အမျိုးသမီးက ရေတွင်းထဲ ခုန်ချသွားတာ လပြည့်ည မှာပေါ့

လရောင်က လူတွေရဲ့ စိတ်နှလုံးကို ဖျားယောင်း သွေးဆောင်နိင်တယ်။

ကိုလူထွေး said...

ဟုတ်ကဲ့... ဆင်ခြင်ပါ့မယ်ခင်ဗျာ...

းဝ)

ခရေညို said...

ကိုယုယ ရေ ခရေညို လည်းယုံတယ်။ ပြီးတော့
လပြည်.ညတွေမှာ ဆေးကိုကြိုတင်သောက် ထားပါ့မယ်။

yangonthu said...

မှတ်မှတ်ရရ လပြည့်ညဆိုလို
ငယ်ငယ်တုန်းက တန်ဆောင်မုန်းလပြည့်ညဆို 12နာရီတိတိမှာ လမင်းကြီးကိုမော့ကြည့်ပြီး မယ်ဇလီဖူးသုတ်စားပြီးဆုတောင်းရင် ပြည့်တယ်ဆိုလို.
ရူးခဲ့ဖူးပါတယ်...အဟိ...တကယ်လုပ်ဖူးတာ...တော်တော်လေးတော့ခက်တယ်..ခေါင်းပေါ်တည့်တည်ကလကိုမော့ကြည့်ပြီ.မယ်ဇလီဖူးသုတ်ခါးခါးကြီးကိုပါးစပ်ထဲထည့်ရတာလေ..စဉ်းစားသာကြည့်ပေတော့...

jr.လွင်ဦး said...

ဟုတ်မယ်ကိုယုယရေ။ လပြည့်ညဆို စာချည်းပဲ ရေးချင်၊ ဖတ်ချင်နေတော့တာ။
Lunar Syndrome တဲ့။ ကြိုက်မိတယ်။း)

စည်သူ said...

ဗျာ... ကိုယူယရေ..

အဲလိုဆို ကျွန်တော်က ရောဂါထလို့ ခုလိုဖြစ်သွားတာပေါ့
တေဘီချရာ..

အေးဗျ.. ဗဟုသူတတော့ အတော်လေးကို ရသွားတယ်
အဲလိုငေးလိုက်မိလို့ အဲလို ဖြစ်သွားတာလေ..း)

ပျော်ရွှင်ပါစေကိုယုယရေ.
ခင်မင်စွာဖြင့်
စည်သူ။

မင်းအိမ်ဖြူ Minn Eain Phyu said...

ကျေးဇူးတင်ပါတယ်

မင်းအိမ်ဖြူ

ခြေလှမ်းသစ် said...

လ အကြောင်းလေးတွေက အတော် စိတ်ဝင်စား စရာတွေပါပဲဗျာ

Anonymous said...

လပြည့်ရက်တွေမှာ ဆိုရင်တော့
အနုပညာသမားတွေအတွက် စိတ်ကူးယဉ်လို့ အကောင်းဆုံးပေါ့။

Angel Shaper said...

ဟုတ်စ်ကဲ့... ဆင်ခြင်ပါ့မယ်ခင်ဗျ။ ဟဲဟဲ

သားကြီး said...

ခုမှသိတယ်ဘရားသားရေ
အကြံပေးတာကျေးဇူး
နောင် ဆင်ခြင်ရမယ်