Pages

Sunday, September 26, 2010

".. သစ္စာ အမွေ.."

Dear Junior!!!

ဝေါဟာရပေါင်း ထောင်သောင်းမက ရှိတဲ့အထဲမှာ ဒီ "သစ္စာ - Truth" ဆိုတဲ့ စကားလုံးဟာ အလေးနက်ဆုံး၊ တန်ဖိုးအရှိဆုံးနဲ့ အမြင့်မားဆုံး စကားလုံး ဖြစ်မယ်လို့ ထင်တယ်။ ဒါကြောင့်မို့ မေတ္တာရှေ့ ထားပြီး သစ္စာ စကား ပြောချင်ပါတယ်။

မင်းဟာ တန်ဖိုးရှိတဲ့ လူဖြစ်ချင်ရင် မဖောက်ပြန်ရဘူး................
အဆင့်အတန်းမြင့်တဲ့ လူဖြစ်ချင်ရင် မသွေဖည်ရဘူး.................
အမျိုးမှန် အဖိုးတန်တဲ့ လူဖြစ်ချင်ရင် မတိမ်းစောင်းရဘူး...........
အဲဒါ သစ္စာပဲ။















သစ္စာရှိဖို့အတွက် ဖြောင့်ဖြောင့်မှန်မှန် နေရမယ်။ တည်တည်တန့်တန့် ရှိရမယ်။ ဖြူစင်ရိုးသားတဲ့ နှလုံးသားလည်း ရှိရမယ်။
စကားလုံးတွေထဲမှာ ငါအကြိုက်ဆုံး စကားလုံးက "သစ္စာ" ဖြစ်တယ်။ ငါမကြိုက်ဆုံးနဲ့ အကြောက်ဆုံးစကားလုံးကတော့ သစ္စာဖောက်ဆိုတဲ့ စကားဖြစ်တယ်။ အဲဒီ နာမည်ဆိုးဟာ ငါအကြောက်ဆုံးနဲ့ မနှစ်သက်ဆုံး စကားလုံးပဲ။

အင်္ဂလိပ်လို TRUTH ကို ဗျည်းအက္ခရာအလိုက် ဘေးတိုက် စဉ်ကြည့်လိုက်တော့ ဒီလိုဖြစ်လာတယ်။
T - Truth ....... သစ္စာတရား
R - Reality...... အမှန်တရား
U - Unity ....... စည်းလုံးညီညွတ်မှု
T - Time ........ အချိန်
H - Honesty .. ရိုးသားခြင်း

သစ္စာကို တန်ဖိုးထားတဲ့သူများဟာ Truth မှာပါတဲ့ စကား (၅) လုံးကို မျက်ခြည်ပြတ်လို့ မဖြစ်ဘူး။

1). ဗွေဆော်ဦးအက္ခရာ T ကတော့ မူရင်း စကားလုံး Truth ဆိုတဲ့ သစ္စာစကားကို ညွှန်းဆိုတယ်။

2). Reality ဆိုစကားအရ အမှန်တရားကို မျက်ခြည်မပြတ်ရဘူး။ "Be the facer of reality." အမှန်တရားကို ရင်ဆိုင်သူ ဖြစ်ရမယ်။

3). Unity is strength. ညီညွတ်ခြင်းဟာ အင်အားတဲ့။

4). Time is diamond. အချိန်ဆိုတာ စိန်ရတနာ။ Time never changes. အချိန်သည်မပြောင်း။ အချိန်သည် မဖောက်ပြန်၊ အချိန်သည် မှန်၏။ သစ္စာရှိ၏။ Be true like time. အချိန်ကဲ့သို့ သစ္စာရှိပါ။

5). Honesty is the best policy. ရိုးသားခြင်းကား အကောင်းဆုံး ကိုယ်ကျင့်တရား။

ဒီတော့ မင်းဟာ သစ္စာဘက်တော်သား ဖြစ်ရမယ်။ သစ္စာကို ဦးထိပ်ထားရမယ်။ နောက်ဆုံးပြောလိုက်မယ် သစ္စာကို ကိုးကွယ်ရမယ်။
"ဘာပဲဖြစ်ဖြစ် ရိုးသားဖြောင့်မတ် ဖြူစင်ခြင်းဟာ ပစ်ခွာမထားရတဲ့ သစ္စာတရား အလှပဲ မဟုတ်လား.."

P.S - နောက်နှစ်ထဲမှာ လူ့လောကထဲ ရောက်ရှိလာတော့မဲ့ ကျွန်တော်နဲ့မဟေသီတို့ရဲ့ JUNIOR လေးကို လက်ဆင့်ကမ်းပေးတဲ့ သစ္စာအမွေလေးပါ။

3 comments:

ကြည်ဖြူပိုင် said...

ဟယ်....
ကလေးလေးရတော့မယ်
ပျော်စရာကြီးပေါ့
ကွန်ကရက်ကျူလေးရှင်းပါ bro
သစ္စာတရားကိုအလေးထားတဲ့အတွက်လဲ
လေးစားပါတယ်။ အမလဲသိပ်ကိုကံကောင်းတာပဲကိုး။
း))))
ကလေးလေးရလာရင်ဓာတ်ပုံတင်ဦးနော်း)

Shinlay said...

စာလာဖတ်သွားပါတယ်။
ပျော်စရာကြီး...ကလေးရတော့မယ်ဆိုလို့ ။။။
အမျိုးသမီးက်ုနှုတ်ဆက်ပေးပါနော်။

jr said...

congratulations bro!!!

သစ္စာဆိုတာလေး အကြောင်းပြောသွားတာလဲ တကယ်နှစ်သက်မိပါတယ်။

ခင်မင်လျှက်