
Far away, though
So close our thoughts
In time of loneliness,
No bitterness
In our yearning
With honeyed love
So hard
We Cling to each other.
[yu ya]
" အချစ်စစ် "
အနေဝေးပေမယ့်
အတွေးချင်းနီးနေတော့
အထီးကျန်ခံစား
အလွမ်းများက
မခါးသက်ဘဲ
အချစ်များနဲ့
ချိုမြိန်နေခဲ့တာ
ကိုယ်တို့နှစ်ယောက်
သိပ်ချစ်နေလို့ပါ။
[yu ya ]
အလွမ်းများက
မခါးသက်ဘဲ
အချစ်များနဲ့
ချိုမြိန်နေခဲ့တာ
ကိုယ်တို့နှစ်ယောက်
သိပ်ချစ်နေလို့ပါ။
[yu ya ]
P.S ။ မြန်မာပြည် တစ်လ အလည်ပြန်သွားတဲ့ ကျွန်တော်ရဲ့ မဟေသီလေးကို ရည်ရွယ်ပါသည်။
ဆန္ဒမွန်ဖြင့်
yu ya
13 comments:
တစ်လလောက်ပြန်တာကိုများ.. သဲလိုက်တာကွယ်.. :P
တစ်လ ပြန်သွားတာလား...
တစ်နှစ်လိုလို ခံစားနေရလားးးးးးးးးးး
တော်တော်လွမ်းနေလားးးးးးးးးးးးးးးးးးးးးးး
စာနာပါရဲ့ ကိုယုကြီးရယ်...... :P
ဟင်းးး ဟင်းးး နော် ဟင်းးး ဟင်းးး ၁ လလောက်ကိုများ ကိုယုယ တို့များ အဟွင့် ပြောမပြောချင်ဘူး ဂယ်ပဲ ဂယ်ပဲ ဟဟဟဟ
ဘာလို့ လိုက်မသွားတာလဲ.. အတူတူပြန်ရောပေါ့.. မလွမ်းရတော့အောင်..
အော် အဲ့လောက်တောင် ချစ်တယ်ပေါ့...လွမ်း လွမ်း အားရှိပါးရှိလွမ်း အမုန်းလွမ်း...မနားတမ်းလွမ်း..ခိခိ...တစ်လလောက်ဆိုတော့ အလွမ်းတွေက တစ်နှစ်လောက် ရှိမယ်ထင်တယ်...ပြောလိုက်လေ...မဟေသီရေ မြန်မြန်လာလို့ ...
အရုပ်ကြီးက မဟေသီ့အတွက် လက်ဆောင်လား။ မဟေသီ့ ကိုယ်စားလား။း))
အလွမ်းပြေပေါ့လေ။
အလွမ်းမင်းသား ဖြစ်နေတယ်ပေါ့လေ... မဟေသီ ပြန်လာရင် သူ့ကို ပိုချစ်ပြီး ပိုဂရုစိုက်အောင်လို့ ပိုသည်းပြနေတာထင်ပါ့.... ဟိဟိ ခင်လို့နောက်တာပါ...
ဒီအလွမ်းက ကိန္နရီ ကိန္နရာအလွမ်းကို မမီသေးပါဘူး... ဟဲ ဟဲ.. စတာ။
ဒီလိုဘဲပေါ့ဗျာ။ ဖိနပ်တောင်မှ တစ်ဖက်ပျောက်သွားရင် တစ်ဘက်တည်း ဘယ်လို စီးရပါ့မလဲ...းဝ)
လွမ်းနေတာလေးလာဖတ်ပါတယ်။
၂ပတ်ထဲတောင်မှ ပျော်စရာ၊ စိတ်ညစ်စရာတွေတွေ့ တိုင်း အတွေးထဲမျှဝေ ခံစားနေမိတယ်။
သိပ်ချစ်တာကောင်းတာပေါ့ကွယ်... မဟေသီလေးလဲ လွမ်းနေမှာမြင်ယောင်မိတယ်
လွမ်းတာကို စာဖွဲ့သီဆို
ချစ်တာကို စာဖွဲ့သီဆို
ဝေးတာကို ကြောက်ကြတယ်
ဘေးမှာရှိနေခဲ့တုန်းဆို ပိုတောင်နေသေး
တစ်လဝေးတာကို လွမ်းတယ်ဆိုရင်
လွမ်းနေတယ်ဆိုတာကို ဘယ်နှစ်လမှန်းမသိတဲ့
ကျွန်တော်လိုလူ အတွက်ဆိုရင်.....
ခံစားပေးလို့ ရမယ်ထင်ပါ့ရဲ့ဗျာ.....
ပျောက်နေတယ် နော် သယ်ရင်း
သြော် ရှေ့ ပိုင်းမှာ အလေးအနက်ရေးထားတာတွေက (နောက်ဆုံးကျ ) ဒါကြောင့်ကိုးလို့ ပြုံးမိသွားတယ်
Post a Comment