Pages

Sunday, May 9, 2010

" ဆန္ဒပြင်းထန် စိတ်ထက်သန် ကြိုးစား ရက်မှန်မှန် "

"....ညီအစ်ကို မောင်နှမတွေအားလုံး ... မင်္ဂလာပါ..."

စာတွေ မရေးဖြစ်တာလည်း ကြာပြီ... ဘလော့တွေ မလည်ဖြစ်တာလည်း ကြာပြီ ..ပျောက်ချက်သားလည်း ကောင်းနေတော့ အားလုံးရဲ့ စိတ်ထဲမှာ သို့လော..သို့လော.. ။

တစ်ချို့ ကလည်း သူဋ္ဌေးဖြစ်သွားလို့ စာမရေးတော့ဘူးလား.. စသည်ဖြင့် ထင်ယောင်ထင်မှား ။ မဟုတ်ပါဘူး..။ သူဋ္ဌေးဖြစ်ဖို့နေနေသာသာ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ဘ၀ပါဗျာ..[အင်းပေါ့.. လက်မလှုပ်ပဲ ဘယ်လိုလုပ် ထမင်းစားမလဲနော့... ]။

အမျိုးသားရေးတာဝန်တွေ၊ အိမ်ထောင်ရေးတာဝန်တွေ၊ Company က လစဉ်အချိန်မှန်မှန် ရနေတဲ့ လစာတွေအတွက် ယူထားရတဲ့ တာဝန်တွေရယ်..နောက်ပြီး... အခြားအခြားသော တာဝန်တွေရယ်ကြောင့်.. (ဒို့တာဝန်အရေး (၃)ပါးတော့ ချန်ခဲ့တယ်..အဟဲ) ကျွန်တော် yu ya စာတွေ အများကြီး ရေးချင်၊ ဖတ်ချင်ပါသော်ငြားလည်း "ယားလို့တောင် *** မကုတ်အားခဲ့ပါဘူးဗျာ" (***ကိုယ့်ဖာသာ တွေးနော်..)။

ဒီအပတ်မှပဲ... ကျွန်တော် လူပျိုလေး yu ya စိတ်လွတ်ကိုယ်လွတ် စာတွေရေးနိုင်ပါတော့တယ်ဗျာ..။ လူပျိုလေး ဆိုတဲ့ စကားလုံးကြောင့် အပျိုလေးတွေ (အပျိုကြီးတွေမပါဘူး..) စိတ်ကူး မရင်လိုက်ကြပါနဲ့နော်..။ ကျွန်တော့် မဟေသီလေး မြန်မာပြည်ကို လည်လည်ပြန်သွားလို့ သူငယ်ချင်းတွေက လူပျိုလေး ပြန်လုပ်နေတာလားလို့ မေးနေကြလို့ပါဗျာ... သူတို့ပြောတဲ့အတိုင်း သံရောင်လိုက်ကြည့်တာ..အဟဲ..။

မဆလာတွေများနေတာနဲ့ ရေးချင်တာတွေတောင် မေ့တေ့တေ့ဖြစ်ကုန်ပြီ။ ဒီလိုဗျ...

တခြားမဟုတ်ဘူး။ "ဆန္ဒ၀တော ကိံနာမ ကမ္မံ နဘဇ္ဖတိ၊ ဘဇ္ဖတိဧ၀"... လောကမှာ ဆန္ဒသာပြင်းပြပါစေ။ ထွေရာကိစ္စဟူသမျှ မုချဧကန် ပြီးမြောက်မည်အမှန် ဖြစ်တယ် " တဲ့။

ဟုတ်ပါတယ်။ "Nothing is difficult to a willing mind" လို့လဲ ဆိုထားတယ် မဟုတ်လား၊ "ဆန္ဒပြင်းထန် စိတ်ထက်သန်သူအား မပြီးမြောက်နိုင်သော အရာမည်သည် မရှိပြီ" တဲ့လေ။


လောကမှာလည်း ဒီအတိုင်းပါပဲ။ ဗုဒ္ဓ၀င်မှာလည်း နမူနာရှိတယ်။ ရာဇ၀င်မှာလဲ ယူစရာ ရှိတယ်။ ကမ္ဘာ့သမိုင်းမှာလဲ ဥပမာတွေ ရှိတယ်။ မြန်မာ့သမိုင်းမှာလဲ သင်ခန်းစာတွေ အပြည့်။ ဘ၀မှာ အောင်မြင်သူတွေဟာ စိတ်အားထက်သန်ကြရုံမက စိတ်အားထက်သန်ကြရုံမက စိတ်ဓာတ်ခိုင်မာ ပြင်းပြကြလို့သာ အောင်ပွဲတွေ ဆင့်ကာဆက်ကာ သိမ်းပိုက်နိုင်ကြတာ ဖြစ်တယ်။

ကျွန်တော်တို့ရဲ့ တိုးတက်မှု၊ အောင်မြင်မှုနဲ့ ဘ၀ရည်မှန်းချက်တို့ဟာ ကျွန်တော်တို့ရဲ့ ပြင်းပြဆန္ဒ (၀ါ) စိတ်ဓာတ် ခွန်အားနဲ့ တိုက်ရိုက် အချိုးကျနေတယ်လေ။ လိုအင်ဆန္ဒ ရှိပါမှ တစ်နည်း "Burning Desire" တညီးညီး တောက်လောင်နေတဲ့ ဆန္ဒမျိုး ဖြစ်ပါမှ အောင်မြင်မှုဆီ လှမ်းချီနိုင်မှာပါ။

စကားတစ်ခွန်းရှိတယ်။ "If you have to give only one gift to your son or daughter, let it be enthusiasm". ဒါ မိဘတွေကို ညွှန်းဆိုထားတဲ့ မှတ်သားဖွယ် စကားတစ်ခွန်း။ ဆိုလိုတာက " သင့်မှာ သားကိုဖြစ်စေ၊ သမီးကို ဖြစ်စေ ပေးရမယ့် လက်ဆောင်မွန် တစ်ခုပဲ ရှိတယ်ဆိုပါတော့။ အဲဒီ လက်ဆောင်ဟာ စိတ်အား ထက်သန်မှု လက်ဆောင်ကောင်း "Enthusiasm" ဖြစ်ပါစေတဲ့။


ဒီတော့ အဲဒီ "Enthusiasm" ထက်သန်မှုနဲ့အတူ ရည်မှန်းချက်ကို မျက်ခြေမပြတ်ဘဲ အချိန်မှန် ရက်မှန်နဲ့ ပျက်ကွက်ရက်မရှိ။ အဖျက်ရန်ကိုလဲ သတိထား။ တအိအိနဲ့ ဆက်လျှောက်သွားမယ်ဆိုရင် အကျွတ်ဘယ်မှာ ဝေးတော့မည် ဆိုသလို ပန်းတိုင်ကို လှမ်းကိုင်ရုံသာ ရှိတော့ကြောင်း အထူးလက်ဆောင်စကားနဲ့ အားပေးတိုက်တွန်းလိုက်ရင်း...

ကျွန်တော် နဲ့ မဟေသီတို့ရဲ့ ၁၆ ရက်နေ့မှာ ကျရောက်မယ့် (၃) နှစ်မြောက် နှစ်ပတ်လည် မင်္ဂလာရက်မြတ်နေ့ကို ဒီဆောင်းပါလေးနဲ့ ထပ်လောင်းဂုဏ်ပြုလိုက်ပါတယ်။

ဆန္ဒမွန်ဖြင့်
yu ya

11 comments:

kiki said...

အမောင် မောင်ယုယ( ရူးရ - လို့  မခေါ်ဘူး နော် ဒီတခါ) တယောက် .
၃ နှစ်မြောက် မှာ ..
တညီးညီး တောက်လောင်နေတဲ့ ဆန္ဒမျိုး နဲ့ ..
“လူ” လုပ် နိုင် တဲ့ ၊ “ လူ ” ဖြစ် ပါစေ ...
ကြိုးစား ပေးးးး
ရက်မှန်မှန်လေးးး ကြိုးစား ပေးးးး ဟေးဟေးဟေး

Yu Ya said...

ဟောဗျာ...ချော်ကုန်ပြီ..ချော်ကုန်ပြီ.. ဘယ်လိုဖြစ်ပြီး ကိုယ်လိုရာ ဆွဲတွေးသွားရတာတုန်း ဖွားကိရဲ့ ... ကျွန်တော် ရေးထားတာ ပို့စ်မော်ဒန်ဟုတ်ဖူးလေ...

ကိုလူထွေး said...

ထင်သားပဲဗျာ...

စာပြန်ရေးပုံထောက်တော့...

မိန်းမခရီးသွားနေတာပဲ ဖြစ်ရမယ် ...လို့


းဝ)

Shinlay said...

ပျောက်နေတဲ့ ပစ္စည်းတစ်ခုကိုပြန်တွေ့ ရသလို
ဝမ်းသာမိပါတယ်။
ဆန္ဒထက်သူရှေ့ မယ်၊ ဘယ်ကိစ္စမျိုး ခံနိုင်ရိုးဟယ်၊ဘာပဲဖြစ်ဖြစ် အောင်ရမယ်ဟေ့
ငယ်ငယ်တုန်းက ၀တ်ရွတ်အသင်းမှာ သင်ခဲ့ဖူးပါတယ်။

ဝက်ဝံလေး said...

အယ် မကိက အားပေးနေတယ်ဗျိုးး
ကိုယုယရေ ဘယ်တော့လူဖြစ်မလဲဟင် ဟိဟိ
တော့ပစ်ချော်သွားရင်လဲ ချော်တီးးးနော် ဟိ

အောင်မာ လူပြိုဂျီးကများ ဟင်းးး ဟင်းးး လာလာချည်သေးရဲ့ ဟက်

မြတ်မွန် said...

ဟိဟိ..ကော်မန့်လေးတွေက ရယ်ရတယ်။ ကျားယို ကိုယုယရေ။ ၃နှစ်မြောက် မင်္ဂလာ အထိမ်းမှတ်နေ့မှ နောင်နှစ်ပေါင်းများစွာ သာယာချမ်းမြေ့သော ဇနီးမောင်နှံအဖြစ် အိုအောင်မင်းအောင်းပေါင်းရပါစေရှင်။

သမီးကြီး said...

ပြန်လာမှတိုင်ပြောမယ်။ (၃) နှစ်မြောက် မင်္ဂလာမှ သက်ထက်ဆုံးတိုင် လူကျန်းမာစိတ်ချမ်းသာနဲ့ ချစ်ခြင်းတွေဆပွါးလို့ သူငယ်ချင်းတို့နှစ်ယောက် ပျော်ရွှင်ချမ်းမြေ့ပါစေ။

jr said...

Happy 3rd Anniversary for you and your wifey bro!

noblemoe said...

"ဆန္ဒပြင်းထန် စိတ်ထက်သန်သူအား မပြီးမြောက်နိုင်သော အရာမည်သည် မရှိပြီ" တဲ့လေ။
မှန်ကန်သောစကားပါ ကိုယုယ
မင်္ဂလာနှစ် ၃ နှစ်မှ နောင်နှစ်ပေါင်းများစွာတိုင် ကျမ်းမာပျော်ရွှင်ပြီး သာယာချမ်းမြေ့တဲ့မိသားစုဘဝလေးကို ပိုင်နိုင်ပါစေရန်တောင်းဆုပြုလိုက်တယ်နော်...
သာယာချမ်းမြေ့ပါစေနော်
ိုမိုး

နှင်းလေး said...

၃ နှစ်မြောက် နှစ်ပတ်လည်မှသည် နောင်နှစ်ပေါင်းများစွာတိုင် သာယာပျော်ရွှင်တဲ့ ဘ၀ကိုပိုင်ဆိုင်နိုင်ပါစေနော်

ကာရံဆူး said...

ကိုယုယကြီးပျောက်ချက်စ်က ခုမှ ပေါ်တော်မူတော့တယ်... ပြင်းပြသော ဆန္ဒများနဲ့ လိုရာပန်းတိုင် အရောက်လှမ်း (ဘာလိုလိုပေါ့နော်...)နိုင်ပါစေကြောင်းးး သုံးနှစ်ပြည့်အမှတ်တရ ရေးသွားပါတယ်...