Singapore နိုင်ငံရဲ့ NDP 2009 Preview Parade ကို ပါဝင်ဆင်နွှဲဖို့ ညနေ ၄နာရီလောက်မှစ၍ ကျွန်တော်တို့ အိမ်မှနေ၍ City Hall သို့ စတင်ထွက်ခွာလာခဲ့ပါသည်။ City Hall သို့ ညနေ ၅နာရီ သာသာလောက် ရောက်ရှိသွားခဲ့ပြီး Marina Bay ရဲ့ Floating Platform ပေါ်မှတဆင့် တံတားပေါ်ကို ၅ နာရီ ကျော်ကျော်လောက်တွင် ရောက်ရှိ နေရာယူခဲ့ကြပါသည်။

စင်မြင့်ထက်တွင်နေရာယူထားကြသော ပရိတ်သတ်ကြီး

ဝါသနာတူသူများ တံတားထက်၌ ဓာတ်ပုံရိုက်ယူနေရာယူထားပုံ

လေထီးခုန်ပြီး အခန်းအနားကို ဂုဏ်ပြုခြင်း။

လေကြောင်းမှလည်း တစ်ဖုံ။

ရေကြောင်းကလည်း တသွယ်။

နိုင်ငံတော်အလံကို လေကြောင်းမှ သယ်ဆောင်ဂုဏ်ပြုပုံ။

တိုက်လေယာဉ်များကလည်း ရင်တုန်မတတ်။

ရေကြောင်းမှလည်း အားကျမခံ အမြောက်ပစ်ဖောက်။

မီးပုံးလေများကလည်း တက်ရောက်ဂုဏ်ပြု။

မီးရှုးများဖြင့် ဂုဏ်ပြုပုံ။

Firework များဖြင့် ဂုဏ်ပြုခြင်း။

Firework များ

Firework များ။

နောက်ဆုံး Firework ဖြင့် ဂုဏ်ပြုပြီး အခမ်းအနား ပြီးဆုံးခြင်း။
နိုင်ငံတစ်နိုင်ငံဟာ သူ့နိုင်ငံကို ဘယ်လောက်တန်ဖိုးထားတယ်၊ ဘယ်လောက် ချစ်မြတ်နိုးတယ်ဆိုတာတွေကို ပါးစပ်က အရေမရ အဖတ်မရ စကားလုံးတွေနဲ့ မပြောပဲနဲ့ ပြောင်မြောက်တဲ့ စွမ်းဆောင်မှုတွေနဲ့ သရုပ်ဖော်သွားတာဟာ စကားလုံးတွေထက် ပို၍ ကျယ်လောင်စွာ မြည်ဟီးပြသွားတာပါပဲ။
ခဏတာကြည့်ရပေမယ့် စိတ်ထဲမှာ အင်မတန်မှ ခံစားရပါတယ်။ သူတို့နိုင်ငံသားတွေ သူတို့တိုင်းပြည်အပေါ် ဘယ်လိုချစ်မြတ်နိုးလဲ၊ ဘယ်လောက်တောင် တန်ဖိုးထားလဲဆိုတာကို ရပ်ကြည့်နေတဲ့ ကျွန်တော်တို့လို နိုင်ငံခြားသားတွေက မျက်ဝါးထင်ထင် တွေ့မြင်ရတော့ ရင်ဘတ်ထဲမှာ ဘယ်လိုခံစားချက်လည်းမသိဘူးဗျာ လှိုက်ခနဲ လှိုက်ခနဲ ဖြစ်သွားမိတယ်။ ကျွန်တော်သူငယ်ချင်းတစ်ယောက်ဆိုရင် မနှစ်က မျက်ရည်တွေဝဲပြီး အသံတောင် တိမ်သွားတယ်။ ဘယ်လို ခံစားချက်လည်းဆိုတာ ထုတ်ပြောပြလို့ မရလောက်အောင်ပါပဲ။ စကားလုံးတွေနဲ့ ပုံဖော်လို့ ရနိုင်မယ် မထင်ပါဘူး။ ကိုယ်တိုင် ခံစားကြည့်မှ သိနိုင်မှာပါဗျာ။
ဒါကြောင့် ကိုယ်တိုင် သွားမကြည့်ဖူးသေးတဲ့ သူငယ်ချင်းများကိုလည်း လာမယ့် August 09, 2009 မှာ ကျင်းပမယ့် Singapore National Day Parade 2009 ကို သွားကြည့်ကြပါလို့ တိုက်တွန်းချင်ပါတယ်ဗျာ။ ကိုယ်တိုင် သွားမကြည့်နိုင်ရင်တောင် TV ကနေပြီး လွှင့်တဲ့ အစီအစဉ်ကို ကြည့်စေချင်ပါတယ်။
ကျွန်တော်တို့ကော ဘယ်အချိန်လောက် ဒီလို ဂုဏ်ယူဖွယ်ရာကောင်းတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံသူ နိုင်ငံသား တွေအဖြစ်နဲ့ တစ်ခြားနိုင်ငံခြားသားတွေရဲ့ ရှေ့ မှာ ရဲရဲဝံ့ဝံ့ ထည်ထည်ဝါ၀ါ ရပ်တည်နိုင်ကြမလဲဗျာ။
ကျေးဇူးတင်စွာဖြင့်
yu ya