Pages

Tuesday, November 24, 2009

" Wow... Am I getting old..! "

























You're not 31, you're eighteen with 13 years experience. [Ma Hay Thi - 2009]

၃၁ နှစ် မဟုတ်ပါဘူး... အတွေ့အကြုံ ၁၃ နှစ်ရှိပြီဖြစ်တဲ့ ၁၈ နှစ်သားလေးပါတဲ့ဗျာ!!!

******************

ဝန်ခံချက်။ ။ ဒီအပတ်ထဲ မှာ ကျရောက်မဲ့ ကျွန်တော်မွေးနေ့အတွက် မဟေသီက ပေးလာတဲ့ စကားလက်ဆောင်လေးပါ။ အင်း...စိတ်ချမ်းသာစရာပဲဗျာ။ အမြဲတမ်း ၁၈ နှစ်သားလေးကို ဖြစ်နေတော့မှာပဲ.။

ကျွန်တော်မွေးနေ့မှာ တောင်းတဲ့ဆုတွေအားလုံးကို ကျွန်တော်နဲ့ ထပ်တူ ဘလော့ဂါ ညီအစ်ကို မောင်နှမများ အားလုံးလည်း အတူမျှဝေ ခံစားနိုင်ပါစေလို့ ထည့်ဆုတောင်းပေးလိုက်ပါတယ်ဗျာ။

ဆန္ဒမွန်ဖြင့်
yu ya

Friday, November 20, 2009

“ ထာဝရ အချစ် ”

နားလည်မှုတွေနဲ့ ပြည့်နှက်နေတဲ့
အချစ်ဟာ ထာဝရ
ပေးဆပ်မှုတွေနဲ့ တောင်းဆိုမှု ကင်းတဲ့
အချစ်ဟာ ထာဝရ
မင်းရဲ့ နှလုံးသားထဲမှာ ခံစားရတဲ့
အချစ်ဟာ ထာဝရ
ဘယ်တော့မှ ခွဲခွာဖို့ ခွင့်မပြုမယ့်
အချစ်ဟာ ထာဝရ
မင်းအတွက်.....
ကိုယ်အမြဲတမ်း ခံစားနေရမယ့်
အချစ်ဟာ ထာဝရ
မင်းကို..... ပျော်ရွှင်အောင်၊ ၀မ်းနည်းအောင်
ပြုလုပ်ပေးနိုင်တဲ့
အချစ်ဟာ ထာဝရ
ကိုယ် သိပ်ကို လိုလားတောင့်တလွန်းတဲ့
အချစ်ဟာ ထာဝရ
အချိန်ရဲ့ စမ်းသပ်မှုကို ခံယူနိုင်မယ့်
အချစ်ဟာ ထာဝရ....
မင်းဟာ ကိုယ့်အတွက်ပဲ ဖြစ်လိမ့်မယ်ဆိုတာရယ်
ကိုယ် ထာဝရ အမြဲ ပြောမှာပါပဲကွယ်.....
(ယုယ)



ဆန္ဒမွန်ဖြင့်
yu ya

Monday, November 16, 2009

" Two Days We Should Not Worry "

There are two days in every week, about which we should not worry, two days which should be kept free from fear and apprehension.

One of these days is Yesterday with all its mistakes and cares, its faults and blunders, its aches and pains.

Yesterday has passed forever beyond our control. All the money in the world can't bring back Yesterday.

We cannot undo a single act we performed; we cannot erase a single word we said. Yesterday is gone forever.

The other day we should not worry about is Tomorrow with all its possible adversities, its burdens, its large promise and its poor performance; Tomorrow is also beyond our immediate control.

Tomorrow's sun will rise, either in splendor or behind a mask of clouds, but it will rise. Until it does, we have no stake in Tomorrow, for it is yet to be born.

This leaves only one day, Today. Any person can fight the battle of just one day. It is when you and I add the burdens of those two awful eternities Yesterday and Tomorrow that we break down.

It is not the experience of Today that drives a person mad, it is the remorse or bitterness of something which happened Yesterday and the dread of what Tomorrow may bring.

Let us, therefore, live but one day at a time.

Author: Unknown

http://www.wow4u.com/two-days-we/index.html
အထက်ဖော်ပြပါ လင့်ကလေးမှ ကူးယူဖော်ပြထားပါသည်။



ရက်သတ္တပတ်တိုင်းမှာ သောကမရောက်သင့်သော၊ ကြောက်စိတ်နှင့် စိုးရိမ်ပူပန်မှုတို့မှ ကင်းဝေးလွတ်မြောက် သင့်သော နေ့နှစ်နေ့ ရှိပေသည်။

ထိုနေ့များထဲမှ တစ်နေ့သည် မနေ့ကအချိန်ဖြစ်၍ မှားယွင်းမှုများနှင့် စိတ်သောကများ၊ ချို့ ယွင်း ချက်များနှင့် မိုက်မဲမှုများ၊ နာကျင်မှုများ နှင့် ဝေဒနာများ ပါဝင်ပါသည်။

မနေ့ကအချိန်သည် ထာဝရ ဖြတ်သန်းကုန်လွန် သွားပေပြီ။ ကျွန်ုပ်တို့အနေနှင့် ထိန်းချုပ်၍ မရနိုင်တော့။ ကမ္ဘာလောကထဲရှိ ငွေကြေးအားလုံးကပင် မနေ့က အချိန်ကို ပြန်လည် မယူဆောင်လာနိုင်ချေ။

ကျွန်ုပ်တို့ သောကမရောက်သင့်သော အခြားနေ့တစ်နေ့မှာ မနက်ဖြန်ဖြစ်ပါသည်။ ယင်းတွင် ဖြစ်လာနိုင်ဖွယ်ရှိသော ကံကောင်းမှုများ၊ ၀န်ထုပ်ဝန်ပိုးများ၊ ကြီးမားသော အလားအလာနှင့် ညံ့ဖျင်းသော ဆောင်ရွက်ချက်တို့ ပါဝင်ပါသည်။ ကျွန်ုပ်တို့သည် မနက်ဖြန်ကိုလည်း တိုက်ရိုက် ထိန်းချုပ်၍ မရနိုင်ချေ။

မနက်ဖြန်၏ နေမင်းသည် ကြီးကျယ်ခမ်းနားစွာဖြင့်သော်လည်းကောင်း၊ တိမ်များ၏နောက်ကွယ်မှသော် လည်းကောင်း ထွက်ပေါ်လာမည်ဖြစ်သည်။ သို့သော် ၎င်းထွက်ပေါ်မလာမချင်း ကျွန်ုပ်တို့မှာ မနက်ဖြန်ကို မျှော်ကိုးကာ လောင်းကြေးထပ်၍ မရချေ။ အကြောင်းမူ မနက်ဖြန်သည် မွေးဖွားမလာသေးသောကြောင့် ဖြစ်လေသည်။

သို့ဖြစ်၍ ယနေ့တစ်နေ့တည်းသာကျန်ပါတော့သည်။ မည်သူမဆို နေ့တစ်နေ့တည်း၏ တိုက်ပွဲကိုသာ တိုက်ခိုက်နိုင်၏။ ထိုအချိန်၌ သင်နှင့် ကျွန်ုပ်တို့က မနေ့ကနှင့် မနက်ဖြန်တို့၏ ၀န်ထုပ်ဝန်ပိုးများကို ထပ်ဖြည့်ထားပေသည်။

လူတစ်ယောက်ကို ရူးသွပ်သွားစေသည်မှာ ယနေ့၏ အတွေ့အကြုံများ မဟုတ်။ မနေ့က အဖြစ်အပျက်များအပေါ် နောင်တရခြင်း၊ ခါးသည့်နာကျည်းခြင်းနှင့် မနက်ဖြန်ဖြစ်လာနိုင်သည့်အရာများအား တွေးကြောက်ခြင်းဖြစ်သည်။

သို့ဖြစ်၍ ကျွန်ုပ်တို့သည် တစ်ကြိမ်မှာ တစ်နေ့တည်းသာ ရှင်သန်နေထိုင်ကြပါစို့။

Rendered by Yu Ya

*****************************************************

သုံးသပ်ချက်။ ။
တကယ်တော့ ကျွန်တော်တို့ စိတ်ဖိဆီးမှု များပြားလာခြင်း၏ အကြောင်းအရင်းမှာ အနာဂတ်က ကျွန်တော်တို့ထံ ပြေးလာဝင်ဆောင့်ခြင်း တနည်းဆိုရရင် ပစ္စုန်ပ္ပန် အခိုးခံရခြင်းဟာ အဓိက အကြောင်းအရင်း တစ်ရပ် ဖြစ်နေပါတယ်။

အနာဂတ်ဆိုတာ ကျွန်တော်တို့ ထံသို့ ရောက်ရှိလာခြင်းမရှိသေးပေ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ပရောဂကြောင့် အနာဂတ်ဟာ သူ့နေရာတွင် သူမနေတော့ပဲ သူသည် ကျွန်တော်တို့ထံသို့ ၀င်လာပြေးဆောင့်လျက် ရှိပါသည်။ အနာဂတ်ဝင်လာပြေးဆောင့်မှုကြောင့် ပစ္စုန်ပ္ပန်သည် အလျင်အမြန် ဆောင့်တွန်းခြင်းကို ခံနေရပါသည်။ ပစ္စုန်ပ္ပန်သည် အခိုးခံနေရသည်။ ပစ္စုန်ပ္ပန်သည် အထိုင်မကျသေးခင်မှာပင် အတိတ်အဖြစ်သို့ ပြောင်းပေးနေရသည်။

မျက်မှောက် ပစ္စုန်ပ္ပန် အဖြစ်အဖျက်များနှင့် ကျွန်တော်တို့ အကျွမ်းတ၀င် မရှိသေးမီမှာပင် အနာဂတ်က အစားထိုး ၀င်ရောက်နေမှုနှုန်းက မြန်လွန်းသဖြင့် ပြောင်းလည်းလာမှုတစ်ခုကို ကျွန်တော်တို့ လိုက်လျော ညီထွေမှုဖြစ်အောင် မပြုပြင်ရသေးမီမှာပင် နောက်အခြေအနေတစ်ရပ်က ၀င်ရောက် လာသဖြင့် ၀င်ရောက်လာသော အခြေအနေသည် ကျွန်တော်တို့နှင့် မရင်းနှီးသေးခင်ကပင် ထိုအရာသည် ကျွန်တော်တို့ထံမှ အခြားသို့ အတင်းတွန်းပို့ခြင်းကို ခံစားနေကြရသည်။

ပြောင်းလဲမှုကို လိုက်လျောညီထွေဖြစ်အောင် အမြဲကြိုးပမ်းနေရခြင်းသည် ကျွန်တော်တို့၏စိတ်ကို ကြောက်ရွံ့ ခြင်း၊ မတည်မညိမ်ဖြစ်ခြင်း၊ တည်ငြိမ်မှုကို တောင့်တခြင်းများ ဖြစ်ပေါ်နေစေပြီကောလေ။

အနာဂတ်ပြေးလာဝင်ဆောင့်မှုကို ရပ်တန့်သွားအောင် ဒါမှမဟုတ် နှေးကွေး သွားအောင် ကျွန်တော်တို့ ဘာမျှ မတတ်နိုင်ကြတော့ဘူးလားဗျာ။ ဘာအစီအစဉ်တစ်ခုမှ မရှိတော့ဘူးလားဗျာ။

ဆန္ဒမွန်ဖြင့်
yu ya

Sunday, November 15, 2009

“ Heart to Heart ”

(နှစ်ကိုယ့်တစ်စိတ်)

လူသည် မွေးပြီးသော် သေရမည်သာ။ ထိုသို့ မသေမီ ကာလအတွင်းတွင် မဖြစ်မနေ လုပ်ရမည့် တာဝန်ရှိပါသည်။ စရိယသုံးမျိုးဟု ဆိုလျှင် ရနိုင်ပါသည်။ မိမိအကျိုးအတွက် ကြိုးကုတ်ခြင်း (အတ္တတ္ထစရိယ)၊ ထိုမှ လွန်သော် မိမိဆွေမျိုး၊ မိတ်သင်္ဂဟ၊ မိမိနေထိုင်ရာ ပတ်ဝန်းကျင် စသည်တို့အတွက် ကျိုးကုတ်ခြင်း (ဥာတတ္ထစရိယ) နှင့် နောက်ဆုံး လောကကောင်းကျိုးအတွက် ကျိုးကုတ်ခြင်း (လောကတ္ထစရိယ) တို့ပင်ဖြစ်ပါသည်။ ထိုသို့ ကျိုးကုတ်ရာဝယ်၊ တာဝန်ယူရာဝယ်.....

ဝန်ခံချက်။ ။ သူငယ်ချင်းတွေနဲ့ စကားပြောရင် တွေးမိသွားတဲ့ အတွေးလေးပါ။ လိုရာ ဆက်လက်တွေးနိုင်ဖို့ ဖွင့်ပေးထားပါတယ်။

ှဆန္ဒမွန်ဖြင့်
yu ya

Tuesday, November 10, 2009

“ အတွေးရတနာ ”


















A vision without the ability to execute is probably a hallucination. [ Stephen Case ]

“စွမ်းဆောင်ရည်မပါတဲ့ အတွေးစိတ်ကူး တစ်ခုဟာ အာရုံချောက်ချားခြင်း တစ်ခုဆိုတာ သေချာသလောက်ပါပဲ”

ဆန္ဒမွန်ဖြင့်
yu ya

Saturday, November 7, 2009

“ စကားလုံး အလင်္ကာ ”

“ဟန် ကိုယ့်ဖို့” ဟူသော စကားလုံးကို ကျွန်တော် သိပ်ဘ၀င်မကျချင်။ ထို့အတူ “မာန် သူ့ဖို့” ဟူသော စကားကိုလည်း စိတ်သဘောမကျလှ။ လူလူချင်း ဆက်ဆံရာတွင် “ဟန်တွေလုပ်” “မာန်တွေ ဖီ” နေသော် ပြေပြစ်ချောမွေ့စရာ မဖြစ်နိုင်။ မရှိဘဲ ရှိလေဟန်ဆောင်၊ မတတ်ဘဲ တတ်လေဟန်ဆောင်၊ မာန်တက်၊ သိပ်တော့ မနိပ်လှ။ မနိပ်သော်ငြား ထိုလိုလူစား များနေသလား မသိ။

ထို့အတူ မတရားမှု ကျူးလွန်ထားပြီး တရားသဖြင့်နေသော “သူတော်” ယောင်ဆောင်သူတွေလည်း ရှောင်မရ။ သို့ဆိုလျှင် ဟန်မလုပ်၊ မာန်မတက်ဘဲ ရိုးရိုးစင်းစင်းနေသူကော မရှိလေသလား။ နည်းလျှင်သာ နည်းမည် ရှိတော့ ရှိမည်သာ။ ထိုသူမျိုးကို သူတို့က Easygoing ဟူသော အကျင့်စရိုက်ကို ဖော်ပြသည့် နာမ၀ိသေသနနှင့် တွဲပြီး ဖော်ပြသည်။ ဟန်မဆောင်၊ ဟိတ်ကြီး ဟန်ကြီး မလုပ်တတ်သည့် သဘော၊ ရိုးသားပွင့်လင်းသော သဘော၊ ရင်းနှီး ဖော်ရွှေသော သဘော၊ ဖက်လှဲတကင်း ရှိသောသဘော စသည်တို့ကို ဆောင်ပါသည်။

I am an easygoing person but not gullible.

ကျွန်တော်က ရိုးရိုးအေးအေး နေတဲ့သူပါ၊ ဒါပေမယ့် ငထူ ငတုံးတော့ မဟုတ်ဘူး။

ဝန်ခံချက်။ လေ့လာခဲ့တဲ့ စကားလုံးလေးကို မျှဝေပေးတာပါ။

ဆန္ဒမွန်ဖြင့်
yu ya

Tuesday, November 3, 2009

“ လဆွဲအားနှင့် ကျန်းမာရေး ”

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ Solid ပစ္စည်းမဟုတ်ပါဘူး။ ခန္ဓာကိုယ်ရဲ့ ၆၅% ဟာ ရေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒါကြောင့် လဆွဲငင်အားဟာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာလည်း သက်ရောက်လျက်ရှိပါတယ်။ ဒါကို ဒီရေတက်တာနဲ့ နှိုင်းယှဉ်ပြီး Biological Tide လို့ ခေါ်ကြပါတယ်။ အထူးသဖြင့် လပြည့်နေ့လိုအခါမျိုးမှာ အများဆုံး ကြုံတွေ့ရလေ့ရှိပါတယ်။

သိပ္ပံနည်းကျလေ့လာတဲ့အခါမှာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ Cell တွေထဲက ရေတွေ (Intracellular Water) မှာ ပြောင်းလဲမှုတွေ ဖြစ်တယ်။ အထူးသဖြင့် ဦးနှောက်မှာရှိတဲ့ Hypothalamus လို့ခေါ်တဲ့ အစိတ်အပိုင်းမှာပါ သက်ရောက်ပါတယ်။ ဒီ Hypothalamus ဟာ လူတွေရဲ့ စိတ်အခြေအနေနဲ့ ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဉ်တွေကို ထိန်းချုပ်ပေးတဲံ နေရာဖြစ်လို့ ဒီနေရာမှာ ပြောင်းလဲမှု ဖြစ်ရင် လူရဲ့ စိတ်နေသဘေားထားနဲ့ ကျန်းမာရေးကိုလည်း ပြောင်းလဲမှုတွေ ဖြစ်စေနိုင်တာ တွေ့ရပါတယ်။


လပြည့်နေ့ညနဲ့ ဆက်စပ်ဖြစ်တဲ့ ရောဂါတွေကို Lunar Syndrome လို့ခေါ်ပါတယ်။ Lunar ဆိုတာ လက်တင်လို Moon လို့ အဓိပ္ပာယ်ရပြီး Syndrome ဆိုတာကတော့ ရောဂါစုပါ။ လပြည့်နေ့မှာ ဖြစ်တတ်တဲ့ ရောဂါစုများလို့ ခေါ်နိုင်ပါတယ်။

လပြည့်နေညမှာ အရက်သောက်ရင် ပိုပြီးသွေးဆိုးပြီး ရမ်းကားတတ်တယ်လို့ ဆိုပါတယ်။ နောက် Gout ရောဂါလိုဟာမျိုးလည်း အဆစ်အမျက်တွေရောင်တာ ဖြစ်တတ်ပါတယ်။ ၀မ်းပျက်ဝမ်းလျှော်ရောဂါတို့ ပိုဖြစ်တတ်တဲ့အပြင် မိမိကိုယ်မိမိ သေကြောင်းကြံစည်မှု (Suicide)၊ လူသတ်မှု (Murder) တို့တွေလည်း ပိုများတတ်ပါတယ်။

လပြည့်နေ့တွေမှာ စိတ်နဲ့ ပက်သက်တဲ့ ရောဂါတွေ ဖြစ်တတ်၊ ပိုဆိုးတတ်လို့ သတိထား ဆင်ခြင်ဖို့ ဖြစ်ပါတယ်။ နောက်ပိုင်း ဒီကာလမှာ အရက်သေက်ရင် သွေးဆိုးပြီး အမှားတွေ ကျူးလွန်တတ်တာကြောင့် အရက်သေစာ သောက်စာခြင်းကနေ ရှောင်ကြဉ်သင့်ပါတယ်။ ကားမောင်းရင်လည်း Accident ဖြစ်နိုင်ခြေရှိတာကြောင့် ဆင်ခြင်မောင်းနှင်ဖို့၊ အိမ်မွေးတိရစ္ဆာန်တွေကိုလည်း ဒီရက်တွေမှာ လွှတ်မထားဖို့အပြင်.....

ရောဂါရှိတဲ့ ဘလောဂါ ကိုကို၊ ညီညီ၊ မမ၊ ညီမ တွေလည်း ဒီရက်တွေမှာ ပိုမိုဆင်ခြင်နိုင်ဖို့ မေတ္တာရှေ့ ထား အကြံပြုလိုက်ပါကြောင်း...:P

ဆန္ဒမွန်ဖြင့်
yu ya

Sunday, November 1, 2009

“ Off Day & Day Off ”


Off Day
- A day when things go poorly “ကံမကောင်းသောနေ့ ”

Day Off - A day when you are not required to work - “အလုပ်မသွားရတဲ့နေ့၊ အလုပ်အားရက် ”

*****

သူငယ်ချင်းတွေ တော်တော်များများရဲ့ Gtalk Message တွေမှာ Off Day ... Off Day လို့ တွေ့တွေ့ နေရတတ်လို့ပါ။

ဆန္ဒမွန်ဖြင့်
yu ya