Pages

Monday, October 26, 2009

“ ကျွန်မရဲ့ အချစ် ”



ကျွန်မရဲ့ အချစ်က ကောင်းကင်ပြာပြာ
လေးနက်မှုက သမုဒ္ဒရာ

ပေးဆပ်မှုက စင်္ကြာဝဋ္ဌာ

အချစ်တွေသာ အရည်ဆိုရင်

နောက်ထပ် သမုဒ္ဒရာ ပေါ်လာမှာ။

မဟေသီ



Love of Mine
Love of mine is the wild blue yonder

Many miles deep as oceanic abyss

Sacrifice is pretty much as macrocosm

If the love of mine were liquid,
One more ocean would occur.

Rendered by yu ya

Friday, October 23, 2009

“ Movies များ download ဆွဲခြင်း ”

ကျွန်တော်အပါအ၀င် လူတော်တော်များများဟာ နိုင်ငံခြားဇာတ်လမ်းတွဲရုပ်ရှင်များ၊ ဗီဒီယိုများ၊ ကာတွန်းကားများ ကြည့်ရှုခြင်းကို ခုံမင်ကြပါတယ်။ သို့ဖြစ်ပါ၍ များစွာသော အခွေများကို ကြည့်ရှုနိုင်ရန်အလို့ငှါ ငှါးရမ်းခြင်း၊ ၀ယ်ယူခြင်းတို့ဖြင့် အလုပ်ရှုပ်ရလေ့ ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ ရုပ်ရှင်ကားများ၊ ဗီဒီယိုကားများစွာကို ဈေးနှုန်းချိုသာစွာဖြင့် ၀ယ်ယူကြည့်ရှု နိုင်ပါသော်လည်း နိုင်ငံရပ်ခြားတိုင်းပြည်များတွင် DVD အခွေဈေးနှုန်းများမှာ မြန်မာနိုင်ငံလောက် ဈေးနှုန်းမချိုသည်မှာ အမှန်ပါ။ ရုပ်ရှင်ရုံများတွင် သွားရောက် ကြည့်ရှုဖို့ဆိုသည်မှာလည်း ရံဖန်ရံခါမျှသာ။ ရုပ်ရှင်ကားတော်တော်များများကို Online ဖြင့် တိုက်ရိုက် ကြည့်ရှုနိုင်ပါသော်လည်း ရုပ်ထွက် Quality နှင့် Audio ပိုင်းမှာ (Inferior Quality) ဖြစ်၍ စိတ်တိုင်းမကျ နိုင်ပါ။ သို့ပါ၍ အောက်ဖော်ပြပါ P2P (Peer to Peer) Networking နည်းပညာသုံး၍ Quality ကောင်းကောင်း ရုပ်ရှင်ကားများကို Download လုပ်ယူကာ ပျော်ရွှင်စွာ ခံစား ကြည့်ရှု နိုင်ပါသည်။

Download ဆွဲချရန် လိုအပ်သော အချက်များ
1. Pentium 4 Computer
2. Internet Line
3. P2P Software
4. P2P Search Engine

အထက်ဖော်ပြပါအချက် (၄)ချက်တွင် နံပါတ် (၁) နှင့် (၂) သည် လူတော်တော်များများတွင် ပြည့်စုံနေပြီး ဖြစ်ပါလိမ့်မယ်။ နံပါတ်(၃) ဖြစ်တဲ့ P2P Software နှင့် ပက်သက်၍ P2P Softwares အတော်များများ ရှိပါတယ်။ ၎င်းတို့အထဲတွင်မှ uTorrent software သည် အတော်လေး ပြည့်စုံကောင်းမွန်သော user familiar ဖြစ်နိုင်သော လူကြိုက် အများဆုံး Software တစ်ခု ဖြစ်ပါသည်။ အောက်ဖော်ပြပါ Link ကိုနှိပ်၍ Free Download ရယူပြီး Install လုပ်ပါ။
Utorrent Software Download ဆွဲယူရန် http://www.utorrent.com/

၎င်း Software ကို Download ဆွဲယူပြီးပါက Download Speed ပိုမိုကောင်းမွန်စေရန်အလို့ငှါ Setting များကို ချိန်ညှိပေးရန် လိုအပ်ပါသည်။ အောက်ဖော်ပြပါ Photo Setting-1 & Setting-2 ပါအတိုင်း uTorrent ရဲ့ Setting များကို ပြင်ဆင်ပေးပါ။


Setting-1



Setting-2

Setting-1 & Setting-2 အတိုင်း ပြင်ဆင်ပြီးပါက သင့်ရဲ့ uTorrent သည် Download ဆွဲယူရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ပါသည်။


Utorrent ကို အသုံးပြု၍ Download ဆွဲယူရန် အထက်တွင် ဖော်ပြခဲ့သော အချက်(၄)ချက်အနက်မှ နံပါတ်(၄) ဖြစ်သည့် P2P Search Engine လိုအပ်မှာ ဖြစ်ပါတယ်။
P2P Search Engine များစွာရှိပါတယ်။ ၎င်းတို့ အထဲတွင်မှ isohunt သည် လူကြိုက်များသော Search Engine တစ်ခုဖြစ်ပါသည်။ IE သို့မဟုတ် Mozilla ကိုဖွင့်၍ www.isohunt.com လို့ ရိုက်ထည့်လိုက်ပါက Isohunt Search Engine ကျလာပါလိမ့်မယ်။ အဲဒီ Isohunt ရဲ့ Search Box မှာ ကိုယ်ကြည့်ချင်တဲ့ ရုပ်ရှင်ကားနာမည်ကို ရိုက်ထည့်ပြီး Search လုပ်ရင် အောက်ပါအတိုင်း တွေ့ရပါလိမ့်မယ်။ ဆိုကြပါစို့ Twilight ဆိုတဲ့ Movie ကို ရိုက်ထည့်ပြီး ရှာကြည့်ကြမယ်။


Twilight Movie ကိုရှာတွေ့တဲ့ List

အထက်ပါ ပုံနဲ့ပက်သက်၍ အနည်းငယ် ရှင်းပြလိုပါတယ်။ လိုချင်တဲ့ Movies များကို ရှာတိုင်း ပန်းရောင် မျှားထိုးထားသည့်နေရာကို အထူးသတိပြုပေးပါ။ မျှားရဲ့ ညာဖက် အခြမ်းမှာ အ၀ိုင်းလေး ၀ိုင်းထားတဲ့ S လို့ရေးထားတဲ့ Seed ဆိုတာလေးရှိပါတယ်။ S အောက်မှာ ဖော်ပြထားတဲ့ ဂဏန်းနံပါတ်တွေဟာ လူအရေအတွက်တွေကို ဖော်ပြပေးနေ တာပါ။ Seed ဆိုတာ အဲဒီလူဆီမှာ ကိုယ်လိုချင်တဲ့ Movie ဟာ အစကနေအဆုံးရှိနေတဲ့သူပါ။ တနည်းအားဖြင့် သူက Download ဆွဲနေတဲ့သူတွေကို အပြည့်အ၀ Upload တင်ပေးနေတဲ့သူပါ။ ဒါကြောင့် Seed (S) များတဲ့ Movies တွေကို Download လုပ်ရင် အများ အားဖြင့် Download Speed ကောင်းတတ်ပါတယ်။ မျှားလေးရဲ့ ညာဖက် အခြမ်းမှာ လေးထောင့် ကွက်လေးနဲ့ ဖော်ပြထားတဲ့ L ကတော့ Leecher ကို ပြောတာပါ။ Leecher ဆိုတာ Download ဆွဲနေတဲ့သူတွေဖြစ်ပြီး တစ်ချိန်တည်းမှာပဲ အဲဒီ လူတွေဟာ ကိုယ် Download ဆွဲနေတဲ့ File ကို Upload ပြန်လုပ်ပေးနေတဲ့ သူတွေပါ။ ((P2P Networking) ကို သိတဲ့သူတွေကတော့ ဒီအကြောင်းတွေကို ကောင်းကောင်း နားလည်မှပါ။)

အထက်ပါပုံမှာဆိုရင် နံပါတ်(၁) လိုင်းတွင် ရှိသော Twilight Movie သည် Seed အရေအတွက် များသည့်အပြင် Leecher လည်းများလှပါသည်။ ဒါကြောင့် နံပါတ်(၁)ကို Download လုပ်ရန် သင့်တော်ပါသည်။ ဒါပေသည့် Download မလုပ်မီ သတိထားရန်အချက်များ ကျန်ရှိနေပါသေးသည်။

အထက်ပါပုံ၏ ဇယားခေါင်းစဉ်ဖြစ်သော Torrent Tags, Name အောက်ကို ကြည့်ပါ။ (Twilight[2008]DvDrip-aXXo) ဆိုသည်ကို တွေ့ရပါသည်။ Twilight သည် ရုပ်ရှင် နာမည် ဖြစ်ပါသည်။ [2008] သည် ထိုရုပ်ရှင် စတင်ပြသသော ခုနှစ်ဖြစ်ပါသည်။ DvDrip ဆိုသည်မှာ DVD ကို အများအားဖြင့်(.avi) သို့ Rip လုပ်ထားခြင်းကို ဆိုလိုပါသည်။
-aXXo ဆိုတာကတော့ အဲဒီ Movie ကို Rip လုပ်ပြီး Upload စတင်လုပ်ခဲ့တဲ့သူရဲ့ Nick Name (Alias) ဖြစ်ပါတယ်။ aXXo ရဲ့ Movies များဟာ 700MB ၀န်းကျင်ပဲ အမြဲရှိ ပါတယ်။ aXXo ဟာ အတော်ဆုံးလူမဟုတ်ရင်တောင် အတော်ဆုံးလူတွေထဲက တစ်ယောက်ဖြစ်ပါတယ်လို့ ဆိုထားပါတယ်။ Top Searches တွေထဲမှာ aXXo ဟာ နံပါတ်၁ ပါပဲ။ [ aXXo အတိုင်း နာမည်ကြီးတဲ့ နောက်တစ်ယောက်ကတော့ FXG ပါပဲ။ သူကတော့ ဒုတိယ လိုက်ပါတယ်။ ] အောက်ပါပုံအတိုင်းဖြစ်ပါတယ်။


Top Searches No.1 - aXXo

အထက်ပါပုံထဲက ပန်းရောင်မျှားလေးပြထားတဲ့အတိုင်း aXXo ကို နှိပ်ရင်လည်း aXXo ရဲ့ Movies တွေအားလုံး ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ ဒါမှအဟုတ်ရင်လည်း aXXo ရဲ့ နောက်မှာ ခုနှစ်တွေတပ်ပြီးတော့လည်း Search Box မှာရှာနိုင်ပါ။ ဥပမာ- aXXo 2009, aXX0 2008, aXX0 2007 စသည်ဖြင့်ပေါ့။ နာမည်ကြီး ရုပ်ရှင်ကား တော်တော်များများကို aXXo က တင်ပေးထားပါတယ်။

နာမည်ကြီးသူတွေရဲ့ ထုံးစံအတိုင်း အတုအပဆိုတာ အမြဲပေါ်လာတတ်ပါတယ်။ ဒီအတိုင်းပဲ aXXo အတုတွေပေါ်လာပြီး Movies တွေကို Upload လုပ်ထားတာတွေရှိပါတယ်။ အန္တရာယ် မဖြစ်စေတဲ့ အတုဆိုရင်တော့ အကြောင်းမဟုတ်ဘူးပေါ့။ တစ်ချို့ အတုတွေက Virus တွေပါ ပါလာတတ်တယ်။ ဒါကြောင့် မိမိ Download လုပ်ချင်တဲ့ Movie ဟာ aXXo အစစ်ဟုတ်လား မဟုတ်ဘူးလားဆိုတာကိုတော့ သေချာစွာ လေ့လာရပါတယ်။ဘယ်လို ခွဲထုတ်ရမလဲဆိုရင် အောက်ဖော်ပြပါ ပန်းရောင်ပြထားတဲ့ Twilight[2008]DvDrip-aXXo ကို ကလစ် နှိပ်လိုက်ပါ။

Twilight[2008]DvDrip-aXXo ကို ကလစ်နှိပ်ရန်

ကလစ်နှိပ်ပြီးရင် အောက်ဖော်ပြပါပုံအတိုင်း ပေါ်လာပါလိမ့်မယ်။


Comment Tag ကို ကလစ်နှိပ်ရန်

အဲဒီ Comment Tag လေးကို ကလစ်နှိပ်ပြီး ရေးထားတဲ့ Comment များကို သေချာစွာ စစ်ဆေးကြည့်ပါ။ aXXo အစစ်အမှန် (genuine aXXo) ဟုတ်မဟုတ် သေချာစွာ လေ့လာကြည့်ပါ။ အောက်ပါပုံလေးအတိုင်း တွေ့ရပါလိမ့်မယ်။ နောက်တစ်ခုက aXXo ဟာ ဘယ်တော့မှ RAR Archive နဲ့ Movie တွေကို Zip မလုပ်ပါဘူးတဲ့။ သူ့ရဲ့ aXXo Interview မှာ ဖြေသွားပါတယ်။


aXXo အစစ်ဟုတ်မဟုတ် Comment တွင်ရှာကြည့်ခြင်း

အဲဒီ Movie ဟာ aXXo အစစ်ဆိုရင်တော့ Download .torrent ဆိုတဲ့ Link ကို နှိပ်လိုက်ပေတော့။

Download .torrent ကို နှိပ်ရန်

Download .torrent ကို ကလစ်နှိပ်လိုက်တာနဲ့ Window Box လေး တစ်ခု ပေါ်လာပါလိမ့်မယ်။


အဲဒီ Window Box လေးထဲမှာရှိတဲ့ Open with ဆိုတဲ့ နေရာမှာ uTorrent (default) ဆိုတာလေးကို ရွေးပေးပါ။ နောက်ပြီးရင်တော့ OK နှိမ်လိုက်တာနဲ့ uTorrent Software အောက်ပါအတိုင်း Screen ပေါ်မှာ တတ်လာပါလိမ့်မယ်။



1 လို့ ပြထားတဲ့ပန်းရောင်ဘောင်ခတ်ထားတဲ့နေရာဟာ Movie ကို သိမ်းမယ့်နေကို ဖော်ပြထားတာ ဖြစ်ပါတယ်။ မိမိသိမ်းချင်တဲ့ နေရာကို ရွေးပြီးသိမ်းပေးပါ။
2 လို့ ပြထားတဲ့ပန်းရောင်ဘောင်ခတ်ထားတဲ့ File ၃ခုကတော့ Download လုပ်ရင် ပါလာမယ့် File တွေပါပဲ။ မလိုချင်တဲ့ File တွေကို ချန်ထားခဲ့လို့ ရပါတယ်။ Check Box လေးတွေကို သွားပြီး အမှတ်လေးတွေ ဖြုတ်ပေးလိုက်ရုံပါပဲ။ အားလုံးပြီးရင် တော့ Ok ကို နှိပ်လိုက်ရုံပါပဲ။ uTorrent ကတော့ စတင်ပြီး Download လုပ်ပါပြီ။

နောက်ထပ် ကြိုက်နှစ်သက်ရာ ရုပ်ရှင်ကားများကိုလည်း အထက်ပါ အတိုင်းရှာယူ၍ တစ်ချိန်တည်းမှာ Download လုပ်ယူနိုင်ပါတယ်။ Movie ကားပေါင်း တော်တော်များများကို တစ်ချိန်တည်း တစ်ပြိုင်တည်း Download ဆွဲယူနိုင်ပါတယ်။

Download လုပ်နေပြီဆိုရင် Download Speed ကို ကြည့်လိုက်ပါ။ ကိုယ့်အိမ်မှာ သုံးတဲ့ Internet Speed ပေါ်မှာ မူတည်ပြီးတော့ Movie တစ်ခုကို Download လုပ်တဲ့ အချိန်က အနည်းဆုံး ၂နာရီကနေပြီး ၄ နာရီခန့်အထိ ကြာတတ်ပါတယ်။ အထက်တွင် ဖော်ပြခဲ့တဲ့အတိုင်း Seed အရေအတွက်ပေါ်လည်း များစွာ မူတည်ပါတယ်။ ကျွန်တော် ကတော့ ညအိမ်ရာမ၀င်ခင် Moive 10 ကားလောက်ကို Download ဆွဲထားလိုက်ပါတယ်။ မနက် နိုးရင်တော့ အားလုံး ပြီးနေတာကို တွေ့ရပါတယ်။

Downlaod လုပ်ထားတဲ့ ရုပ်ရှင်တွေကို ကြည့်မယ်ဆိုရင် (.avi) Format ဖြစ်တဲ့အတွက် Window Media Player ရဲ့ Option ထဲ့မှာ (.avi) ကို သွားပြီးတော့ On ပေးရပါလိမ့် မယ်။


ဒါပေမယ့် အကောင်းဆုံးအကြံပေးချင်တာကတော့ Movie တွေကြည့်မယ်ဆိုရင် VLC Player ကို သုံးစေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိမိကြည့်ချင်တဲ့ Movies တွေရဲ့ English Subtitle တွေကို (.srt) Formrt နဲ့ ရှာဖွေ Downlaod လုပ်ယူပြီး VLC Player မှာ English Subtitle ဖော်ကြည့်လို့ရပါတယ်။ ဆိုကြပါစို့...မိမိ Download လုပ်ထားတဲ့ Movie က Twilight[2008]DvDrip-aXXo ဆိုရင် သူရဲ့ English Subtitle ကို Google Search Engine မှာ twilight aXXo english subtitle လို့ ရိုက်ထဲ့ပြီး ရှာလို့ရပါတယ်။ အဲဒီထဲမှာ Subsence.com က အတော်လေးကောင်းမွန်တာကို တွေ့ ရပါတယ်။

www.isohunt.com ထဲမှာ Movies တွေအပြင် Software, Music, Game, E-Book, Picture ပေါင်း မြောက်များစွာကို လိုသလို ရှာဖွေ Download ရယူနိုင်ပါတယ်။ ဒါပေမယ့် download မလုပ်ခင်မှာတော့ အထက်တွင် ဖော်ပြခဲ့တဲ့အတိုင်း Comment တွေကို သေချာစွာ ဖတ်ရှုဖို့ လိုအပ်ပါလိမ့်မယ်။ တစ်ချို့ သော Upload လုပ်သူများ သည် File များအထဲတွင် Viru များကို ထည့်သွင်းထားတတ်ကြပါသည်။ Virus များသည် Free version သုံးထားတဲ့ Anti Virus များဖြင့် စစ်ဆေးမတွေ့ ရှိနိုင်ပါ။ တစ်ချို့ သော Virus များသည် Zip အထပ်ထပ်လုပ်၍ Password များခံကာထားသဖြင့် Full Version Anti Virus များပင် မစစ်နိုင်ပဲ ရှိနေတတ်ပါသည်။ သို့ပါ၍ Download မလုပ်မီ Comment များကို သေချာစွာ ဖတ်ရှုလေ့လာပြီးမှ Download လုပ်ယူကြပါရန် အထပ်ထပ်တိုက်တွန်းလိုက်ပါတယ်။

*** Movies များ ပျော်ရွှင်စွာ ခံစား ကြည့်ရှုနိုင်ကြပါစေ။***

ဝန်ခံချက်။ ။ ပို့စ်အဟောင်းလေးပါ။ မနေ့က သူငယ်ချင်းတစ်ယောက်က ရုပ်ရှင်Quality ကောင်းကောင်း Download လုပ်ချင်တယ်ဆိုလို့ သတိရသွားပြီး ပြန်တင်ဖြစ်တာပါ။

ဆန္ဒမွန်ဖြင့်
yu ya

Wednesday, October 14, 2009

“ခံစားမိသော ကဗျာလေးတစ်ပုဒ်”

“ခွင့်သာခိုက်မှ မလိုက်ချင်လျှင်”

ငါးအာရုံ အင်အစု
ခင်မှုနှင့် နေ့ကုန်

နင် ယခု မေ့ပုံလို
တွေ့မကြုံစခန်း။

ပါယ်လေးဝ သောကဘုံမှာ

မျောရရုံ ရှိတော့ကမန်း။

အောက်ဝီစိ သောင်းအငူမှာ

ခေါင်းမပြူ စတမ်း။


နှစ်အရှည် နှစ်မည်လမ်းကိုလ

နင် မျှော်စမ်း နင့်ကိုယ်။

ဒေသနာ ထင်အလင်းရယ်နှင့်
နင်အဖျင်း ပိုထက်သာပို။


သည်လောဘ စရိုက်အိုကို

မလိုက်လို ရှောင်ပစ်လို့

နောင်အသစ်တကယ်ပြင်လျှင်

ကောင်းဖို့ အစဉ်။


ခွင့်သာခိုက်ကမှ မလိုက်ချင်လျှင်

အမိုက် နင့်ပြင် ရှိသေးလေလိမ့်လား။

ခွင့်သာဆဲကမှ မခဲချင်လျှင်

အလွဲ နင့်ပြင် ရှိသေးလေလိမ့်လား။

ခွင့်သာတုန်းကမှ မရုန်းချင်လျှင်

အရှုံး နင့်ပြင် ရှိသေးလေလိမ့်လား။
(လယ်တီ ဆရာတော်)


ကျွန်တော်တို့ အထက်တန်းကျောင်းသားဘ၀က သင်ခဲ့ရတဲ့ ကဗျာလေးတစ်ပုဒ်ပါ။ မထင်မှတ်ပဲ ပြီးခဲ့တဲ့အပတ်က ဂျာနယ်တစ်စောင်မှာ ပြန်ဖတ်မိတာကြောင့် သတိရပြီး ရေးဖြစ်သွားတာပါ။

ဒီကဗျာလေးကို အင်မတန် ကြိုက်နှစ်သက်လို့ ဘာသာပြန်ဖို့ ကြိုးစားတာ ၅ ရက်လောက်ရှိသွားပါပြီ။ ဒီနေ့မှပဲ အပြီးသတ်နိုင်လို့ တင်လိုက်တာပါ။


15/10/2009
*အမှားပြင်ဆင်ချက်* ဟုတ်တယ် ကိုလူထွေးထောက်ပြသွားလို့ ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်ရဲ့ ပေါ့ဆမှုကြောင့် ဘာသာပြန်တာ Stupid နှစ်ခါထပ်သွားရပြီး စာပိုဒ်လေးရဲ့ အဓိပ္ပါယ်လေးပါ လွဲချော်သွားရသလို ဖြစ်သွားပါတယ်။

17/10/2009
ဝန်ခံချက်။ ။ ဘာသာပြန်လက်ရာလေးကို ဆရာတော်ရဲ့ ကဗျာနဲ့ ယှဉ်တွဲမဖော်ပြချင်လို့ Comment ထဲမှာ ထည့်သွင်းပေးလိုက်မိတာပါ။ အခုလို မိတ်ဆွေတွေရဲ့ အကြံပေးချက်အရ ပို့စ်ထဲမှာ တင်ပေးလိုက်ပါတယ်။


“Seize the Chance or otherwise”

Rather attached to
Five fleshy lusts
Days crept; in such your lack of cognition
Final liberation from ignorance is still too far

Well-nigh aimless
Amid nether worlds of zero bliss
So it is the Avici Hell
Where you are to forever live.

Foreknow well. Be wise
To keep away from the cosmic vortex
Set against Dhamma Light,
So bright is your imbecility.

However loathing
Disposing of this deep-seated rapacity
Try to get a complete change
To aim for eternal, sinless gain.

Obviously Brainless:-

Disinclined when well-timed
Mind how stupid you are;

Vacillating when well-timed
Mind how mistaken you are;

Demoralized when well-timed
Mind how beaten you are.

(Translated in gracious homage by yu ya)

ဦးလူထွေး ထောက်ပြထားတာလေးကို mistaken လို့ ပြင်ထားပါတယ်။

ဆန္ဒမွန်ဖြင့်
yu ya

Saturday, October 10, 2009

" Green Day - 21 Guns "



"21 Guns" - Green Day

Do you know what's worth fighting for?
When it's not worth dying for?
Does it take your breath away and you feel yourself suffocating?
Does the pain weigh out the pride?
And you look for a place to hide?
Did someone break your heart inside, you're in ruins

One, 21 Guns
Lay down your arms
Give up the fight
One, 21 Guns
Throw up your arms
in to the sky
You and I ...

When you're at the end of the road
And you lost all sense of control
And your thoughts have taken their toll
When your mind breaks the spirits of your soul
Your faith walks on broken glass and the hangover doesn't pass
Nothing ever built to last, you're in ruins

One, 21 Guns
Lay down your arms
Give up the fight
One, 21 Guns
Throw up your arms
in to the sky
You and I ...


Did you try to live on your own?
When you burned down the house and home?
Did you stand too close to the fire?
Like a liar looking for forgiveness from a stone

When it's time to live and let die
And you can't get another try
Something inside this heart has died, you're in ruins

One, 21 Guns
Lay down your arms
Give up the fight
One, 21 Guns
Throw up your arms
in to the sky
You and I ...



ညီမလေး နှင်းဟေမာ ရဲ့ Tag ပို့စ်လေးပါ။ အခု တစ်ပတ်ရဲ့ အကြိုက်ဆုံး သီချင်းနဲ့ နေ့တိုင်း လိုက်အော်ဆိုနေဖြစ်တဲ့ သီချင်းလေးပါ။ Transformers Revenge of the Fallen ရုပ်ရှင်ကြည့်ရင်းနဲ့ မမျှော်လင့်ပဲ ဒီသီချင်းလေး ကြားလိုက်ရတာပါ။ နောက်ပြီး ညီလေးတစ်ယောက်ရဲ့ Phone Call Tone လေးကလည်း ဒီသီချင်းလေးဖြစ်နေတယ်။ သူကို ဖုန်းခေါ်လိုက်တိုင်း သီချင်းသံလေးနားထောင်ရတာ နှစ်ခြိုက်နေမိတယ်။ ဒါနဲ့ပဲ ရှာပြီး Download ဆွဲလိုက်မိတယ်ဗျာ။

Green Day သီချင်းတွေကို ကျားပေါက် (ဟန်ထူးလွင်) က တော်တော်များများ ပြန်ဆိုထားတာရှိတယ်။ နောက်ပြီး စည်သူလွင်လည်း ဆိုထားတာရှိတယ်ဗျ။ ဒီသီချင်းတော့ ပြန်ဆိုထားတာ မကြားဖူးသေးဘူး။

ညီမလေး နှင်းဟေမာ ကျေနပ်နိုင်ပါစေ။ နားထောင်ဖြစ်နေကျ သီချင်းတွေကတော့ အများကြီးပဲ။ ကျွန်တော် Music Player လေးက သီချင်းတွေအားလုံးဟာ အမြဲနားထောင်နေကျ သီချင်းတွေပါပဲ။

ဆန္ဒမွန်ဖြင့်
yu ya


Wednesday, October 7, 2009

“ ကြောက်လွဲ - ရဲမင်းဖြစ် ”

















Faint hearts never won fair lady.

ကြောက်တတ်သူတို့သည် မိန်းမချောနှင့် လွဲတတ်၏။

ဆန္ဒမွန်ဖြင့်
yu ya

Sunday, October 4, 2009

“ Chinese Garden ”

Jurong West Stadium မှာ ကိုမင်းအိမ်ဖြူနဲ့အတူ ရေသွားကူးရင်း ဒီနေ့ Chinese Garden မှာ လပွဲတော် အထိမ်းအမှတ်အနေဖြင့် မီးပုံးများ၊ မီးတိုင်များ လှပစွာ ထွန်းညှိထားတယ်လို့ ကိုမင်းအိမ်ဖြူက သတင်း ပေးလာပါတယ်။ ကျွန်တော်သူငယ်ချင်းက ကျွန်တော် လက်ဆော့တတ်တာကို လွန်စွာမှ နောကျေနေပါသဖြင့် သတင်းပေးလာခြင်း ဖြစ်ပါတယ် :P...။ ရေကူးပြီးအပြန် ည ၉ နာရီလောက်မှာ Stadium မှ နှစ်ယောက်သား စကားတပြောပြောနဲ့ ထွက်ခွာလာခဲ့ပါသည်။ ဒါနဲ့ ကျွန်တော်လည်း မဟေသီကို ဖုန်းဆက်ပြီး ဓာတ်ပုံ သွားရိုက်ရင်ကောင်းမယ်လို့ စကားလမ်းကြောင်းတယ်ဆိုရင်ပဲ သူက ကျွန်တော် Camera အိတ်နဲ့ Tripod အိတ်ကို ယူပြီး ထွက်လာခဲ့ပါတော့တယ်။ ကျွန်တော်လည်း မဟေသီကို Chinese Garden MRT ကနေစောင့်ပြီး မုန့်တွေဝယ်ထားပါတော့တယ်။ မဟေသီလာရင် မုန့်နဲ့ ဖားရအောင်လေ။ သူက အိတ်အလေးကြီးတွေ သယ်လာရတာကိုး။ ၉း၅၀ လောက်မှာ ရောက်လာပြီး အောက်ပါအတိုင်း လက်ဆော့ခြင်းကို ည ၁၂ နာရီ ထိုးခါနီးအထိ စဉ်ဆက်မပြတ် ကြိုးစားခဲ့ပါတော့သည်။ ကိုမင်းအိမ်ကတော့ ကျွန်တော်လက်ဆော့ခြင်းကို မစောင့်နိုင်တော့လို့ ၁၁း၀၀ လောက်မှာ ပြန်သွားပါတော့သည်။











အကြိုက်ဆုံးပုံလေးက CG-10 ပုံလေးပါ။ ဒီပုံလေးကို အောက်ပါအတိုင်း Setting ချိန်ပြီး လက်ဆော့ထားပါတယ်။
Camera : Nikon D90
Lens : AF-S DX NIKKOR 18-105mm f/3.5-5.6G ED VR
Exposure : 30 sec (30)
Aperture : f/13
ISO Speed: 320
Exposure Program: Manual
Flash : Flash did not fire

မှတ်ချက်။ ။ အပြန် ၁၂း၀၀ ထိုးခါနီးမှာ Chinese Garden MRT ဘက်က အပေါက်က ပိတ်သွားပြီမို့ Lake Side ဖက်က နေပြီး ပြန်ထွက်လာခဲ့ရပါတယ်။

ဆန္ဒမွန်ဖြင့်
yu ya