Pages

Tuesday, December 15, 2009

“အကြို ကျီစယ်ခြင်း”

လူဝတ်ကြောင်တို့ စောင့်ထိန်းရမယ့် ကံငါးမျိုး (လုပ်ရပ် ငါးမျိုး) ရှိပါတယ်။ အဲဒီထဲမှာ “ကာမေသု မိစ္ဆာစာရ” ဆိုတဲ့ ကံသည်လည်း တစ်ခု ပါဝင်ပါတယ်။ အဆင့်မြင့် လူ့အဖွဲ့အစည်း တစ်ခု အဖြစ် ရပ်တည်ဖို့ ဆိုလျှင် ဒီကံဟာ အရေးပါလှပါတယ်။ သူ့နှမ၊ ကိုယ့်နှမ၊ သူ့အစ်မ၊ ကိုယ့်အစ်မ စသည်ကို အပြန်အလှန် စောင့်ရှောက်ဖို့ လိုအပ်ပါတယ်။ ဒီလို စောင့်ရှောက်လိုစိတ်၊ မိမိ ဂုဏ်သိက္ခာ၊ မိမိ မျိုးရိုး ဂုဏ်သိက္ခာ အစရှိတာတွေကို ထိန်းလိုသောစိတ်သည် “ဟီရိ သြတ္တပ္ပ” ဆိုတဲ့ တရား နှစ်မျိုးမှ လာတာပါ။ ထိုတရားနှစ်မျိုးရှိသော် လောကသည် သာယာ၏။ မရှိသော် လောက ပျက်၏။ ထို့ကြောင့်ပင် ထိုတရား နှစ်မျိုးကို လောကို စောင့်သော တရား (လောကပါလ တရား) ဟု ခေါ်ပါသည်။


သူ့နှစ်မ၊ ကိုယ့်နှမ စသည် မစာနာဘဲ မတော်မတရား ပြုကျင့်ခြင်းသည် ထိုတရားနှစ်ပါး ဆိတ်သုဉ်းခြင်းပင်ဖြစ်သည်။ မကောင်းမှု ကျူးလွန်ရမှာကို မရှက်ခြင်း၊ မကြောက်ခြင်း ပင်ဖြစ်သည်။ ထိုသို့သော လုပ်ရပ်မျိုးကို Eve-teasing ဟု သူတို့က ခေါ်သည်။ “အကြို ကျီစယ်ခြင်း” ဟု တိုက်ရိုက် အဓိပ္ပါယ် ထွက်သည်။ စင်စစ် နိုင်ထက်ကလူ ပြုကျင့်ခြင်းပင်ဖြစ်သည်။

ဝန်ခံချက်။ လေ့လာခဲ့တဲ့ စကားလုံးလေးကို မျှဝေပေးတာပါ။ မည်သူတစ်ဦး တစ်ယောက်ကိုမှ ထိခိုက်နစ်နာ စေလိုခြင်း အလျဉ်းမရှိပါ။

ဆန္ဒမွန်ဖြင့်
yu ya

14 comments:

kiki said...

ဩော် .. ကျီစယ်တာတောင် အကြို တဲ့လားးး
တကယ့် အစစ်သာဆို မတွေးဝံ့ တော့ ပါ ဘူး ကွယ် ..
ကြောက်စရာကြီး ...( စကားလုံး ကိုပြောပါတယ် )..

လူအချင်းချင်း အကြိုကျီစယ်ခြင်း..
ကင်းဝေးကြ ပါ စေ .......

Shinlay said...

ဗဟုသုတပေးတာ ကျေးဇူးတင်ပါတယ်။
သိသင့်တာလေးပါ။

ခြေလှမ်းသစ် said...

တကယ်ကျီစယ်ဖို့အတွက် ကြိုတင်ပြင်ဆင်ခြင်းဆိုတာ ကို လေ့လာမှတ်သားသွားပါတယ်ဗျာ ...

ပုံ့မေ said...

အော် စကားလုံးနှယ်... ကျီစယ်တာတောင် အကြိုဆိုတာ ရှိသေးတယ်... ဖုတ်ဖတ်ခါ နာကျင်သွားရတဲ့ သူအတွက်တော့ ကျီစယ်တာက အကြိုပါ ဆိုပြီး မေ့ပျောက် ခွင့်လွှတ်နိုင်ပါ့မလား...

တွေးသွားပါတယ်

မိုးစက်အိမ် said...

စကားလုံးတစ်လုံး အနက်က တော်တော်ကျယ်ပြန့် 
သွားတယ် ဗျာ . . . ဘာဖြစ်ဖြစ်ဗဟုသုတရတာပေါ့
ကျေးဇူးပါဗျာ

yangonthar said...

မကောင်းမှုကို လုပ်ရမှာ ရှက်တာ မကောင်းမှုကို လုပ်ရာမှာ ကြောက်တာဆိုတဲ့ လောကပါလ တရားတွေ နည်းပါးလာတာ ဝမ်းနည်းစရာကောင်းပါတယ် မှတ်သားစရာ ပိုစ့် လေးမို့  အင်မတန် သဘောကျမိပါတယ် ကိုယုယ ရေ
ခင်တဲ့
ရန်ကုန်သား :)

သုခုမလေဒီ said...

မောင်ယုယ ဘယ်လိုဖြစ်တုန်းကွယ်။ ထူးထူးခြားခြားပိုစ့် ပါလား။ အကြိုတွေ အကျတွေလုပ်မနေနဲ့။

ဟုတ်ပါတယ်မောင်ယုယရေ။ ရှောင်ကြဉ်ဖို့၊ စောင့်ထိန်းဖို့ ဆိုတာတွေက လူ့ကျင့်ဝတ်တွေထဲမှာပါပြီးသားပါ။ လိုက်နာဖို့သာ အဓိကဖြစ်ပါတယ်။

မြစ်ကျိုးအင်း said...

စကားလုံး အဓိပ္ပါယ်ပြန်ပုံလေးက တွေးစရာပါပဲ။
ဒီသဘောတရာကို လူတိုင်းသိပေမယ့် အင်္ဂလိပ် လို့ အသုံးအနှုန်းကို ခုမှပဲ သိရတယ်။
မျှဝေပေးတာ ကျေးဇူးပါဗျား)

မငုံ said...

အကြို ကျီစယ်ခြင်း ဆိုလို့ . ဗဟုသုတ မှတ်သွားပါတယ်။

မမသီရိ said...

လူတိုင်းလူတိုင်း (ယောင်္ကျား မိန်းမ မဟူ) ဒီစိတ်ထားလေး ကို သိပြီး လိုက်နာမယ် ဆို
"16 Days Activism" လို SGBV ဆိုင်ရာ လှုပ်ရှားမှု တွေ ဘယ်လုပ်စရာ လိုတော့ မလဲ နော် ယုယ ရေ.. ခုတော့ ..

မင်းအိမ်ဖြူ Minn Eain Phyu said...

လာဖတ်ပါတယ် ကောင်းတယ် အဲဒီလိုလေး မျှဝေပေးတာ

မင်းအိမ်ဖြူ

uo said...
This comment has been removed by the author.
ညီမလေး said...

အရမ်းကို ကောင်းတဲ့ ဗဟုသုတလေးပါ။ လူသားတိုင်း လိုက်နာရင် ပျော်စရာကောင်းပြီး အရမ်းကို လှပတဲ့ လောကကြီး ဖြစ်လာမှာပါ။ အခုတော့.....တချို့ယောကျာ်းတွေကစည်းဖောက်၊ တချို့ မိန်းကလေးက အတွေ့အကြုံရှိပြီးတဲ့သူကိုမှတဲ့
အဲဒီတော့ အိမ်ကမိန်းမ စိတ်ဆင်းရဲပေါ့ အစ်ကိုရာ

ကိုလူထွေး said...

ပျောက်လှချည်လား ကိုယုယရဲ့...

းဝ)